Tuesday, January 15, 2008

Announcement with 101st Post

ဘာညာက 101 ကြိမ်မြောက် ပိုစ့်တင်ပါ ဆိုလို ဒီပိုစ့်လေးနဲ့ အတူ ကြေငြာချက်လေးတစ်ခု ထုတ်ချင်ပါတယ်။ ကျွန်မ သတိထားမိသလောက် ကျွန်မဘလောဂ့်မှာ comment ပေးသူ တော်တော် များများဟာ ပိုစ့်မှား ပေးနေကြတာကို တွေ့ရပါတယ်။ ကျွန်မကလည်း သူများထက် ထူးချင်တဲ့သူဆိုတော့ မထူး ထူးအောင် comment တွေကို သက်ဆိုင်ရာ ပိုစ့်ရဲ့ အပေါ်မှာ အညွှန်းတပ်ထားတယ်လေ။ ဒီတော့ ဘလောဂ့်ဖတ် ပရိတ်သတ် အပေါင်းက အပေါ်က ကွန်းမန့်လေးတွေကို သတိမထားမိကြပါ ဘလောဂ့်တော်တော် များများမှာ ပါနေကျ ထုံးစံအတိုင်း အောက်ခြေနားမှာရှိတဲ့ comment ကိုပဲ နှိပ်နှပ်ပြီးရေးကြတော့ အပေါ်ပိုစ့်ကို ကွန့်မန့်ပေးရာ မရောက်ပဲ နောက်တစ်ပိုစ့်မှာ မဆီမဆိုင် သွားရေး သလို ဖြစ်နေပါတယ်ရှင်။ ဒီတော့ ကျွန်မရဲ့ ဘလောဂ့်မှာ comment များသည် သက်ဆိုင်ရာပိုစ့်တွေရဲ့ Post Title ဘေးမှာ (ပိုစ့်တွေရဲ့ အပေါ်မှာ) ရှိနေကြောင်းကို ပြောလိုက်ရပါတယ်ရှင်။

သြော် ပြီးတော့ ဒီပိုစ့်လေးကို ကျွန်မ Date ရွှေ့ပြီးရေးထား ပါတယ်။ လူတော်တော်များများ သတိထားမိအောင် တစ်လလောက် အပေါ်မှာ ရှိနေစေချင်လို့ပါ။

3 comments:

Yan said...

ဘာရမလဲကွ
တွေ့အောင်ရှာပြီးတော့ ကော်မန့်ဦးဦးဖျားဖျား ၀င်ဆွဲလိုက်ဦးမယ်...

သူများတွေက ကော်မန့်ကို အောက်မှာထားတယ်. မပင့်ကူလေးက အပေါ်မှာထားသကိုး

Anyway, 101 ကြိမ်မြောက် ပို့စ်လေးနဲ့ 101 ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း ဇာတ်ကားလေးနဲ့ ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာကို 102 ကြိမ်မြောက် ပို့စ်လေးရေးပြိး တင်ပေးပါဦးလို့ ဘာညာပြီးတော့ ကျွန်တော် မောင်ရန်အောင်က အချွန်နဲ့မလိုက်ပါတယ် ခင်ဗျားးးး

ဟတ်ဟတ်

Unknown said...

ကျေးဇူးနော်...နေမကောင်းဖြစ်နေတာပါ...ပီးတော့ဓမ္မစေတီဆရာတော်ရဲ့ တရားပွဲမှာ..ကူတာနဲ့ဆရာတော်ဆီသီချင်တာလေးတွေမေးရတာနဲ့ပမအားလွန်းဖြစ်နေလို့ပါနော။ဲ

စိုးထက် - Soe Htet ! said...

ဟက်ပီး ဘတ်သ် ဒေး ပင့်ဂိုးလ် ... :D