နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်ခဲ့ပါပြီ။ ၂၀၀၇ ဟာ မနေ့တစ်နေ့ကပဲ ကုန်ဆုံးသွားခဲ့ပါပြီ။ နှစ်ဟောင်းကုန်တယ် နှစ်သစ်ကူးတယ်ဆိုတဲ့ ခံစားချက်ကလေးတော့ ရှိပါရဲ့။ ဒါပေမယ့်ရင် ထဲမှာတော့ ခါတိုင်းနှစ်တွေလို မဟုတ်ပဲ ခံစားချက်ကတော့ ဗလာကျင်းနေလေရဲ့။ ဘာပဲပြောပြောပါ။ နှစ်သစ်ကို ရောက်လာတိုင်း ကျန်မတို့တွေ ကြိုခဲ့ကြတယ်။ ဟော ခုလည်း ၂၀၀၈ ကို ကြိုရပြန်ပါပြီ။ ခါတိုင်းနှစ်တွေမှာတော့ အိမ်မှာ တစ်ယောက်ထဲပဲ တိတ်တိတ်ကလေး ကြိုခဲ့ပေမယ့် ဒီနှစ်မှာတော့ ဘလောဂ့်ဂါတွေရယ် Service+ က ၀န်ထမ်းတွေရဲ့ ပေါင်းပြီး ကြိုဆိုပွဲလေး တစ်ခုကို ပျော်ပျော်ရွှင်ရွှင်လေးကို လုပ်ဖြစ်ခဲ့ပါတယ်။ ၃၁ ရက် ဒီဇင်ဘာရဲ့ ချမ်းအေးတဲ့ ညကလေးမှာ ကျန်တို့တွေ နှစ်သစ်ကို ဘယ်လိုကြိုပြီး ဘယ်လို ပျော်ခဲ့ကြတယ်ဆိုတာ ဝေငှပေးမယ်နော်။ သူများတွေ ပျော်တာကို မနာလို မဖြစ်ကြေးကွ အဟ!
ကဲ ချက်ဖို့ပြင်ဆင်ထားတဲ့ စားစရာလေးတွေကို အရင် ရှုလိုက်ကြပါအုံး။ Hot Pot ရယ်၊ အကင်တွေရယ် cocktail တွေရယ်


ဒီလိုလေး ကင်တယ်


cocktail ကိုဒီလိုဖျော် *ဘာညာ* ရဲ့လက်ရာပါ

Hot Pot ကိုဒီလိုချက်


စားဖိုးမှူးကတော့ ကိုဂေါက်ပေါ့

ကဲ ဟိုဟာစားမယ် ဒီဟာစားမယ် ရွေးကြပြီပေါ့

နောက်တော့ သီချင်းဆိုပြီး ကကြတယ်

သူ့ကိုသူများ ဇော်ဝင်းထွဋ် ကျနေတာပဲ.. အဲဒါ စိုးဇေယျ လေ

မီပုံဘေးမှာ ၀ိုင်းကာ ပတ်ကာ အပေါင်းဖော်များနဲ့ ပျော်ရွှင်ဖွယ်

ဘလောဂ့်ဂါ မောင်နှမတွေ

တစ်ညလုံး မအိပ်ခဲ့ကြဘူး။ ညလုံးပေါက်စကားတွေ ထိုင်ပြောပြီး နှစ်သစ်ကို ပက်ပက် စက်စက် ကြိုခဲ့ကြတယ်လေ။ မနက် အိမ်ပြန်ရောက်တော့ ၇ နာရီ ထိုးနေပြီ။ နားချိန်တောင် မရှိပါဘူး ရေမိုးချိုးပြီး ရုံးလာတက်ရတာပေါ့။ မနေ့ညက အကဲကောင်းတာ မယ်ပင့်ဂိုလ်း ခုတော့ ဖျားနေပြီရှင့်။
2 comments:
ဒီပွဲလွတ်သွားတာ နာတယ်ကွာ....
အခုလို ပုံတွေ တင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် မိပင့်ဂိုးရေ...
ငါလည်း နင်တို့ကို သတိရနေတာဟ....
ကိုဂေါက်၊ ကိုစိုးဇေယျနဲ့ ကိုမျက်လုံးတို့ကတော့...
သောက်လိုက်ကြမယ့် ဖြစ်ချင်း။
မိဘာညာကတော့ စားစရာတွေကို...တသွပ်သွပ် စားနေမှာ...မြင်ယောင်မိတယ်ဟ....
ဟေ့ စိုးဇေယျကြီးက ဂီတာကို ဗုံလုပ်ပြီးတီးနေတာလား ...
ကိုမျက်လုံးနဲ့ ကိုဂေါက်တို့ကလဲ ... ဓါတ်ပုံရိုက်တာတောင် ခဏလေးဟန်မဆောင်နိုင်ဘူး ... ကွဲနေကြတာသိသာတယ် ... ဒီလူတွေလုပ်ပုံနဲ့
ငါပြန်လာရင် မြန်မာဘီယာတွေ ကျန်ပါတော့မလားမသိဘူး
ချိတ်ညစ်တယ် ...
Post a Comment