Showing posts with label Miss People. Show all posts
Showing posts with label Miss People. Show all posts

Wednesday, October 22, 2008

Miss People Style Competition Yangon

People Magazine က ကြီးမှူးကျင်းပတဲ့ Miss People 2008 Style Competition (Yangon and Mandalay) ပွဲများကို အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါပြီ။ ဒီပွဲမှာ ပေးအပ်ချီးမြှင်းခဲ့တဲ့ ဆုတွေကတော့

Miss People - ခြောက်သိန်းကျပ်
1st Runner Up - သုံးသိန်းကျပ်
2nd Runner Up - နှစ်သိန်းကျပ်
People's Choice - တစ်သိန်းကျပ်
Best Stylist - တစ်သိန်းကျပ် တို့ဖြစ်ပါတယ်။

ဒါ့အပြင် Sponsor အဖြစ်ပူးပေါင်းပါဝင်ကြတဲ့ ကုမ္ပဏီများကလည်း သူတို့ကြိုက်နှစ်သက်တဲ့ မော်ဒယ်လ်လေးများကို ရွေးချယ်ပြီး သက်ဆိုင်ရာ Product Title Award နှင့်အတူ အနည်းဆုံး ငွေကျပ်တစ်သိန်း တန်ဘိုးရှိ Gift Voucher များ၊ ကုန်ပစ္စည်းများ၊ ငွေသားများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသေးတယ်။ ဒီပွဲအကြောင်းကို ကျွန်မလည်း ဒီဘလောဂ့်မှာ တော်တော်များများ Feature လုပ်ခဲ့ပြီးပြီမို့ ခုချိန်မှာတော့ ရန်ကုန်ပွဲမှာ ဆုရရှိသွားတဲ့ သူတွေကို ဖော်ပြပေးချင်ပါတယ်။ Miss People Official Website ကိုလည်း လွှင့်တင်ထားတာမို့ သတင်းစုံစုံလင်လင်ကို အဲဒီနေရာလေးမှာ သွားကြည့်ကြဖို့ ပြောကြားလိုပါတယ်ရှင်။

Miss People and People's Choice - May Thu Aung (မေသူအောင်)

Image Hosted by ImageShack.us

Image Hosted by ImageShack.us

ဆုတက်ပေးတဲ့ အိန္ဒြာကျော်ဇင်

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Image Hosted by ImageShack.us

1st Runner Up - Hay Man Thu Thu Aung (ဟေမာန်သူသူအောင်)

Image Hosted by ImageShack.us

ဝမ်းသာလွန်းလို့ ငိုရှာတယ်

Image Hosted by ImageShack.us

Image Hosted by ImageShack.us

ဆုတက်ပေးသူ လူမင်း

Image Hosted by ImageShack.us

2nd Runner Up - Aww Myat May Thu (သြမြတ်မေသူ)

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Image Hosted by ImageShack.us

လှတ ပတကောင်မလေးများ

နာမည်ကြီး မော်ဒယ်လ် သျှား ဆိုတာလေ.. ဆုတော့ ရမသွားရှာဘူး။ စကာတင် 10 ယောက်ထဲမှာတော့ ပါတယ်

Image Hosted by ImageShack.us

မဆန်း ဆန်းအောင် လုပ်ကြတယ်

Image Hosted by ImageShack.us

Image Hosted by ImageShack.us

ဆုမရပေမယ့် စတိုင်လ်မိုက်ပြီး လှတဲ့သူတွေ

Tuesday, October 7, 2008

Winners of Miss People Mandalay

People Magazine မှ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော Miss People 2008 Mandalay Show ကို Hotel Mandalay တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မန္တလေးက ပြိုင်ပွဲဝင်တွေဟာ ထင်ထားတာထက် အများကြီး ချောကြ လှကြပါတယ်။ စတိုင်လ်အမိုက်ဆုံး စကာတင် မိန်းကလေး အယောက် 30 ကိုယှဉ်ပြိုင် ပြိုင်ပွဲဝင်စေခဲ့ပြီး ဆုများကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ ဒီပွဲဟာ အစကတည်းက Style Competition လို့ ဆိုထားတာကြောင့် စတိုင်လ်အမိုက်ဆုံး သူကိုပဲ ရွေးချယ်ခဲ့တာပါ။ ပြီးတော့ အင်္ကျီဒီဇိုင်း အမိုက်ဆုံး သူတွေကလည်း ဆုရဖို့ အခွင့်အလမ်းပိုများပါတယ်။ ကျွန်မတို့ရဲ့ Miss People Mandalay ပွဲကြီးကတော့ မန္တလေးမှာ ၀က်ဝက်ကွဲကို အောင်မြင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲဝင် မိန်းကလေးတွေရဲ့ စတိုင်လ်ကောင်းမှု၊ အခမ်းအနား အပြင်အဆင် အများထက် ထူးခြားမှု၊ အများနဲ့မတူတဲ့ ဖျော်ဖြေရေး အစီအစဉ်များကို အင်တိုက် အားတိုက် ထည့်သွင်းပေးမှုတို့ကြောင့် မန္တလေး ပရိတ်သတ် ကြိုက် နှစ်သက်ရတာ ဖြစ်ပါတယ်။ ပြည်တွင်းဂျာနယ်တွေမှာလည်း ဝေေ၀ဆာဆာ ဖော်ပြခံရတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးဟာ မန္တလေး ပရိတ်သတ်အတွက်လည်း ပထမဆုံးအကြိမ် ကြည့်ခွင့်ကြုံတဲ့ ပွဲဖြစ်ခဲ့ပါတယ်။

စိတ်မကောင်းစရာကတော့ မန္တလေးပရိတ်သတ်ဟာ တော်တော်ကြီးကို စည်းမဲ့ ကမ်းမဲ့နိုင်ပြီး ပွဲကို ဖြစ်ကတတ်ဆန်း ကြည့်ခဲ့ကြလို့ပါပဲ။ Security တွေလည်းမနိုင်၊ Organizer တွေလည်း မနိုင်၊ Presenter မတင်မိုးလွင်က စင်ပေါ်ကနေ မိုက်နဲ့ အော်ပြီး ထိမ်းလို့လည်း မရနဲ့ တော်တော်ကို ၀ရုန်းသုန်းကား ဖြစ်ခဲ့ပါတယ်။ ထားပါတော့ ဒါတွေကို ဇာချဲ့ပြီး ပြောမနေချင်တော့ပါဘူး။ ဆုရတဲ့ မိန်းကလေးတွေဟာ တစ်ချို့က ချောပေမယ့် ဆုမရကြဘူး၊ ပရိတ်သတ်အကြိုက်နဲ့ သိပ်ပြီးမကိုက်ခဲ့ပါဘူး။ ဘာကြောင့် ဆုရတာလဲဆိုတော့ သူကိုယ်တိုင် ဒီဇိုင်ထွင်ထားတဲ့ Theme Dress လေးက အရမ်းကို ဆန်းလို့ပါပဲ။ ပရိတ်သတ်ကြိုက်တဲ့ နှင်းအိဖြူကတော့ Ready Made များကိုသာ ၀တ်ပြီး Creation မပါတဲ့ dress များကိုသာ ၀တ်ဆင်ခဲ့တာကြောင့် Miss People ဆုနဲ့ လွဲခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ ပရိတ်သတ်များ ရွေးချယ်ပေးတဲ့ People's Choice နဲ့ ဒုတိယဆုကို ရရှိပြီး စပွန်စာများ ပေးတဲ့ သက်ဆိုင်ရာ Product Title Award 7 ဆုကို ရရှိခဲ့ပြီး Mandalay ပွဲရဲ့ ရေပန်း အစားဆုံးသူ ဖြစ်ခဲ့ပါတယ်။

Miss People 2008 (Mandalay) နှင့် Best Stylist ဆုကို ရရှိတဲ့ "နှင်းထက်ထက်ဝေ" Theme Dress နဲ့ ယှဉ်ပြိုင်စဉ်က ပုံပါ

Photobucket

Photobucket

Photobucket

ဒုတိယဆု၊ People's Choice ဆုနဲ့ Product Title Award 7 ဆုကို ရခဲ့တဲ့ "နှင်းအိဖြူ" စိတ်ကြိုက်ဝတ်စုံနဲ့ ယှဉ်ပြိုင်စဉ်က ပုံပါ

Photobucket

Photobucket

Photobucket

တတိယဆုနဲ့ Tri Fashion ကပေးတဲ့ Miss Tri ဆုကို ရရှိခဲ့တဲ့ "ဂျူဂျူး" စိတ်ကြိုက်ဝတ်စုံ (အပေါ်) နဲ့ Theme Dress (အောက်) ကိုဝတ်ဆင်ပြီး ယှဉ်ပြိုင်စဉ်က ပုံပါ

Photobucket

Photobucket

Photobucket

ပြိုင်ပွဲဝင်တွေ ထဲက တစ်ခ်ျို့

Photobucket

Photobucket

Photobucket