Thursday, October 30, 2008

Some Tips We Should Know About Lipstick!

Image Hosted by ImageShack.us

မိန်းကလေးမှန်ရင်တော့ လှဖို့ ပဖို့ကို နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတာ ချည်းပါပဲ။ ခေါင်းအစ ခြေအဆုံး တစ်သသနဲ့ တမမ ဖြစ်နေကြတာဟာလည်း မိန်းကလေးတို့ရဲ့ သဘာဝပဲ မဟုတ်လား။ အချိန်မရှိဘူး၊ မလှချင်ပါဘူးဆိုရင်တောင် အနည်းဆုံးတော့ ခေါင်းလေးဖြီးလိုက်၊ သနပ်ခါးလေး လူးလိုက်တော့ လုပ်တတ်ကြပါသေးတယ်။ လှချင်တဲ့အကြောင်းကို ပြောနေတာနဲ့ပဲ ပြောစရာကို မပြောရပဲ ဖြစ်တော့မယ်။ မိန်းကလေး တော်တော်များများဟာ နုတ်ခမ်းအလှကိုလည်း ဖော်ပြတတ်ကြသေးတာမို့ နုတ်ခမ်းနီဆိုတာလည်း မိန်းမတို့အတွက် မရှိ မဖြစ်လိုအပ်ပါတယ်။ တစ်ချို့က နုတ်ခမ်းနီ မဆိုးပဲ မနေတတ်ကြဘူး။ လှတစ်မျက်နှာဆိုတာဟာလည်း နုတ်ခမ်းနီပါမှ ပြီးပြည့်စုံတာလေ။ ကျွန်မဆိုတဲ့ မိန်းမကတော့ နုတ်ခမ်းနီဆိုးဖို့ကို ဘယ်လိုမှ ဖီလ်းမလာတဲ့ မိန်းကလေးရှင့်။ ပွဲလမ်း သဘင်သွားမှပဲ ခပ်ဖျော့ဖျော့လေး ဆိုးလေးရှိပါတယ်။ ဒါပေမယ့် မိန်းကလေး တိုင်းကတော့ နေ့တိုင်းပဲ ဖြစ်ဖြစ် တစ်ခါတစ်လေပဲ ဖြစ်ဖြစ် နုတ်ခမ်းနီတော့ ဆိုးကြတာ ချည်းပါပဲ။ ကျွန်မတို့ဆိုးနေတဲ့ နုတ်ခမ်းနီတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ရစရာလေးတွေကိုလည်း ပြောပြပေးချင်ပါတယ်။

Image Hosted by ImageShack.us

နုတ်ခမ်းနီလို့ ပြောလိုက်တာနဲ့ စစချင်းသတိရမိစေတာကတော့ အီဂျစ်လူမျိုးတွေကိုပဲ ဖြစ်ပါတယ်။ အီဂျစ်လူမျိုးတွေဟာ မိပ်ကပ် cosmetic တွေကို စတင်တီထွင်ခဲ့တဲ့ သူတွေမဟုတ်လား။ နုတ်ခမ်းနီဆိုးဖို့ကိုလည်း သူတို့တွေကပဲ စတင်ခဲ့တာပါ။ အီဂျစ်လူမျိုးတွေနောက်မှာတော့ ဂရိလူမျိုးတွေနဲ့ ဘေဘီလုံတွေက မိတ်ကပ်လိမ်းခြယ်ခြင်းရဲ့ ကနဦးလူသားတွေအဖြစ် ရပ်တည်လို့နေကြပါတယ်။ နောက်ပိုင်းတွေမှာမှ အနောက်နိုင်ငံတွေကို ပျံ့နှံ့ရောက်ရှိလာခဲ့တာပါ။ အဲလိဇဘက် ဘရင်မဟာ သူမရဲ့နုတ်ခမ်းတွေလှပဖို့အတွက် မာကျူရီဆာလဖိုဒ်ကို လိမ်းခြယ်ခဲ့တယ်လို့ သိရပါတယ်။ သူမသာမက သူမရဲ့အထိန်းတော် အပျိုတော်တွေကိုလည်း ဒါကိုလိမ်းခြယ်ဖို့ တိုက်တွန်းအားပေးလေ့ ရှိပါသတဲ့။
နုတ်ခမ်းနီတွေအကြောင်းကို ပြောရမယ်ဆိုရင်တော့ ဖြူ၊ မဲ ရုပ်ရှင်တွေခေတ်က မင်းသမီးတွေကို သတိရမိပါသေးတယ်။ သူတို့တွေရဲ့ နုတ်ခမ်းဟာ များသောအားဖြင့် မဲနေတတ်ကြတယ် မဟုတ်လား။ တစ်ကယ်တော့ဒါဟာ နုတ်ခမ်းတွေ မဲနေတာတော့ မဟုတ်ဘူးရှင့်။ အနီပုပ်ရောင် နုတ်ခမ်းနီတွေကို ဆိုးထားခြင်းသာ ဖြစ်ပါတယ်။ ပြီးတော့ နုတ်ခမ်းနီ ဆိုးလိုက်ရင် မိန်းကလေးတွေဟာ အနည်းနဲ့ အများတော့ sexy အသွင်လေး ဆောင်သွားတတ်ကြတယ်ရှင့်။ အခု ကျွန်မတို့ အသုံးပြုနေကြတဲ့ push-up နုတ်ခမ်းနီကိုတော့ 1915 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ နုတ်ခမ်းနီမှာ မဓိကပါဝင်တာတွေကတော့ ရောင်ခြယ်ပစ္စည်းတွေနဲ့ အဆီတွေပဲဖြစ်ပါတယ်။ နုတ်ခမ်းနီတွေနဲ့ ပတ်သက်ပြီး တိုးတက်လာမှု အခြေအနေတွေကတော့….

1952: စစ်ကြီးပြီးတဲ့ အချိန်ပေါ့။ Revlon ကုမ္ပဏီက ကမ္ဘာ့အကြီးကျယ်ဆုံးသော နုတ်ခမ်းနီကြော်ငြာတွေကို လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူကြော်ငြာခဲ့တာက “Fire & Ice” ဆိုတဲ့ အမျိုးအစားပေါ့။ နောက်ပိုင်းမှာတော့ မဂ္ဂဇင်းစာမျက်နှာ တော်တော်များများမှာ နုတ်ခမ်းနီကြော်ငြာတွေကို တွေ့လာရတော့တာပါပဲ။

1957: Gala ကနေထုတ်လိုက်တဲ့ နုတ်ခမ်းနီဟာ ကမ္ဘာပေါ်မှာ ပထမဆုံးသော tube ပုံစံနုတ်ခမ်းနီ ဖြစ်လာပါတယ်။ အမျိုးသမီးတွေက နုတ်ခမ်းနီဆိုးဖို့ Brush ကိုသုံးနေမကျသေးတဲ့ အချိန်ဖြစ်လို့ အဲဒီတုန်းက နုတ်ခမ်းနီဆိုးဖို့ကို မိနစ် 20လောက် အချိန်ယူခဲ့ရတယ်လို့လည်း မှတ်သားရပါတယ်။

1958: Max Factor ကပြောတယ်.. နုတ်ခမ်းနီ မဆိုးထားတဲ့ မိန်းမတစ်ယောက်ဟာ လူရှေ့သူရှေ့မှာ အ၀တ်ဝတ်မထားတာနဲ့ တူတူပါပဲ… တဲ့။ ခုတော့ မိန်းကလေးတော်တော်များများလည်း နုတ်ခမ်းနီတွေ ဆိုးကုန်ကြလေပြီ။

1959: မာရီလင် မွန်ရိုးပါတဲ့ ရုပ်ရှင်တွေမှာ မိန်းမတွေဟာ အရောင်အသွေးတောက်ပတဲ့ နုတ်ခမ်းနီတွေဆိုးပြီး ပုရိသတွေကို သွေးဆူအောင် ဖမ်းစားနေလေရဲ့။

1973: Bonne Bell က အရောင် အနဲ့ ထူးခြားတဲ့ lip gloss တွေကို စတင်ရောင်းချပါတယ်။ ခုလက်ရှိ Bonne Bell ကထုတ်တဲ့ ပစ္စည်းတွေကိုကြည့်ရင်တော့ အဲဒီတုန်းက သူတို့ထုတ်တာ ဘယ်လောက်များ ထူးခြားလို့လဲလို့ မေးလာနိုင်စရာရှိပါတယ်။ အဲဒီတုန်းကတော့ lip gloss တွေက တော်တော်လေးကို နည်းသေးတယ်လေ။ အဲလိုနည်းသေးတဲ့ အချိန်မှာ Bonne Bell က အရမ်းကိုရှားပါးတဲ့ စတော်ဘယ်ရိနံ့၊ ဂျယ်လီနံ့တွေလိုမျိုး Lip Gloss မျိုးတွေကို ထုတ်လုပ်နိုင်ခဲ့တာပါ။ ခုတော့ လူတွေက Bonne Bell ကထုတ်တဲ့ နုတ်ခမ်းနီတွေကို သိပ်စိတ်မ၀င်စားကြတော့ပါဘူး။ တစ်ခြား Brand တွေကိုပဲ အာရုံကျနေတာ များပါတယ်။

1986: မက်ဒေါနားက သူမရဲ့အကြိုက်ဆုံး နုတ်ခမ်းနီဟာ M-A-C's Russian Red ဖြစ်တယ်လို့ ကြေငြာလိုက်တော့ မိန်းမ တော်တော်များများ အဲဒါကို လိုက်ဝယ်ကြတော့တာပါပဲ။ အဲဒီအချိန်က စပြီး နာမည်ကြီးတွေ တစ်ခုခုကြေငြာလိုက်တာနဲ့ လူတွေနောက်ကနေ လိုက်ဝယ်တတ်ကြတယ်ဆိုတာ သတိပြုမိလာကြပါတယ်။ ခုချိန်ထိပဲစိုပါစို့။

1996: နုတ်ခမ်းနီအရောင် ဖျော့ဖျော့လေးတွေ ပိုနာမည်ကြီးလာတယ်။ သဘာဝနုတ်ခမ်းသား အတိုင်းလိုမျိုး နုတ်ခမ်းနီရောင် လေးတွေပေါ့။ တစ်ချို့တွေကတော့ နုတ်ခမ်းနီဆိုးတယ်.. ပြီးတော့ တစ်ရှူးတို့ ပေပါတို့နဲ့ ပြန်ဖျက်ပြီး နုတ်ခမ်းနီအရောင် ဖျော့ဖျော့လေးဖြစ်အောင် ထားတတ်ကြသေးတယ်။

2000: Trend ကတော့ တော်တော်ကြီးကို ပြောင်းလဲလာပါပြီ။ အသစ် အသစ်တွေကလည်း ပေါမှ ပေါ ပါပဲ

Image Hosted by ImageShack.us

နုတ်ခမ်းနီတွေရဲ့ သမိုင်းကြောင်းနဲ့ ဖြစ်တည်မှုလေးကတော့ ဒီလောက်ပါပဲရှင်။ ဆက်လက်ပြီး နုတ်ခမ်းနီ ၀ယ်တော့မယ်ဆိုရင် အရောင်ကို ဘယ်လိုရွေးချယ်မလဲ၊ ဘယ်လိုအမျိုးအစားကို ၀ယ်သင့်သလဲဆိုတာကိုလည်း တစ်ချက်လောက် ကြည့်ကြရအောင်။

1. ကိုယ့်နုတ်ခမ်းသား အရောင်နဲ့ အနီးစပ်ဆုံး တူတဲ့နုတ်ခမ်းနီကို ရွေးချယ်ရပါမယ်။ အသားမဲတဲ့ သူတွေကတော့ အနီရင့်ရောင်၊ ၀ိုင်အရက်ရောင်တွေနဲ့ လိုက်ဖက်ပြီး အသားဖြူတဲ့သူမျိုးတွေကတော့ ပန်ရောင်၊ အညိုရောင် လိမ္မော်ရောင်လိုမျိုးတွေနဲ့ သင့်တော်ပါတယ်။
2. နေ့ဘက်တွေမှာ ပေါ့ပါးပေါ်လွင်တဲ့ အရောင်မျိုးကိုဆိုးပြီး ညဘက်တွေမှာတော့ အရောင်ရင့်ရင့် နုတ်ခမ်းနီမျိုးကို ဆိုးသင့်ပါတယ်။ ပြီးတော့ နေ့ဘက်တွေမှာ ရိုးရိုး cream နုတ်ခမ်းနီမျိုးက သင့်တော်ပြီး ညနေခင်းတွေမှာဆိုရင်တော့ gloss လိုမျိုး အရောင်လက်လက်လေးတွေကို သုံးဖို့ ပိုသင့်တော်ပါတယ်။
3. ဖြစ်နိုင်မယ်ဆိုရင်တော့ မိတ်ကပ်ပညာရှင်တွေဆီသွားပြီး ကိုယ့်နုတ်ခမ်းဟာ ဘယ်လိုအရောင်မျိုးနဲ့ သင့်တော်တယ်ဆိုတာကို စမ်းသပ်ကြည့်သင့်ပါတယ်။ ပြီးတော့ သဘာဝ အလင်းရောင်ထဲမှာပဲ ကိုယ်ဆိုးထားတဲ့ အရောင်ဟာ ကိုယ်နဲ့လိုကမလိုက် ကြည့်စေချင်ပါတယ်။
4. အရောင်တွေကို ကိုယ့်ဖာသာကိုယ်လည်း စပ်ကြည့်နိုင်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အရောင်တွေကို ရှာဝယ်လို့ မရနိုင်ရင်တော့ ကိုယ့်ဘာသာကိုယ် စပ်လိုက်တာ အကောင်းဆုံးပါပဲ။
5. နောက်တစ်ခုကတော့ ကိုယ့်နုတ်ခမ်းနီ အရောင်ထက်ရင့်တဲ့ သို့မဟုတ် အရောင်တူတဲ့ lip liner မျိုးကို သုံးရပါမယ်။
6. နုတ်ခမ်းနီ ဆိုးပြီးသွားရင်တော့ Lip Liner လေးဆွဲပြီး အဆုံးသတ်ဖို့ တိုက်တွန်းပါရစေရှင်။

နောက်တစ်ခါ နုတ်ခမ်းနီနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် မှတ်သားရန် အချက်ကလေးတွေကတော့..

1. Lip Liner တွေဟာ နုတ်ခမ်းနီ အရောင်နဲ့ လိုက်ဖက်မှု ရှိရပါမယ်။ ပန်းရောင် နုတ်ခမ်းနီဆိုးပြီး အနက်ရောင် လိုင်နာကြီး ဆွဲတာမျိုးတော့ မလုပ်ရဘူးလေနော်။
2. Brush တစ်ချောင်း အမြဲဆောင်ထားပါ။ နုတ်ခမ်းနီဆိုးတဲ့ brush တွေက နုတ်ခမ်းနီဆိုးတဲ့အခါ သေသေသပ်သပ် ပြီးမြောက်အောင် ဖြည့်ဆည်းပေးနိုင်သလို နုတ်ခမ်းနီတွေ ဘေးကို မပြန့်အောင်လည်း ထိန်းထားပေးနိုင်ပါတယ်။
3. အသက် 40 ကျော်နေပြီဆိုရင်တော့ Lip Gloss တွေ မဆိုးတာ အကောင်းဆုံးပါပဲ။ ခရမ်လိုမျိုး နုတ်ခမ်းနီတွေကသာ လေးဆယ်ကျော် မမလှလှတွေနဲ့ သင့်တော်ပါတယ်။
4. လိမ္မော်ရောင် နုတ်ခမ်းနီတွေကတော့ သင့်ရဲ့သွားတွေကို ပေကျံစေတတ်ပါတယ်။ သွားတွေလည်း အရောင်ပြောင်းပြီး ၀ါသွားတတ်တယ်ပေါ့လေ။
5. နုတ်ခမ်းနီ အရောင်ကို မကြိုက်ရင်တော့ ပါးနီိလိုလည်း စမ်းကြည့်နိုင်ပါသေးတယ်။ တစ်ချို့နုတ်ခမ်းနီတွေဟာ နုတ်ခမ်းပေါ်မှာ အရောင်မလှပေမယ့် ပါးပေါ်မှာတော့ တော်တော်လေးကို လှနေတတ်ပါတယ်။
6. ပါးနီအဖြစ်ပါ သုံးလို့ မကြိုက်သေးဘူး ဆိုရင်တော့ တစ်ခြားနုတ်ခမ်းနီ အရောင်တွေနဲ့ ရောစပ်ပြီး ဆိုးကြည့်နိုင်ပါသေးတယ်။
7. နုတ်ခမ်းနီတွေဟာ ရေခဲသေတ္တာထဲမှာ သိမ်းထားရင် အရောင်ကြာရှည်ခံတယ်လို့လည်း သိရပါတယ်။

Tuesday, October 28, 2008

Hate Letter

Lover Letter ကို ရည်းစားစာလို့ ဘာသာပြန်မယ်ဆိုရင် Hate Letter ကတော့ ဖြတ်စာလို့ အဓိပ္ပာယ်ရမှာပေါ့နော်။ ကောင်လေးတစ်ယောက်က သူ့ကောင်မလေးဆီ ပေးတဲ့ စာပါ။ ဒါပေမယ့် ကောင်မလေးရဲ့အဖေက ကောင်လေးကို သဘောမကျဘူး။ သူတို့နှစ်ယောက်ကို ခွဲဖို့ကြိုးစားနေတယ်။ ဒါကြောင့် ကောင်လေးက ဒီဖြတ်စာကိုရေးလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာဟာ အဖိုးကြီးလက်ထဲကို သေချာပေါက်ရောက်လိမ့်မယ်ဆိုတာ ကောင်လေးက သိနေလို့ပဲဖြစ်တယ်။ သူရေးလိုက်တဲ့ ဖြတ်စာလေးတော့ ဒီလိုပါ။

1 "The great love that I have for you
2 is gone, and I find my dislike for you
3 grows every day. When I see you,
4 I do not even like your face;
5 the one thing that I want to do is to
6 look at other girls. I never wanted to
7 marry you. Our last conversation
8 was very boring and has not
9 made me look forward to seeing you again.
10 You think only of yourself.
11 If we were married, I know that I would find
12 life very difficult, and I would have no
13 pleasure in living with you. I have a heart
14 to give, but it is not something that
15 I want to give to you. No one is more
16 foolish and selfish than you, and you are not
17 able to care for me and help me.
18 I sincerely want you to understand that
19 I speak the truth. You will do me a favor
20 if you think this is the end. Do not try
21 to answer this. Your letters are full of
22 things that do not interest me. You have no
23 true love for me. Good-bye! Believe me,
24 I do not care for you. Please do not think that
25 I am still your boyfriend."

သိပ်ကို ဆိုးဝါးတဲ့ စာတစ်စောင်ပဲနော်။ ဒါပေမယ့် ဒီစာကို ကောင်မလေးလက်ထဲ မထည့်ခင် ကောင်လေးက တစ်ခုတော့ မှာလိုက်တယ်။ "Read between the lines" တစ်ကြောင်းကျော်ဖတ်ပါ ပေါ့။ ပြောချင်တာက 1.3.5.7.9.11.13.15.17.19.21.23.25. စတဲ့ မဂဏန်းတွေနဲ့ စတဲ့ စာကြောင်းတွေကိုပဲ ဖတ်ပါတဲ့။ ကဲ.. စာဖတ်သူတွေလည်း စာကြောင်းအကုန် မဖတ်ပဲ မဂဏန်းစာကြောင်းတွေကိုပဲ တစ်ခေါက် ထပ်ဖတ်ကြည့်လိုက်ကြပါအုံးနော်။

Wednesday, October 22, 2008

Miss People Style Competition Yangon

People Magazine က ကြီးမှူးကျင်းပတဲ့ Miss People 2008 Style Competition (Yangon and Mandalay) ပွဲများကို အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါပြီ။ ဒီပွဲမှာ ပေးအပ်ချီးမြှင်းခဲ့တဲ့ ဆုတွေကတော့

Miss People - ခြောက်သိန်းကျပ်
1st Runner Up - သုံးသိန်းကျပ်
2nd Runner Up - နှစ်သိန်းကျပ်
People's Choice - တစ်သိန်းကျပ်
Best Stylist - တစ်သိန်းကျပ် တို့ဖြစ်ပါတယ်။

ဒါ့အပြင် Sponsor အဖြစ်ပူးပေါင်းပါဝင်ကြတဲ့ ကုမ္ပဏီများကလည်း သူတို့ကြိုက်နှစ်သက်တဲ့ မော်ဒယ်လ်လေးများကို ရွေးချယ်ပြီး သက်ဆိုင်ရာ Product Title Award နှင့်အတူ အနည်းဆုံး ငွေကျပ်တစ်သိန်း တန်ဘိုးရှိ Gift Voucher များ၊ ကုန်ပစ္စည်းများ၊ ငွေသားများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသေးတယ်။ ဒီပွဲအကြောင်းကို ကျွန်မလည်း ဒီဘလောဂ့်မှာ တော်တော်များများ Feature လုပ်ခဲ့ပြီးပြီမို့ ခုချိန်မှာတော့ ရန်ကုန်ပွဲမှာ ဆုရရှိသွားတဲ့ သူတွေကို ဖော်ပြပေးချင်ပါတယ်။ Miss People Official Website ကိုလည်း လွှင့်တင်ထားတာမို့ သတင်းစုံစုံလင်လင်ကို အဲဒီနေရာလေးမှာ သွားကြည့်ကြဖို့ ပြောကြားလိုပါတယ်ရှင်။

Miss People and People's Choice - May Thu Aung (မေသူအောင်)

Image Hosted by ImageShack.us

Image Hosted by ImageShack.us

ဆုတက်ပေးတဲ့ အိန္ဒြာကျော်ဇင်

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Image Hosted by ImageShack.us

1st Runner Up - Hay Man Thu Thu Aung (ဟေမာန်သူသူအောင်)

Image Hosted by ImageShack.us

ဝမ်းသာလွန်းလို့ ငိုရှာတယ်

Image Hosted by ImageShack.us

Image Hosted by ImageShack.us

ဆုတက်ပေးသူ လူမင်း

Image Hosted by ImageShack.us

2nd Runner Up - Aww Myat May Thu (သြမြတ်မေသူ)

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Image Hosted by ImageShack.us

လှတ ပတကောင်မလေးများ

နာမည်ကြီး မော်ဒယ်လ် သျှား ဆိုတာလေ.. ဆုတော့ ရမသွားရှာဘူး။ စကာတင် 10 ယောက်ထဲမှာတော့ ပါတယ်

Image Hosted by ImageShack.us

မဆန်း ဆန်းအောင် လုပ်ကြတယ်

Image Hosted by ImageShack.us

Image Hosted by ImageShack.us

ဆုမရပေမယ့် စတိုင်လ်မိုက်ပြီး လှတဲ့သူတွေ

Tuesday, October 21, 2008

ကျွန်မ၏ ဗရုတ်သုက္ခ တစ်နေ့တာ

<!-- /* Font Definitions */ @font-face {font-family:Zawgyi-One; panose-1:2 11 6 4 3 5 4 4 2 4; mso-font-charset:0; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:1627421319 -2147483648 8 0 66047 0;} /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-parent:""; margin:0in; margin-bottom:.0001pt; mso-pagination:widow-orphan; font-size:12.0pt; font-family:"Times New Roman"; mso-fareast-font-family:"Times New Roman";} @page Section1 {size:8.5in 11.0in; margin:1.0in 1.25in 1.0in 1.25in; mso-header-margin:.5in; mso-footer-margin:.5in; mso-paper-source:0;} div.Section1 {page:Section1;} -->

မီးလေးဇာက ရေးပေးပါ ဆိုပြီး တက်ထားတာ နည်းနည်းတော့ ကြာပြီရှင့်။ အပျင်းထူပြီး မရေးပဲ နေတာတော့ မဟုတ်ပါဘူး။ တစ်ကယ် မအားသေးလို့ ရေးခွင့်မကြုံသေးတာပါ။ ကျွန်မကို တက်ဂ် လုပ်လာတဲ့ ပိုစ့်တိုင်းကို ကျွန်မ ရေးနိုင်အောင် ကြိုးစားပါတယ်။ ဒါမှ တက်ဂ် လုပ်တဲ့သူတွေလည်း စိတ်ကျေနပ်မှာ မဟုတ်လား။ ဒီတစ်ခေါက် တက် လာတဲ့ ခေါင်းစဉ်က ဗရုတ်သုတ်ခ များဆိုတော့ ကျွန်မအတွက် ရေးစရာတွေ ပေါလွန်းလှလို့ ဘာကို ရေးရမှန်း မသိအောင်တောင် ဖြစ်မိပါတယ်။ ကျွန်မရဲ့နေ့ရက်တွေတိုင်းဟာ လျှပ်ပလာ ပြာကလပ် ဗရုတ်သုတ်ခပေါင်း မြောက်များစွာနဲ့ပဲ အဆုံးသတ်ခဲ့ရတာ များပါတယ်။ ကျွန်မက ဘာကိုရေးရမလဲလို့ မေးတော့ မီးလေးကတောင် ပြောသေးတယ် ရီစရာ အကောင်းဆုံးကို ရေးတဲ့။ ဒီပိုစ့်ကို အတက်ခံရတဲ့ သူတိုင်းလည်း သူတို့ရဲ့ အဖြစ်လေးတွေကို ဟာသနှောပြီး ရေးထားတာ တော်တော်လေးကို ဖတ်လို့ ကောင်းပါတယ်။ ကျွန်မအနေနဲ့ကတော့ ရီစရာရယ်လို့ မဟုတ်တော့ပဲ ကျွန်မ အမှတ်ရနေဆုံး နေ့လေးတစ်နေ့အကြောင်းကို ရေးချင်ပါတယ်။ May be ရီစရာလေးလည်း ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်ရှင်။

ကျွန်မတို့ ရုံးမှာ ယူနီဖောင်းစ၀တ်ရတာ ခုဆိုရင် နှစ်လလောက်တော့ ရှိခဲ့ပြီပေါ့။ ရုံးက ယူနီဖောင်း အင်မတန်လှပါတယ်။ Office suite လေးလည်း ဖြစ်သလို ၀တ်တဲ့ ၀န်ထမ်းကောင်မလေးတွေကလည်း လှတော့ လမ်းသွားလမ်းလာတွေဆို ငေးကြည့်ရတာပေါ့နော် (ဆိုင်လားတော့ မသိဘူး.. )။ ကျွန်မ အခုရေးမှာက ယူနီဖောင်းတွေ စစ၀တ်ရချင်းတုန်းက ကျွန်မကြုံတွေ့ခဲ့ရတဲ့ ဗရုတ်သုတ်ခလေး တစ်ခုပေါ့ရှင်။ စကတ်အတို အနက်ရောင်နဲ့ အင်္ကျီလက်ရှည်လေးတွေကို တွဲဖက်ဝတ်ဆင်ရတဲ့ ယူနီဖောင်းကို မြင်ကတည်း ကျွန်မ ဖလမ်းဖလမ်းထပြီး ၀တ်ချင်နေခဲ့တာပါ။ အင်္ကျီက Cream ရောင်ရယ်၊ အဖြူရယ်၊ အနက်ရယ် သုံးရောင်ကို နေ့အလိုက်ဝတ်ရတာပါ။ အဲဒီ ယူနီဖောင်းစ၀တ်တဲ့ ဒုတိယမြောက်နေ့ကပေါ့…..

တနင်္လာနေ့ကို Cream ရောင်ဝတ်ပြီး အင်္ဂါနေ့ကို အနက်ရောင် ၀တ်ရမှာ ဖြစ်ပေမယ့် အဲဒီ အင်္ဂါနေ့တုန်းကတော့ ကျွန်မ အမှတ်မှားပြီး အဖြူရောင်ကို ၀တ်လာခဲ့တယ်။ ရုံးရောက်လို့ ဓါတ်လှေကားထဲက ထွက်တယ်ဆိုတာနဲ့ပဲ ကောင်လေးတစ်ယောက်က ကျွန်မကို ပြုးတူးပြဲတဲလေး စကြည့်တယ်။ သြော် ငါ လှလို့ပေါ့လေ.. ဟဲဟဲ။ Reception ကိုရောက်လို့ Attendance မှာ လက်မှတ်ထိုးမယ်လုပ်ပြန်တော့ နောက်ထပ် ကောင်မလေးတစ်ယောက် သေချာကြည့်ပြန်တယ်.. ပြီးတော့ ကျွန်မတို့ Marketing Department ထဲကိုလည်း ထပ်လှမ်းကြည့်လိုက်ပြီး ကျွန်မကို ပြန်ကြည့်တယ်။ အင်း ဘာလို့များ ဒီလောက်တောင်ြ့ကည့်ရတာလဲကွယ်.. ပေါ့လေ။ အဲ.. လက်မှတ်ထိုးနေတုန်းမှာပဲ အခန်းထဲက ကောင်လေးတစ်ယောက် စအော်တယ်.. မထက် အရောင်မှားလာတာကိုးတဲ့… အဲဒီတော့မှ ကျွန်မ ကျန်တဲ့သူတွေကို လိုက်ကြည့်တော့.. ဟုတ်ပါရဲ့ အကုန်လုံး အနက်ရောင်တွေ ၀တ်ထားကြတယ်.. သေစမ်းကွာ လို့ဆိုပြီး ကျွန်မ လက်မှတ်ထိုးပြီးပြီးချင်း အိမ်ကို အ၀တ်ပြန်လဲဖို့ စီစဉ်တယ်။ လပြည့်ဝန်း ပလာဇာရှေ့က တက်ကစီ သမားကို လှည်းတန်းဘယ်လောက်လဲမေးတော့ 2500 တဲ့။ ဦးလေးရယ် 4000 ထားပါ အသွားအပြန် ငှားပါ့မယ် ဆိုတော့ အိုကေ ဆိုပြီး အိမ်ကို အင်္ကျီလဲဖို့ တက္ကစီနဲ့ ကြွလာပါရော။ အိမ်ရောက်တော့လည်း ၀ုန်းဒိုင်းကျဲပြီး အင်္ကျီလဲ၊ ဘာမှတောင် မပြောနိုင်ဘူး ချက်ချင်းပဲ ပြန်ထွက်၊ အိမ်ကလူတွေကတော့ ကြောင်တောင်တောင်နဲ့ ကြည့်ကျန်ခဲ့လေရဲ့။ နောက်တော့ တက္ကစီသမားကိုလည်း အမြန်ဆုံးမောင်းခိုင်းရတယ်။ မဟုတ်ရင် ရုံးကို အရောက်နောက်ကျပြီး ယူနီဖောင်းမှားဝတ်တာသာ သိလို့ကတော့ MD ဆူတာလည်း ခံရတော့မှာကော။ ဒီလိုနဲ့.. ကံကောင်းထောက်မစွာ နာရီဝက်အတွင်း ရုံးပြန်ရောက်၊ ဟန်မပျက် ရုံးတက်ခဲ့သည်ပေါ့လေ။

ညနေရုံးဆင်းတော့ မိုးရိပ်မိုးသားတွေ အုံ့လို့။ မိုးရွာခဲ့ရင် ဆိုတဲ့အတွေးနဲ့ ထီးကိုအသင့်ပြင်ဖို့ ရှာတယ်။ ဒုက္ခပဲ.. ထီးကို ရှာမတွေ့တော့ဘူး။ ထီး ထီး ဘယ်မှာ ကျန်ခဲ့လဲ၊ မနက် အိမ်ကို သွားတုန်းကတောင် ပါသေးတယ်။ အိမ်မှာများ ကျန်ခဲ့တာလာား အာ..  မဖြစ်နိုင်ဘူး။ အိမ်ပေါ်တက်တုန်းက ထီးကို တက္ကစီပေါ်မှာ ထားခဲ့တယ်.. ဟာ.. သွားပြီ ထီး ကားပေါ်ပါသွားပြီ။ မိုးရွာရင်တော့ စိုပြီပဲ.. ကျောင်းကိုလည်း သွားရအုံးမှာဆိုတော့ မိုးမမိပဲ ရောက်ဖို့ အရေး တို့အရေးဆိုပြီး ကျောင်းသွားဖို့ ကားဂိတ်ဆီ အသော့နှင်တယ်။ ကားဂိတ်ကို သွားတော့ ဒဂုံ (1) အရှေ့က လမ်းကနေ သွားရတယ်လေ။ အဲဒီလမ်းမှာ ပလက်ဖောင်းက ကျောက်ပြားတွေကို ဒီအတိုင်းချထားတာ၊ ကျိုးတိုကျဲတဲနဲ့ ကျောက်ပြားနှစ်ခုကြားမှာ လွတ်နေတဲ့ နေရာလေးတွေရှိတယ်။ စီးထားတာကလည်း ဒေါက်ဖိနပ် ချွန်ချွန်လေးရယ်၊ လမ်းကိုလည်း အလျင်စလို မြန်မြန်လျှောက်လိုက်တာ ကံဆိုးချင်တော့ ဒေါက်က အဲဒီကြားကို စွပ် ဆိုဝင်သွားပါလေရော။ လူကလည်း လမ်းလျှောက်နေရင်းကနေ ဟပ်ထိုးကြီး အရှေ့ကို လဲတော့မလို ဖြစ်သွား၊ အဲနားမှ ညနေဘက် ဂစ်တာတီးနေတဲ့ ကောင်လေးတွေကလည်း လှည့်ကြည့်၊ ကျွန်မကလည်း အဲနားမှာ ထိုင်ရမလို ထရမလို ဖြစ်သွားတာပေါ့။ ဒေါက်ကလေးကို အသာလေးမပြီး ဟန်မပျက်အောင် ထုတ်ကြည့်တယ်။ မရဘူး။ နောက်တစ်ချက် နည်းနည်းလေး အားစိုက်တယ်.. မလွတ်ပြန်၊ နောက်ထပ် အားနည်းနည်း ထပ်ထည့်တယ်.. လုံးဝမရ။ ကဲ.. ဒီလောက်တောင် ဖြစ်လှတာ ရှုပ်တယ်ဆိုပြီး သေသေချာချာထိုင်လို့ ဒေါက်ကို ပြန်နုတ်ရတယ်.. ရှက်လိုက်တာလည်း သေတော့မယ်။ အဲကတည်းက အဲဒီ ယောမင်းကြီးလမ်းကို လျှေက်တိုင်း ကျွန်မမှာ ပစ္စည်းပျောက်ရှာတဲ့ သူလို အောက်ကို သေချာကြည့်ပြီး လျှောက်ရတယ်.. ဒေါက်ညှပ်မှာ စိုးလို့။

စီးရတဲ့ ကားကလည်း (3) ကား ပုပုလေးကို အသေတိုးတက်ပြီး စီးရတာ။ ကားလာလို့ တက်နေတုန်းမှာပဲ လက်မှာ ကိုင်ထားတဲ့ စာအုပ် လွတ်ကျလို့ ပြန်ဆင်းပြီးကောက်ရပြန်တယ်။ ရေစပ်နားကို ကျသွားလို့ စာအုပ်လည်း ညစ်ပတ်သွားသည်ပေါ့။ အဲလိုနဲ့ ဆင်းရမယ့်မှတ်တိုင်ကိုရောက်လာ၊ ကားပေါ်က အဆင်းမှာ စာအုပ်က ထပ်ကျပြန်တယ်။ နည်းနည်းလည်း မှောင်စပြုလို့ ကျောင်းလည်း နောက်ကျစပြုပြီ။ ဆရာဝင်နေတော့မယ် ဆိုတဲ့အတွေးနဲ့ ကျောင်းကို အသော့နှင်.. ဖိနပ်က ရေစိုပြီး ချောနေလို့ မြန်မြန်လမ်းလျှောက်လို့လည်း မရ။ ခြေထောက်က ချောချောနဲ့ အရှေ့ကို ချော်ထွက်သွားလို့ လဲမလိုဖြစ်ရတာလည်း ခဏ ခဏ။ ဒီလိုပါပဲ လိမ်ဖယ် လိမ်ဖယ်လျှောက်ရင်း ကျောင်းကို 15 မိနစ်လောက် နောက်ကျပြီး ရောက်လာတော့ Reception က အမကပြောတယ် ဒီနေ့ ဆရာကြီး မလာလို့ အတန်းဖျက်လိုက်ပြီ သူများတွေတောင် ပြန်ကုန်ကြပြီတဲ့။ ဟာာာာာာာာာာာ အဲလိုမှန်းသိရင် ဖတ်ဖတ်မောအောင် လျှောက်မလာပါဘူးကွာ လို့တွေးပြီး စိတ်တိုတိုနဲ့ ပြန်ဆင်းလာခဲ့တယ်။ သိတယ်မလား MHR က သံဈေးမှာဆိုတော့ အောက်ရောက်ရင် အနံ့ကလည်း နံသေး။

အဲလိုနဲ့ အပြန်လမ်းမှာ မိုးဖွဲဖွဲလေး စရွာတယ်။ ဘတစ်ကားပေါ်ရောက်တော့လည်း မိုးရွာတုန်းပဲ။ လှည်းတန်းရောက်တော့ မိုးက တော်တော်သဲနေပြီ။ မတတ်နိုင်ဘူးလေ ထီး မှ မရှိတော့တာကို.. မိုးရေထဲမှာ ဒီအတိုင်း အစိုခံပြီး လျှောက်လာခဲ့ ရတဲ့ အဲဒီနေ့ကိုတော့ တွေးမိတိုင်း အသဲနာတယ်ရှင်။

Friday, October 17, 2008

You are Everything to Someone

<!-- /* Font Definitions */ @font-face {font-family:Zawgyi-One; panose-1:2 11 6 4 3 5 4 4 2 4; mso-font-charset:0; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:1627421319 -2147483648 8 0 66047 0;} /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-parent:""; margin:0in; margin-bottom:.0001pt; mso-pagination:widow-orphan; font-size:12.0pt; font-family:"Times New Roman"; mso-fareast-font-family:"Times New Roman";} @page Section1 {size:8.5in 11.0in; margin:1.0in 1.25in 1.0in 1.25in; mso-header-margin:.5in; mso-footer-margin:.5in; mso-paper-source:0;} div.Section1 {page:Section1;} -->

သင်ဟာ တစ်စုံတစ်ယေက်အတွက် အရာရာတိုင်းဖြစ်နေနိုင်တယ်
အခု ဒီစာကို ဖတ်နေတဲ့ အချိန်အတွင်းမှာပဲ-----------

တစ်စုံတစ်ယောက်ဟာ
သင့်ကြောင့် ဂုဏ်ယူရတယ်

တစ်စုံတစ်ယောက်ဟာ
သင့်အကြောင်းကို တွေးတောနေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်ကို အရမ်းဂရုစိုက်တယ်

တစ်စုံတစ်ယောက်က
သင့်ကို သိပ်လွမ်းနေတယ်

တစ်စုံတစ်ယောက်က
သင်နဲ့ စကားတွေ ပြောချင်နေတယ်

တစ်စုံတစ်ယောက်က
သင်နဲ့အတူ ရှိနေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ကို ဘေးမတွေ့ဖို့ မျှော်လင့်နေတယ်

တစ်စုံတစ်ယောက်က
သင်ရဲ့ အထောက်အပံ့တွေကို

ကျေးဇူးတင်နေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်ရဲ့လက်ကို

ဆုပ်ကိုင်ထားချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်အတွက် အရာရာကို
အဆင်ပြေစေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ကို ပျော်ရွှင်စေချင်တယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူတို့ကို ရှာဖွေတွေ့ရှိစေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ အောင်မြင်မှုတွေကို

ကျင်းပပေးနေတယ်

တစ်စုံတစ်ယေက်က
သင့်ကို လက်ဆောင်တွေ

ပေးချင်နေတယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူ့အတွက် လက်ဆောင်တစ်ခုပဲလို့

မှတ်ယူနေတယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူ့အပေါ်မှာ မအေးစက်လွန်း မနွေးထွေးလွန်းဖို့

မျှော်လင့်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကို ပွေ့ဖက်ချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကို ချစ်နေတယ်

တစ်စုံတစ်ယောက်ဟာ
သူ့ကို လက်ဆောင်တစ်ခု

ပေးစေချင်နေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်ရဲ့ အားသာချက်တွေကို အားကျနေတယ်

တစ်စုံတစ်ယောက်ဟာ

သင့်အကြောင်းတွေးပြီး ပြုံးနေတယ်

တစ်စုံတစ်ယောက်က
သင်ငိုကြွေးဖို့ ပခုံးတစ်စုံ

ဖြစ်ချင်နေတယ်

တစ်စုံတစ်ယောက်က
သင်နဲ့အတူ လျှောက်လည်ပြီး

ပျော်ပျော်ရွှင်ရွှ့င် နေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ ကမ္ဘာကြီး ကိုစဉ်းစားနေတယ်

တစ်စုံတစ်ယေက်က
သင့်ကို ကာကွယ်ပေးချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကို တစ်စုံတစ်ခု လုပ်ပေးချင်နေတယ်

တစ်စုံတစ်ယေက်က
သင့်ကို ခွင့်လွတ်စေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ ခွင့်လွတ်မှုတွေကို

ကျေးဇူးတင်နေတယ်

တစ်စုံတစ်ယောက်ဟာ

သင့်နဲ့အတူ အတိတ်ကိုပြန်တွေးပြီး

ရယ်မောချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကိုသတိရပြီး

သင့်ကို သူရှိတဲ့နေရာမှာ ရှိနေစေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့အချစ်ဟာ ချွင်းချက်မရှိဖြစ်တယ်ဆိုတာ

သိုလိုနေတယ်

တစ်စုံတစ်ယေက်က

သင့်ရဲ့ အကြံဥာဏ်တွေလို လေးစားတယ်

တစ်စုံတစ်ယောက်က

သူဟာသင့်ကို ဘယ်လောက်ဂရုစိုက်ကြောင်း

ပြောပြချင်နေတယ်

တစ်စုံတစ်ယေက်က
သင်နဲ့အတူ ရှေးဟောင်းရုပ်ရှင်ကားတွေကို

အတူကြည့်ချင်တယ်

တစ်စုံတစ်ယောက်က
သူ့ရဲ့ အိပ်မက်တွေကို သင်နဲ့အတူ ခံစားချင်တယ်

တစ်စုံတစ်ယောက်က
သင့်ကို သူ့ရင်ခွင်ထဲ ထည့်ထားချင်တယ်

တစ်စုံတစ်ယေက်ကတော့
သင့်ရင်ခွင်ထဲမှာ သူ့ကို ပွေ့ထားစေချင်တယ်

တစ်စုံတစ်ယေက်က

သင့်ရဲ့ စိတ်ဓါတ်ကို တန်းဘိုးထားတယ်

တစ်စုံတစ်ယေက်က

သင့်ကြောင့် အချိန်တွေကုန်တာကို

တားဆီးနိုင်ပါစေလို့

ဆုတောင်းနေတယ်

 တစ်စုံတစ်ယေက်က

သင်နဲ့တွေ့ဖို့ စောင့်မနေချင်တော့ဘူး

တစ်စုံတစ်ယေက်က

သင်ဟာ သင်ဖြစ်နေတဲ့အတွက်ကြောင့်ကို

သင့်ကို ချစ်နေတယ်

တစ်စုံတစ်ယေက်က

သင့်ကြောင့် ခံစားနေရတယ်

တစ်စုံတစ်ယောက်က

သင့်ကို သတိရစေတဲ့ သီချင်းတစ်ပုဒ်ကို

နားဆင်နေတယ်

တစ်စုံတစ်ယောက်က
သူဟာ သင့်အတွက်အမြဲရှိနေကြောင်း

သင့်ကို သိစေချင်တယ်

တစ်စုံတစ်ယောက်က

သင်ဟာ သူ့ သူငယ်ချင်းဖြစ်နေလို့

ပျော်ရွှင် ၀မ်းသာနေတယ်

တစ်စုံတစ်ယောက်ဟာ

သင့် သူငယ်ချင်း ဖြစ်ချင်နေတယ်

တစ်စုံတစ်ယောက်ဟာ

သင့်အကြောင်းကို

ညလုံးပေါက် တွေးနေမိတယ်

တစ်စုံတစ်ယေက်ဟာ

သင့်ကြောင့် အသက်ရှင်နေတယ်

တစ်စုံတစ်ယေက်က

သင်ဟာ ဒါတွေကို သတိပြုမိဖို့

ဆုတောင်းနေတယ်

တစ်စုံတစ်ယေက်က
သင်ဟာ ပိုတော် ပိုကောင်းလာတယ်ဆိုတာ

သင့်ကို သိစေချင်နေတယ်

တစ်စုံတစ်ယေက်က

သင်ဟာ သူ့ရဲ့ စိတ်တူကိုယ်တူ ကြင်ဖော်ဖြစ်မယ်လို့

ယုံကြည်နေတယ်

တစ်စုံတစ်ယေက်က
သင့်အနားမှာ ရှိနေချင်တယ်

တစ်စုံတစ်ယေက်ဟာ

သင့်ရဲ့ စောင်မကြည့်ရှုမှုနဲ့ အကြံဥာဏ်တွေကို

လွမ်းဆွတ်နေတယ်

တစ်စုံတစ်ယေက်က
သင့်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့

အကြံဥာဏ်တွေကို တန်ဘိုးထားတယ်

တစ်စုံတစ်ယောက်က
သင့်အပေါ်မှာ သစ္စာရှိတယ်

တစ်စုံတစ်ယေက်ကဟာ
သင့်ကို အကြွင်းမဲ့ ယုံကြည်တယ်

တစ်စုံတစ်ယေက်က

ဒီစာကို သူ့ဆီပို့စေချင်နေတယ်

တစ်စုံတစ်ယေက်က
သင့်ရဲ့ ထောက်ပံ့မှုကို လိုအပ်နေတယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ သစ္စာရှိမှုကို လိုအပ်နေတယ်

တစ်စုံတစ်ယေက်က

သင့်ကို သူငယ်ချင်းအဖြစ် ဆက်ရှိနေစေချင်တယ်

တစ်စုံတစ်ယေက်က

သင်ဒီစာကို ဖတ်နေချိန်မှာ ငိုကြွေးနေလိမ့်မယ်

သင့်မှာ အဲဒီ တစ်စုံတစ်ယေက် ရှိနေနိုင်သလို

သင်ကိုယ်တိုင်ကလည်း တစ်စုံတစ်ယေက် ဖြစ်နေနိုင်တယ်