Tuesday, October 7, 2008

Problem is.....!!

ကျွန်မ ဒီရက်ပိုင်းမှာ မကြုံဖူးတာတွေနဲ့ ဆက်တိုက်ကြုံခဲ့ရတယ်။ အခြေအနေကြောင့် ပြောင်းလဲတတ်တဲ့ လူ့စိတ်သဘောကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်။ ဘာမှမဟုတ်တဲ့ ပြသနာလေးကို အကျယ်ချဲ့ပြီး ဒုက္ခမရောက် ရောက်အောင် လုပ်တတ်တဲ့သူကိုလည်း တွေ့ခဲ့ရတယ်။ ပြသနာဆိုတာ စိတ်အေးအေးထား ဖြေရှင်းရင် အဆုံးမှာ လိုရင်းရောက်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

"စိတ်ကောင်းရှိဘို့က ပထမ" ဆိုတဲ့စကားကို မှတ်သား လက်ခံခဲ့ဖူးတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ဘယ်လောက်ပဲ စိတ်ကောင်းရှိရှိ၊ ကိုယ့်ကို အကောင်းမမြင်တတ်တဲ့သူတွေလည်း ရှိနေတတ်ကြတာပဲ။

"ပြသနာဆိုတာ ဖြစ်လာရင် ချုပ်နိုင်သလေက် ချုပ်ရင် အကောင်းဆုံးပဲ" ။ ဒါပေမယ့် တစ်ချို့တွေကတော့ ပြသနာ သေးသေးလေးကိုတောင် အကျယ်ချဲ့ပြီး ရေးကြီးခွင်ကျယ်နဲ့ လူမသိ သိအောင် လုပ်တတ်ကြတယ်။ လွယ်လွယ်နဲ့ ဖြေရှင်းလို့ရမယ့် ကိစ္စလေး ဖြစ်ပေမယ့် ချဲ့လွန်းတာကြောင့် ဘေးလူတွေပါ ၀င်ဖြေရှင်းရပြီး နောက်ဆုံးမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ကြရတယ်။

"နှစ်ကာလတွေ ဘယ်လောက်ကြာအောင် ခင်မင်ခဲ့ပါစေ၊ တစ်ချက်ကလေး အဆင်မပြေတာရှိရင် ဘာခင်မင်မှုကိုမှ မထောက်ထားကြဘူး"
။ အရင်တုန်းကတော့ ဒီစကားမျိုးဟာ လောကမှာ ရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့ဖူးတယ်။ နဖူးတွေ့ ဒူးတွေ့ကြုံလိုက်ရမှ ဘယ်လောက်ပဲ ခင်ခဲ့ ခင်ခဲ့၊ လူတစ်ယောက်ကို ဒုက္ခရောက်အောင် သေချာအကွက်ချ စီစဉ်တတ်တဲ့ သူမျိုးလည်း ရှိပါလားဆိုတာ သိလာခဲ့တယ်။ ရင်ထဲမှာတော့ နာနာကျင်ကျင်ကြီးကို ခံစားရတာပေါ့။

"ပြသနာတွေကို စိတ်အေးအေးထား ဖြေရှင်းတာ အကောင်းဆုံးပဲ" ။ တစ်ချို့တွေက ပြသနာ ဖြစ်လာရင် ဘာကိုမှ မမြင်တော့ဘူး။ ထင်ရာစိုင်းတယ်၊ ဒေါသထွက်တယ်၊ မမှားသင့်တာတွေ ထပ်မှားကြတယ်။ လူမြင် သူမြင်မကောင်းအောင်ကို ထပ် ထပ် မှားကြတယ်။ ပြသနာရဲ့ ဇစ်မြစ်ကို မရှာပဲ ၀ါးလုံးရှည်နဲ့ ပတ်ရမ်းကြတယ်။ ဒီတော့ ပြသနာတွေဟာ ရှင်းလေ ရှုပ်လေဖြစ်ပြီး ရှင်းမရတော့ဘူး။ စိတ်ကိုအေးအေးလေးထား၊ ပြောစရာစကားတွေကို အနည်းဆုံးနဲ့ အထိရောက်ဆုံးပြော၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ယုတ္တိကျကျဖြေရှင်းတတ်ရင် နောက်ဆုံးမှာ ပြေလည်သွားတာ ချည်းပါပဲ။

"ကိုယ်က ဘယ်လောက် ကောင်းအောင်နေနေ..တစ်ယေက်ယောက်က မနာလိုစိတ် တစ်ချက်ဝင်တာနဲ့ ဂွမ်းတာပဲ" ။ ကျွန်မ ကိုယ့်ဟာကိုယ် အကောင်းဆုံး ဖြစ်အောင်ကြိုးစားနေထိုင်ခဲ့တယ်။ ကိုယ့်ဟာကိုယ် ကောင်းအောင်နေသလို အများအပေါ်မှာလည်း တတ်နိုင်သလောက် ကောင်းခဲ့တယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး ကျွန်မကို မနာလိုစိတ်တွေဝင်ပြီး အပြင်မှာ အပုပ်တွေချ၊ မကောင်းသတင်းတွေ ဖြန့်၊ နာမည် မပျက် ပျက်အောင် တစ်ယေက်က လုပ်ခဲ့တယ်။ အကြောင်းသိပ်မသိသေးလို့ လုပ်တာဆိုရင် ဒီလောက်စိတ်ဆင်းရဲရမှာ မဟုတ်ဘူး။ ခုတော့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ အကြောင်းသိ တစ်ယောက်၊ အရမ်းလည်းခင်တဲ့၊ အမလို လေးစားရတဲ့ သူတစ်ယောက်က လုပ်နေတာကို သိလိုက်ရတော့ Shock တွေရပြီး အိပ်ရာထဲ လဲတဲ့အထိ ဖြစ်ခဲ့တယ်လေ။ ဒါပေမယ့် ကျွန်မ သူ့ကို ချစ်ဆဲပါ၊ လေးစားတာတွေ နည်းနည်းတော့ လျော့သွားပေမယ့် သူ့ကို စေတနာ ရှိဆဲပါ။ အခွင့်အခါ သင့်ရင် ကျွန်မ သူနဲ့ ပြန်လည်သင့်မြတ်ဖို့ ကြိုးစားချင်ပါသေးတယ်။ သူ့ဘက်က လက်ခံမယ် ဆိုရင်ပေါ့လေ။


ဒီရက်ပိုင်း စိတ်တွေ တော်တော်ညစ်နေခဲ့တယ်။ ခုတော့ ညစ်နေတာတွေကို ခေါင်းအေးအေးထားပြီး ရှင်းထုတ်နိုင်ခဲ့ပါပြီ။ အားပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်နေပါတယ်ရှင်။

2 comments:

ကေကေ said...

အားတင်းပါ ညီမရေ..
ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတဲ့
စကားတောင်ရှိသေးတာပဲ
သူ့အပေါ်မေတ္တာစူးစူးစိုက်စိုက်ပို့ပေးလိုက်ပါ

* In Search of Truth * said...

ဖွားပင့် (အဲလိုခေါ်တာ မကြိုက်ရင် ကျနော် ပြင်မယ်နော်)

လောကဆိုတာ အဲလို လူတွေ နဲ့ပြည့်နှက်နေတာဗျ။ သူတော်ကောင်းဆိုတာ အရှားသား။ ဘာပဲ ဖြစ်ဖြစ် ... စိတ်မပျက်ပါနဲ့ဗျာ.. စိတ်သက်သာအောင် ရွှေတိဂုံဘုရားသွားဖူးပေါ့။ အဖေါ်လိုရင်လည်းပြောနော် =P

(ဖွားပင့် စကားမစပ်.. စိတ်ရှုပ်နေတုံး စိတ်မကြည်အောင် ထပ်လုပ်တယ်လို့တော့ မထင်ပါနဲ့။ ဖွားပင့် ဆီပုံးထဲမှာ ရခွီးလို့ ခေါ်တာ ဘာကြောင့် မကြိုက်လဲ ဆိုပြီး မေးထားတဲ့ လူမျိုးရေးခွဲခြားတဲ့ ကောင်ရဲ့ စာမျိုးလဲ ဖျက်ပြစ်နော်။ ရန်ဖြစ်ဖို့ အကူအညီလိုရင်ပြော.. ကရာတေးကို ontario ပြည်နယ်အထိ တက်ဆော့ဘူးတယ် =P )

ဇော်မျိုး (ခပ်ချောချော တောသား )