Thursday, February 19, 2009
Yearn
အလှမ်းဝေးလွန်းတယ်
အလွမ်းချစ်
ပန်းအဖြစ် ပွင့်ခဲ့ရင်တောင်
မနမ်း ဝံ့ ပါဘူး။
မြစ်တစင်းထဲ
ချစ်ခြင်းတွေ အပြည့်တင်
ဘယ်သောင်ပြင် ကပ်ရမယ် မသိ
ဖြတ်မရသည့် သံယောဇဉ်ကြိုး
တိုးလို့ နှောင်မိ။
ဒီ ဘဝမှာတော့
ညီမျှမှ တော်ရာကျမှာမို့
တေးသီခါ ဖေါ်ကာပြချင်ပေမယ့်
အဝေးဆီသာ မျှော်ကာတရတယ်
အချစ်ရယ် ... တော်ရာကပဲ လွမ်းနေမယ်။
ကျွန်မ သူငယ်ချင်းရေးတဲ့ ကဗျာလေးပါ။ ကြိုက်လို့ ဒီမှာ ပြန်ဖော်ပြလိုက်ပါတယ်ရှင်။ မူရင်းကိုတော့ ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။
Thursday, November 13, 2008
ခဏလေးပဲ...
လူ့ဘ၀သက်တမ်းနဲ့ နှိုင်းရင်တော့ ခဏလေးပေါ့..
တစ်ကယ်ကို ခဏလေးပါပဲ...။
အဲဒီ ခဏလေး ပဲလေ..
လူတစ်ယောက်ကို အညွှန့်ချိုးတာ
မဟုတ်တရုတ်ကို ပုဒ်မလုပ်
အရှုပ်ထုတ်ဆိုပြီး ထောင်ချတယ်..။
ခဏလေးအတွင်းမှာ.. ဘ၀ကဆိုးသွားတယ်
ခဏလေးအတွင်းမှာ.. အမုန်းတရားတွေ တိုးပွားတယ်
ခဏလေးအတွင်းမှာ အမှန်တရားက ပျောက်ကွယ်သွားတယ်
အဲဒီ ခဏလေးဟာ..
မတရားမှုတွေ ပေကျံနေတဲ့
သမိုင်းဝင် အခိုက်အတန့်ပါပဲ။
ခဏလေးပဲ...
လူ့ဘ၀သက်တမ်းနဲ့ နှိုင်းရင်တော့ ခဏလေးပေါ့..
တစ်ကယ်ကို ခဏလေးပါပဲ...။
အဲဒီ ခဏလေး ပဲလေ..
လူတစ်ယောက်ကို အညွှန့်ချိုးတာ
မဟုတ်တရုတ်ကို ပုဒ်မလုပ်
အရှုပ်ထုတ်ဆိုပြီး ထောင်ချတယ်..။
ခဏလေးအတွင်းမှာ.. ဘ၀ကဆိုးသွားတယ်
ခဏလေးအတွင်းမှာ.. အမုန်းတရားတွေ တိုးပွားတယ်
ခဏလေးအတွင်းမှာ အမှန်တရားက ပျောက်ကွယ်သွားတယ်
အဲဒီ ခဏလေးဟာ..
မတရားမှုတွေ ပေကျံနေတဲ့
သမိုင်းဝင် အခိုက်အတန့်ပါပဲ။
Friday, April 25, 2008
Untitle....!
အပင်ပျိုး၍
မျှော်စောင့်ရသည့် ကာလကြာဘိ
မြတ်နိုး၏ ။
သူက
အပွင့်အပင်
အသင့်စိုက်ပျိုး ပန်းတစ်အိုးကို
တန်ဘိုးပေးညှိ ၀ယ်လိုက်၏ ။ ။
Untitle....!
အပင်ပျိုး၍
မျှော်စောင့်ရသည့် ကာလကြာဘိ
မြတ်နိုး၏ ။
သူက
အပွင့်အပင်
အသင့်စိုက်ပျိုး ပန်းတစ်အိုးကို
တန်ဘိုးပေးညှိ ၀ယ်လိုက်၏ ။ ။
Friday, March 28, 2008
Summer Art
Summer Art
Tuesday, March 4, 2008
Medicine
ဒဏ်ရာဆိုတာ
အမာရွတ်ရဲ့ နိဒါန်းလား
ကိုယ့်ရင်ကိုယ် ခွဲလို့
ကိုယ့်သွေးကိုယ် သောက်ခဲ့တယ်....
သံစုံမြစ်ထဲ ခုန်ဆင်း
ယစ်မူးခဲ့ကြတော့
ပြသဒ်ပါ လောင်တဲ့မီး
အမှိုက်တောင် မချန်ဘူး....
အမှန်ပေးခဲ့တဲ့ ပစ္စုပန်ကို
အတိတ်ဖြစ်တော့ ကြက်ခြေခတ်တယ်
မပင်ပန်းရလေအောင်
ထိန်းသိမ်းပြီး စိတ်ကူးယဉ်တာ ကြာပြီ....
မထူးဇတ်ခင်းဖို့
တပ်မက်မှုကို ရှေ့တန်းတင်တော့
ရင်ကော့ပြီး မလွမ်းရဲတဲ့ ငါ
နတ်ဆိုးရဲ့ ကွယ်ရာမှာ
ရူးချင်တိုင်း ရူးလို့...
တစ်ကယ်တမ်းကျတော့
အဆိပ်ဆိုတာလည်း
အနာနဲ့တည့်ရင် ဆေး ပါပဲ...
Medicine
ဒဏ်ရာဆိုတာ
အမာရွတ်ရဲ့ နိဒါန်းလား
ကိုယ့်ရင်ကိုယ် ခွဲလို့
ကိုယ့်သွေးကိုယ် သောက်ခဲ့တယ်....
သံစုံမြစ်ထဲ ခုန်ဆင်း
ယစ်မူးခဲ့ကြတော့
ပြသဒ်ပါ လောင်တဲ့မီး
အမှိုက်တောင် မချန်ဘူး....
အမှန်ပေးခဲ့တဲ့ ပစ္စုပန်ကို
အတိတ်ဖြစ်တော့ ကြက်ခြေခတ်တယ်
မပင်ပန်းရလေအောင်
ထိန်းသိမ်းပြီး စိတ်ကူးယဉ်တာ ကြာပြီ....
မထူးဇတ်ခင်းဖို့
တပ်မက်မှုကို ရှေ့တန်းတင်တော့
ရင်ကော့ပြီး မလွမ်းရဲတဲ့ ငါ
နတ်ဆိုးရဲ့ ကွယ်ရာမှာ
ရူးချင်တိုင်း ရူးလို့...
တစ်ကယ်တမ်းကျတော့
အဆိပ်ဆိုတာလည်း
အနာနဲ့တည့်ရင် ဆေး ပါပဲ...
Thursday, January 31, 2008
အရုပ်မဟုတ်ဘူး
နတ်ဆိုးတွေ မွှေနေပြီ၊
တိမ်ဆိုင်တွေကင်းပျောက်
အလင်းရောက်မယ့်နေကို စောင့်နေတာလား။
ဖြူလွလွ ရောင်စဉ်လေးနောက်
လမ်းလျှောက် လိုက်ခဲ့သူတွေ
နောက်ကိုလှည့်ကြည့်တော့
အနီရောင်အုတ်စီးရိုး တစ်ခုဘဲရှိတယ်။
ကျဥ်းကြပ်ကြပ်စိတ်တွေ ထွက်ပေါက်
တို့တွေ လမ်းလျောက်လို့တောင် မရဘူးလားကွယ်။
ထိန်းချုပ်မှုတွေများပြား
ကန့်သတ် မှုတွေကြားက
လူးလွန့် ကြီးပြင်း
ငါတို့ ခရီးနှင်ခဲ့တာလဲ ကြာပြီ။
ဒီတစ်ခါ ဆက်လျှောက်
အသက်တွေလဲ ရောက်နေ
လက်တွေလဲ မြောက်နေရဦးမလား
လုပ်ချင်တိုင်းလုပ်
ဒို့ အရုပ်မဟုတ်တာ ပြကြဦးစို့ကွာ။
ရဲသွေးနီနီ
အရုပ်မဟုတ်ဘူး
နတ်ဆိုးတွေ မွှေနေပြီ၊
တိမ်ဆိုင်တွေကင်းပျောက်
အလင်းရောက်မယ့်နေကို စောင့်နေတာလား။
ဖြူလွလွ ရောင်စဉ်လေးနောက်
လမ်းလျှောက် လိုက်ခဲ့သူတွေ
နောက်ကိုလှည့်ကြည့်တော့
အနီရောင်အုတ်စီးရိုး တစ်ခုဘဲရှိတယ်။
ကျဥ်းကြပ်ကြပ်စိတ်တွေ ထွက်ပေါက်
တို့တွေ လမ်းလျောက်လို့တောင် မရဘူးလားကွယ်။
ထိန်းချုပ်မှုတွေများပြား
ကန့်သတ် မှုတွေကြားက
လူးလွန့် ကြီးပြင်း
ငါတို့ ခရီးနှင်ခဲ့တာလဲ ကြာပြီ။
ဒီတစ်ခါ ဆက်လျှောက်
အသက်တွေလဲ ရောက်နေ
လက်တွေလဲ မြောက်နေရဦးမလား
လုပ်ချင်တိုင်းလုပ်
ဒို့ အရုပ်မဟုတ်တာ ပြကြဦးစို့ကွာ။
ရဲသွေးနီနီ
