Tuesday, October 7, 2008

Winners of Miss People Mandalay

People Magazine မှ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော Miss People 2008 Mandalay Show ကို Hotel Mandalay တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မန္တလေးက ပြိုင်ပွဲဝင်တွေဟာ ထင်ထားတာထက် အများကြီး ချောကြ လှကြပါတယ်။ စတိုင်လ်အမိုက်ဆုံး စကာတင် မိန်းကလေး အယောက် 30 ကိုယှဉ်ပြိုင် ပြိုင်ပွဲဝင်စေခဲ့ပြီး ဆုများကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ ဒီပွဲဟာ အစကတည်းက Style Competition လို့ ဆိုထားတာကြောင့် စတိုင်လ်အမိုက်ဆုံး သူကိုပဲ ရွေးချယ်ခဲ့တာပါ။ ပြီးတော့ အင်္ကျီဒီဇိုင်း အမိုက်ဆုံး သူတွေကလည်း ဆုရဖို့ အခွင့်အလမ်းပိုများပါတယ်။ ကျွန်မတို့ရဲ့ Miss People Mandalay ပွဲကြီးကတော့ မန္တလေးမှာ ၀က်ဝက်ကွဲကို အောင်မြင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲဝင် မိန်းကလေးတွေရဲ့ စတိုင်လ်ကောင်းမှု၊ အခမ်းအနား အပြင်အဆင် အများထက် ထူးခြားမှု၊ အများနဲ့မတူတဲ့ ဖျော်ဖြေရေး အစီအစဉ်များကို အင်တိုက် အားတိုက် ထည့်သွင်းပေးမှုတို့ကြောင့် မန္တလေး ပရိတ်သတ် ကြိုက် နှစ်သက်ရတာ ဖြစ်ပါတယ်။ ပြည်တွင်းဂျာနယ်တွေမှာလည်း ဝေေ၀ဆာဆာ ဖော်ပြခံရတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးဟာ မန္တလေး ပရိတ်သတ်အတွက်လည်း ပထမဆုံးအကြိမ် ကြည့်ခွင့်ကြုံတဲ့ ပွဲဖြစ်ခဲ့ပါတယ်။

စိတ်မကောင်းစရာကတော့ မန္တလေးပရိတ်သတ်ဟာ တော်တော်ကြီးကို စည်းမဲ့ ကမ်းမဲ့နိုင်ပြီး ပွဲကို ဖြစ်ကတတ်ဆန်း ကြည့်ခဲ့ကြလို့ပါပဲ။ Security တွေလည်းမနိုင်၊ Organizer တွေလည်း မနိုင်၊ Presenter မတင်မိုးလွင်က စင်ပေါ်ကနေ မိုက်နဲ့ အော်ပြီး ထိမ်းလို့လည်း မရနဲ့ တော်တော်ကို ၀ရုန်းသုန်းကား ဖြစ်ခဲ့ပါတယ်။ ထားပါတော့ ဒါတွေကို ဇာချဲ့ပြီး ပြောမနေချင်တော့ပါဘူး။ ဆုရတဲ့ မိန်းကလေးတွေဟာ တစ်ချို့က ချောပေမယ့် ဆုမရကြဘူး၊ ပရိတ်သတ်အကြိုက်နဲ့ သိပ်ပြီးမကိုက်ခဲ့ပါဘူး။ ဘာကြောင့် ဆုရတာလဲဆိုတော့ သူကိုယ်တိုင် ဒီဇိုင်ထွင်ထားတဲ့ Theme Dress လေးက အရမ်းကို ဆန်းလို့ပါပဲ။ ပရိတ်သတ်ကြိုက်တဲ့ နှင်းအိဖြူကတော့ Ready Made များကိုသာ ၀တ်ပြီး Creation မပါတဲ့ dress များကိုသာ ၀တ်ဆင်ခဲ့တာကြောင့် Miss People ဆုနဲ့ လွဲခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ ပရိတ်သတ်များ ရွေးချယ်ပေးတဲ့ People's Choice နဲ့ ဒုတိယဆုကို ရရှိပြီး စပွန်စာများ ပေးတဲ့ သက်ဆိုင်ရာ Product Title Award 7 ဆုကို ရရှိခဲ့ပြီး Mandalay ပွဲရဲ့ ရေပန်း အစားဆုံးသူ ဖြစ်ခဲ့ပါတယ်။

Miss People 2008 (Mandalay) နှင့် Best Stylist ဆုကို ရရှိတဲ့ "နှင်းထက်ထက်ဝေ" Theme Dress နဲ့ ယှဉ်ပြိုင်စဉ်က ပုံပါ

Photobucket

Photobucket

Photobucket

ဒုတိယဆု၊ People's Choice ဆုနဲ့ Product Title Award 7 ဆုကို ရခဲ့တဲ့ "နှင်းအိဖြူ" စိတ်ကြိုက်ဝတ်စုံနဲ့ ယှဉ်ပြိုင်စဉ်က ပုံပါ

Photobucket

Photobucket

Photobucket

တတိယဆုနဲ့ Tri Fashion ကပေးတဲ့ Miss Tri ဆုကို ရရှိခဲ့တဲ့ "ဂျူဂျူး" စိတ်ကြိုက်ဝတ်စုံ (အပေါ်) နဲ့ Theme Dress (အောက်) ကိုဝတ်ဆင်ပြီး ယှဉ်ပြိုင်စဉ်က ပုံပါ

Photobucket

Photobucket

Photobucket

ပြိုင်ပွဲဝင်တွေ ထဲက တစ်ခ်ျို့

Photobucket

Photobucket


Photobucket

2 comments:

Anonymous said...

ဝတ်စုံလေးတွေ လှတယ်။ ပုံလေးတွေ သေးတော့ ကြည့်ရတာ အားမရဘုး

Anonymous said...

မင်္ဂလာပါအစ်မ
မော်ဒယ်တွေထဲ အစ်မကိုလိုက်ရှာနေသေးတယ် (စတာ)
အဆင်ပြေသွားပြီလား i love u virus နဲ့
လေးစားတဲ့ - ဝင်းဇော်
www.winzaw-mdy.blogspot.com