Showing posts with label မှတ်သားစရာ နည်းယူစရာ. Show all posts

Monday, February 23, 2009

Good Tips for Everything!

ကျွန်မတို့တွေ လူမှုဘ၀မှာ ရှင်သန်နေထိုင်ဖို့ဆိုရင် ငွေကြေးတောင့်တင်းဖို့အပြင် ကျန်မားရေးကောင်းဖို့၊ ရုပ်ရည်ရူပကာ လှပဖို့၊ လူမှု့ဆက်ဆံရေး ချောမွေ့ အဆင်ပြေစေဖို့ စတာတွေကလည်း မလွဲမသွေ လိုအပ်ပါတယ်ရှင်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်

1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ -- Energy, Enthusiasm နဲ့ Empathy တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10 နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။ (အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)

Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင် လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့ အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက် မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့ သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင် သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။ တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။ (သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့ အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင် ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့ အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့.. အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့် ပျော်ပျော်သာနေပါ။

နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအကြောင်းအရာကို သင်ချစ်တဲ့ လူအယောက် (၄၀) ကို မျှဝေပေးလိုက်ပေါ့။ ဒါမှာ ကိုယ်ချစ်တဲ့သူတွေကော ကိုယ်ကိုယ်တိုင်ပါ ပိုပြီး ကျန်းမာပျောရွှင်မှာပေါ့ရှင်။

Thursday, September 18, 2008

Good Tips for Life!

ဒီလောကမှာရှိတဲ့ လူတစ်ဦးတစ်ယောက်နဲ့မှ သင့်ကိုယ်သင် ယှဉ်မကြည့်လိုက်ပါနဲ့.. ယှဉ်ကြည့်မယ်ဆိုရင် ဒါဟာ ကိုယ့်ဟာကိုယ် စော်ကားတဲ့ သဘောပါပဲ။

သော့မရှိပဲ ဖွင့်လို့ရတဲ့ lock ကို ဘယ်သူကမှ မတီထွင်ခဲ့ပါဘူး။ ထိုနည်းတူပါပဲ.. ဘုရားသခင်ကလည်း အဖြေမရှတဲ့ ပြသနာတွေကို ဖန်ဆင်းပေးနေတာ မဟုတ်ပါဘူး။

သင်စိတ်ဆင်းရဲနေတဲ့အခါ လောကကြီးက သင့်ကိုလှောင်ပြောင်လိမ့်မယ်၊ သင်စိတ်ပျော်ရွှင်နေချိန်မှာတော့ သင့်ကိုပြုံးပြနေလိမ့်မယ်။ သင်ကတစ်ခြားသူတွေကို ပျော်ရွှင်စေချိန်မှာတော့ သင့်ကို လောကကြီးက အလေးပြုနေမှာပေါ့။

အောင်မြင်တဲ့ လူသားတိုင်းမှာ နာကြည်းစရာကောင်းတဲ့ ဇတ်လမ်းလေးတွေ ရှိနေတတ်ကြတယ်။ ၀မ်းနည်းစရာ၊ နာကြည်းစရာ ပုံပြင်တွေ၊ ဇတ်လမ်းတွေဟာလည်း ပျော်ရွှင်စရာ နိဂုံးတွေ ရှိတတ်ကြပါတယ်။ ဒီတော့.. နာကျင်စရာတွေကို လက်ခံပြီး အောင်မြင်မှုအတွက် အသင့်ဖြစ်နေပါစေ။

တစ်ပါးသူတွေရဲ့အမှားကို ထောက်ပြဖို့ သိပ်ကိုလွယ်ကူတယ်၊ ကိုယ့်အမှားကို ကိုယ် သဘောပေါက်လက်ခံဖို့ ကျတော့ ခက်ခဲတတ်ကြတယ်။ ကိုယ့်ခြေထောက်ကိုယ် ဖိနပ်နဲ့ လုံခြုံအောင် ကာကွယ်ထားနိုင်ပေမယ့် ကမ္ဘာကြီးကိုကျတော့ ကော်ဇောတစ်ချပ်နဲ့ ဘယ်လိုမှ လုံအောင်ဖုံးနိုင်မှာ မဟုတ်ဘူး။

ဆိုးဝါးတဲ့ အတိတ်ကို ဘယ်သူကမှ ပြန်ပြီးပြောင်းလဲလို့ မရနိုင်ဘူး။ ဒါပေမယ့် လူတိုင်းဟာ အနာဂတ်မှာ အောင်မြင်နိုင်ဖို့ ခုကတည်းက စတင်နိုင်တယ်။

ပြသနာတစ်ခုကို ဖြေရှင်းနိုင်မယ်ဆိုရင် ဘာမှတွေးပူနေစရာ မလိုဘူး။ စိုးရိမ်ပူပန်ခြင်းတွေကြောင့်သာ ပြသနာတွေကို ဖြေရှင်းလို့မရ ဖြစ်သွားနိုင်တယ်။

အခွင့်အရေးကို လက်လွတ်လိုက်ရရင်လည်း ငိုကြွေးမနေပါနဲ့၊ သင့်ရှေ့မှာ ပိုကောင်းတဲ့ အခွင့်အလမ်းတစ်ခု ရှိနေပါသေးတယ်။

ရင်ဆိုင်ရမှာတွေကို ပြောင်းလဲလိုက်ခြင်းက ဘာကိုမှ ဖြစ်မလာစေဘူး။ အပြောင်းအလဲတွေကို ရင်ဆိုင်လိုက်မှသာ အရာရာကို ပြောင်းလဲသွားစေမှာပါ။

တစ်ခြားလူတွေကို နားပူနားဆာ လုပ်မနေပါနဲ့၊ ငြိမ်းချမ်းမှုကို လိုချင်ရင် သင့်ကိုယ်သင် ပြောင်းလဲပစ်လိုက်ပါ။

အမှားဆိုတာ ဖြစ်လာတဲ့အချိန်မှာတော့ နာကျင်စရာတွေပါ။ ဒါပေမယ့် နှစ်တွေကြာလာတဲ့အခါမှာတော့ အမှားတွေစုဝေးပြီး အတွေ့အကြုံဆိုတာ ဖြစ်လာတယ်။ အဲဒီ အတွေ့အကြုံတွေနဲ့ပဲ အောင်မြင်မှုကို ရရှိစေတယ်။

သင်ရှုံးနိမ့်တဲ့အခါ ရဲရင့်ပါ.. အောင်မြင်တဲ့အခါကျတော့ တည်ငြိမ်တတ်ပါစေ။

Wednesday, June 11, 2008

Let's Laugh Together

7 Days News Journal မှာ ဖော်ပြခဲ့ဖူးတဲ့ "ကျွန်တော်တို့ ရယ်ကြရအောင်" ဆိုတဲ့ ဆောင်းပါးလေးကို ဘလောဂ့်ရောက်လာ မိတ်သဟာ အပေါင်းအတွက် ပြန်လည်ဝေငှ ပေးချင်ပါတယ်ရှင်။ ရယ်မောခြင်းက ဘာအတွက် ကောင်းတာလဲ၊ ကျွန်မတို့ ဘာကြောင့် ရယ်သင့်သလဲ ဆိုတာတွေကို ကလောင်ရှင် "သာတူ" ကရေးသား ဖော်ပြပေးထားပါတယ်ရှင်။ ဖတ်ကြည့်လိုက်ကြပါအုံးနော်။

ရယ်မောခြင်းဖြင့် နဂိုရုပ်သွင်ထက်ပိုမိုနုပျိုသွားသည့်အပြင် ကိုယ်တိုင်အတွက်ကော တစ်ဖက်လူအတွက်ပါ တက်ကြွရွှင်လန်းမှုကိုပေးသည်။

ကျွန်တော်တို့ ရယ်ကြရအောင်

(သာတူ)

ဒီနေ့ခေတ်မှာ ကျွန်တော်တို့မှာ စိတ်ဖိစီးမှု တွေ သိပ်များပါတယ်။ စားဝတ်နေ အရေးသုံးပါးကို အလျင်မီအောင်မနည်းရုန်းကန် နေရတဲ့အထဲ ကမ္ဘာကြီးပူနွေးလာမှု ဂယက် ကြောင့် ရာသီဥတုတွေက အရင်ကထက် ပိုမိုပြင်းထန် ပူပြင်းလာပါတယ်။ ရာသီဥတုတွေ ဖောက်ပြန်လာတော့ လူတွေလည်း ပိုဖောက်ပြန်လာတာပေါ့။ လောဘ၊ ဒေါသ၊ မောဟတွေပိုများလာကြ တယ်။ ရတုန်းယူထားမှ ယူနိုင်သမျှယူထား မှ ဆိုပြီး လောဘတွေပိုများလာကြတယ်။ ထစ်ကနဲဆို ဒေါသကြီးပြီး ဒေါသတွေပို များလာကြတယ်။ အမှားအမှန်ကို အရင် လောက် မခွဲနိုင်တော့ဘူး။ မောဟတွေ ပို များလာကြတယ်။ အခုတလောဆို နေကပိုပူလာ၊ မီးက မလာဆိုတော့ နေရထိုင်ရတာ အတော်ကို ခက်ခဲလာပါတယ်။ စိတ်ညစ်စိတ်ရှုပ်စရာ ကောင်းပါတယ်။ ဒီအချိန်မှာ ဖတ်မိတဲ့ အကြောင်းကတော့ ကမ္ဘာ့အရယ်နေ့ World Laughter Day ဟာ မေ ၆ (တနင်္ဂနွေ)မှာ ကျရောက်မယ်ဆိုတဲ့အ ကြောင်းပါ။ ဖတ်ကြည့်တော့ စိတ်ဝင်စား စရာကောင်းပါတယ်။

ကမ္ဘာ့အရယ်နေ့ (World Laughter Day)

ကမ္ဘာ့အရယ်နေ့ World Laughter Day ကို ၁၉၉၈ မှာ အိန္ဒိယဒေါက်တာ မဒန်း ကာတာရီးယား Dr Madan Kataria က စတင်ဖန်တီးသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာလုံးဆိုင်ရာ ရယ်မောခြင်း ယောဂလှုပ်ရှားမှုကို တည်ထောင်ခဲ့သူ လည်းဖြစ်ပါတယ်။ ပထမဆုံး ကမ္ဘာ့အရယ်နေ့ကို ၁၉၉၈ ဇန်န၀ါရီ ၁၁ မှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ မှာကျင်းပခဲ့ပြီး၊ အိန္ဒိယနဲ့ နိုင်ငံတကာမှ ပရိသတ် ၁၂၀၀၀ တက်ရောက်ခဲ့ကြပါ တယ်။ အဲဒီပရိသတ်တွေဟာ ရယ်မောခြင်း ကလပ်တွေက အဖွဲ့ဝင်တွေဖြစ်ကြပြီး၊ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ကမ္ဘာ့အရယ် နေ့မှာ လူအများဆုံးပါဝင်တဲ့ ရယ်မောခြင်း အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။ အခုဆိုရင် ကမ္ဘာ့တိုက်ကြီး ၅ တိုက်ရဲ့ နိုင်ငံပေါင်း ၅၀ ကျော်မှာ ရယ်မောခြင်း ကလပ်ပေါင်း ၅,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရယ်မောခြင်းယောဂ လှုပ်ရှားမှုကို တည်ထောင်ခဲ့သူက အိန္ဒိယ နိုင်ငံသားဖြစ်လေတော့ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ကမ္ဘာ့အရယ်နေ့ကို မွန်ဘိုင်း မှာ ကျင်းပခဲ့တာ ဖြစ်ပေမယ့် အိန္ဒိယနိုင်ငံ အပြင်ဘက်မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ တဲ့ ရယ်မောခြင်းလှုပ်ရှားမှုကိုတော့ ဥရောပက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မှာ ၂၀၀၀ ပြည့်နှစ်၊ ဇန်န၀ါရီ ၉ မှာ ကျင်းပခဲ့ ပါတယ်။ ကိုပင်ဟေဂင်မြို့တော်ခန်းမ ရင်ပြင် မှာ ကျင်းပခဲ့တဲ့ ရယ်မောခြင်းအခမ်းအနား ကို Happy-Demic လို့ခေါ်ခဲ့ကြပြီး၊ ပရိသတ် ၁၀,၀၀၀ ကျော်တက်ရောက်ခဲ့ ပါတယ်။ အဲဒီလှုပ်ရှားမှုကို ကမ္ဘာ့စံချိန်များ မှတ်တမ်းတင်စာအုပ် ဂင်းနက်စ်စာအုပ်မှာ မှတ်တမ်းတင် ဖော်ပြခံခဲ့ရပါတယ်။ အခုဆိုရင်တော့ ကမ္ဘာ့အရယ်နေ့ World Laughter Day ကို နှစ်စဉ်မေလ ရဲ့ ပထမတနင်္ဂနွေနေ့ကို သတ်မှတ်ပြီး ကျင်းပကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာဆို လည်း အဲဒီနေ့ကျရင် လူတွေရာနဲ့ချီပြီး (တစ်ခါတလေလည်း ထောင်နဲ့ချီလို့) အတူ တကွ စုပေါင်းရယ်မောကြပါတယ်။

ရယ်မောခြင်း၏အကျိုးအာနိသင်များ

မရယ်တော့မှိုင် ရယ်တော့ပိုင်တဲ့။ မရယ်ဘဲ နေတော့ မှိုင်တွေတွေနဲ့ စိတ်ကလန်းဆန်း မှုမရှိပါဘူး။ ဒီနေ့ခေတ်ရဲ့ အလိုမပြည့်နိုင် မှုတွေနဲ့ စိတ်ဖိစီးမှုတွေကြားမှာ ဘ၀အ မောတွေနဲ့ အခက်အခဲတွေကြားမှာ လူ ဘ၀ဟာ ပျင်းရိငြီးငွေ့ဖွယ်၊ ခြောက်သွေ့ အက်ကွဲဖွယ်၊ လူ့ပတ်ဝန်းကျင်က ခွဲထွက် စွန့်ခွာဖွယ် အနေအထားတွေနဲ့ချည်း ကြုံ ရမှာ ဖြစ်ပါတယ်။ ရယ်မောတော့ ဘာဖြစ်သလဲ။ အနည်းဆုံးသက်သာရာ ရစေပါတယ်။ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အခက်အခဲတွေ့လို့ပဲ ဖြစ် ဖြစ်၊ ရှေ့မတိုး နောက်မဆုတ်သာ အနေ အထားရောက်လို့ပဲဖြစ်ဖြစ် တစ်ချက်ရယ် မောလိုက်တိုင်း တစ်ချက်စိတ်သက်သာရ စေပါတယ်။

ရယ်မောခြင်းဟာ အပေါင်းလက္ခ ဏာဆောင်သော၊ စွမ်းအားရှိသော စိတ် ခံစားမှုဖြစ်ပြီး၊ လူတွေအတွက် လိုအပ် တဲ့ ဓာတ်တွေအားလုံးဟာ ရယ်မော ခြင်းမှာ ပါဝင်နေပါတယ်။ ရယ်မော လိုက်ခြင်းကြောင့် အဲဒီလိုအပ်တဲ့ ဓာတ် တွေကို ရရှိလိုက်ပြီး ရယ်မောသူကိုယ် တိုင်နဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာ ပြီး အပေါင်းလက္ခဏာဆောင်စေပါ တယ်။ ရယ်မောခြင်းကြောင့် လူတွေက ထွက်တဲ့ လျှပ်စစ်သံလိုက်စက်ဝန်းကို တိုက်ရိုက် အကျိုးသက်ရောက်စေပြီး၊ ရယ်မောလိုက်တဲ့အခါ အဲဒီလူရဲ့ ပတ်လည်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ပတ်ဝန်းကျင်ကို ဖြစ်စေပါတယ်။ တစ်ဦးချင်းစီပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ စုပေါင်း ရယ်မောကြတဲ့အခါ အပေါင်းလက္ခဏာဆောင်တဲ့ အင်အားရှိတဲ့ စုပေါင်းဝန်းကျင်တစ်ခုဖြစ်ပေါ်ပါတယ်။ နေ့စဉ်နေ့တိုင်း ရယ်မောကြတဲ့ အုပ်စု တစ်ခုထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေက အနုတ်လက္ခဏာဆောင်တဲ့ ၀န်းကျင်(မကောင်းကျိုးဖြစ်ပေါ်စေမဲ့အ ရာတွေ) မဖြစ်အောင် တားဆီးကာ ကွယ်ပေးပါတယ်။ ရှေးရှေးတုန်းက အိန္ဒိယကလူတွေ ယုံကြည်လက်ခံထားတဲ့ သူတို့ရွာမှာ သူ တော်ကောင်းတစ်ယောက်ရှိရင် တစ် ရွာလုံးကို မကောင်းဆိုးဝါးတွေဒဏ်က အကာအကွယ်ပေးနိုင်တယ်၊ လုံခြုံ တယ်ဆိုသလို ရယ်မောခြင်းဖြင့်လည်း အလားတူအကျိုးရနိုင်ပါတယ်။ ရယ်မောခြင်းဟာ ကမ္ဘာသုံးဘာသာ စကားတစ်မျိုးလည်း ဖြစ်ပါတယ်။ လူမျိုး၊ ဘာသာအယူအစွဲတွေ မပါဝင်ဘဲ လူတွေ ပဲဆိုပြီး ပေါင်းစည်းမှုကို ရယ်မောခြင်းဖြင့် ရနိုင်ပါတယ်။ ဘာသာမတူတဲ့ လူတွေကြား ထဲမှာ ရယ်မောခြင်းဖြင့် အလွယ်တကူ ဆက်သွယ်နိုင်ကြပြီး၊ အားလုံးကောင်းမယ့် ပေါင်းစည်းမှု တစ်ခုရနိုင်ပါတယ်။ ရယ် မောရုံနဲ့ ဒီလောက်တောင် ဖြစ်နိုင်ပါ့မလား လို့ တွေးထင်နိုင်ပေမယ့် ဒါဟာ တကယ် ပဲ ဖြစ်နိုင်ပါတယ်။ ရယ်မောခြင်းဖြင့်ပင် စိတ်ဖိစီးမှုတွေ ကနေ ကင်းလွတ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်းနှီးချစ်ကြည်စွာ ညီရင်းအစ်ကို မောင် ရင်းနှမ စိတ်ဓာတ်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး တည်ဆောက်နိုင်ကြပါတယ်။ ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးဝါးလည်း ဖြစ်တာမို့ လူတွေဟာရယ် ဖို့ လိုပါတယ်။ ရယ်ခြင်းဖြင့် လူတွေမှာရှိ နေတဲ့ စိတ်ဖိစီးတွေကို ဖယ်ရှားနိုင်ပါ တယ်။ ရယ်မောခြင်းဖြင့် စိတ်ကြည်လင် ရွှင်ပြပြီး တက်ကြလာပါတယ်။ ဒါကြောင့် ပျူငှာတဲ့အမူအရာဖြစ်လာပြီး တစ်ပါးသူ တွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံလာပါတယ်။ အရင်မျိုးဆက်တွေကဆိုရင် ကျန်းမာ ပျော်ရွှင်တဲ့ အရွယ်ရောက်ပြီး လူတစ်ဦး ဟာ တစ်နေ့ကို အနည်းဆုံးမိနစ် ၂၀ လောက် ရယ်မောခဲ့ကြပါတယ်။ ဒီနေ့ ခေတ်မှာတော့ နိုင်ငံများစွာမှာ အရွယ် ရောက်ပြီး လူတစ်ဦးဟာ တစ်နေ့ကို ငါး မိနစ်လောက်တောင် မရယ်ကြတော့တာ တွေ့ရပါတယ်။ ဒါဟာ ဒီနေ့ခေတ် လူ့ဘ၀ ရဲ့ ဆိုးရွားမှုတစ်ခုလို့ ပြောလို့ရပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက် ဟာ ဘယ်လောက်ပဲအလုပ်များများ တစ် နေ့ကို မိနစ် ၂၀ လောက်တော့ ရယ်မော သင့်ပါတယ်။ ဒါမှ စိတ်ကြည်လင်ပြီး ပျော် ရွှင်လန်းဆန်းကျန်းမာမှာ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာကောင်းကြောင်း၊ လူ့ကျန်း မာရေးအတွက် အထောက်အကူပြုကြောင်း၊ စိတ်ဖိစီးမှုတွေကို လျော့နည်းသက်သာ ပျောက်ကင်းစေကြောင်း သိထားပါလျက် နဲ့ ကျွန်တော်တို့ဘာကြောင့် မရယ်ကြရ မှာလဲ။ ကျွန်တော်တို့ ရယ်ကြရအောင်။

ကျွန်တော်တို့ရယ်ကြမယ်မယ်

ရယ်မောခြင်းဟာ အေးဆေးသက်သာတဲ့ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုလည်းဖြစ် ပါတယ်။ ရယ်မောခြင်းဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာနဲ့ အဆုတ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ဖြည့်တင်းပေးပါတယ်။ အသက်ရှူလမ်းကြောင်းကိုလည်း သန့်ရှင်း စေပြီး အဆုတ်ကို လေ့ကျင့်ခန်းလုပ်ပေး ရာလည်းရောက်ပါတယ်။ ရယ်မောခြင်းဟာ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန် မလုပ်နိုင်သူတွေ၊ အေရိုးဗစ်လေ့ကျင့်ခန်း မလုပ် နိုင်သူ ပျိုပျိုမေတို့အတွက် အလွန်ပဲအကျိုး ရှိလှပါတယ်။ ကျွန်တော်တို့ ရယ်တဲ့အခါ ခန္ဓာကိုယ် ကနေ ဟိုမုန်းဓာတ်တွေနဲ့ ဓာတုပစ္စည်းတွေ ထွက်ပြီး ခန္ဓာကိုယ်ကို ကောင်းကျိုးပြု တယ်။ စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။ သွေးတိုးကျတယ်။ စိတ်အားတက်တယ်။ ခန္ဓာကိုယ်ခုခံအားစနစ်တက်လာတယ်။ အနောက်တိုင်း ဆေးသိပ္ပံကတော့ ရယ်မောခြင်းရဲ့ အကျိုးရလဒ်တွေကို ကောင်းကောင်းကြီး သုတေသနပြုနေကြပြီ။

အရယ်ကလပ်ထောင်ကြမယ်
အရက်ကလပ်မဟုတ်ဘူးနော်။ အရယ် ကလပ် Laughter Club ထောင်ကြရင် သိပ်ကောင်းမှာပဲ။ ဒါဟာ ဒီနေ့ခေတ်မှာ လိုအပ်လာပြီ၊ စိတ်ပါဝင်စားသူတွေက ဦး ဆောင်ပြီး လုပ်ကြရမှာပဲ။ စိတ်ဖိစီးမှုတွေ အောက်မှာ စိတ်သောကတွေအောက်မှာ ချည်း စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူး။ လူ တွေဖြစ်လို့ ဒါတွေကို ကျော်လွှားလွန် မြောက်အောင် ကြိုးစားရမှာပဲ။ လူမှာက စိတ်က ဦးဆောင်နေတော့ စိတ်ပျော်ရွှင် အောင် စိတ်ကြည်အောင် လုပ်ကြရမှာပဲ။ အရယ်ကလပ်တွေမှာ နိုင်ငံရေး မလုပ်ဘူး။ ဘာသာရေး မဆွေးနွေးဘူး။ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက် ဘူး။ မပြိုင်ဆိုင်ကြဘူး။ ဖိအားတွေ မပေး ကြဘူး။ ကိုယ့်အကြောင်းတွေ မကြားဘူး။ လူတိုင်းကို ကြိုဆိုကြမယ်၊ လူတိုင်းပါဝင်နိုင် ရမယ်။ လူတိုင်းရယ်မော ပျော်ရွှင်နိုင်ရမယ်။ အရယ်ကလပ်တစ်ခု ထူထောင်ဖို့ လူ ရယ်၊ နေရာရယ်၊ အချိန်ရယ်သုံးခုလိုအပ် တယ်။ အရယ်ကလပ်မှာ လူတွေစုစည်းပြီး ရယ်မောကြမယ့် နေရာဖြစ်လို့ လူတွေလို တယ်။ လူတွေရှိလာရင် ခေါင်းဆောင်တစ် ယောက်လိုတယ်။ ခေါင်းဆောင်ကို ထောက် ကူဖို့ အကူတစ်ယောက်လိုမယ်။ လူတွေရှိလာရင် နေရာလိုလာမယ်။ နေရာမှာ အမျိုးမျိုးရှိတယ်။ အခမဲ့နေရာ၊ အခပေးနေရာဆိုပြီးရှိတယ်။ ရုံးမှာလုပ် မလား၊ အိမ်မှာလုပ်မလား၊ ခြံတစ်ခုမှာလုပ် မလား၊ အခန်းငှားမလား စဉ်းစားရမယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် ပြည်သူ့ပန်းခြံတွေက အရယ်ကလပ်အတွက် ရှယ်ပဲ။ အိန္ဒိယမှာ ပြည်သူ့ပန်းခြံတွေက ပြည်သူတွေအတွက် အခမဲ့ဖြစ်တယ်။ မနက်တိုင်းလည်း လူ တွေက ပန်းခြံမှာလမ်းလျှောက်ကြ၊ လေ့ ကျင့်ခန်းလုပ်ကြတယ်။ ရုံးဆိုလည်း ကောင်းတာပါပဲ။ နံနက် စောစောရုံးမတက်ခင် ဒါမှမဟုတ် ရုံးဆင်း ချိန်တွေမှာ အရယ်ကလပ်အတွက် ဆောင် ရွက်နိုင်ကြတယ်။ မနက်ပိုင်းရယ်မောခြင်း ဟာ တစ်နေ့တာလုံးအတွက် ကောင်းတယ်။ တစ်နေကုန် စိတ်ကြည်လင်ရွှင်ပြနေလို့ အလုပ်လုပ်လို့ ကောင်းတယ်။ ညနေပိုင်း ရုံးဆင်းချိန်ကလည်း ကောင်းတာပါပဲ။ အချိန်ကတော့ ကလပ်အဖွဲ့ဝင်တွေ အားလုံး အဆင်ပြေမယ့် အချိန်ကိုရွေးရ မယ်။ မနက်ဆိုလည်း မနက်ပိုင်း၊ ညနေဆို လည်း ညနေပိုင်းပေါ့။ ဒါပေမယ့် အချိန် သတ်မှတ်ပြီးဆိုကတည်းက လူတိုင်းအ တွက် ၁၀၀ ရာခိုင်နှုန်း ပြေလည်နိုင်မှာ တော့မဟုတ်ဘူး။ အများစု အဆင်ပြေမယ့် အချိန်ကိုရွေးရမှာပေါ့။ လူတိုင်းဟာ တစ်နေ့ကို မိနစ် ၂၀ မရယ်နိုင်ကြဘူး။ ဒါကြောင့် ကလပ်မှာ ရယ်လည်းရယ်မယ်။ အသက်ပြင်းပြင်းရှု လေ့ကျင့်ခန်းကိုလည်း လုပ်ကြမယ်။ ဒါကို သူတို့က အရယ်ယောဂလို့ခေါ်ကြတယ်။ အုပ်စုလိုက်ရယ်လည်း ရယ်ကြ၊ အသက်ရှု လေ့ကျင့်ခန်းလည်း လုပ်ကြပေါ့။ အရယ်ကလပ်တစ်ခုကို ပုံမှန်လေး လည်ပတ်သွားနိုင်အောင်ကိုတော့ အချိန် တစ်နှစ်လောက်ယူကြရမှာ ဖြစ်ပါတယ်။ စမ်းသပ်ဖို့လာတဲ့လူ၊ စိတ်ဝင်စားတဲ့လူ၊ အပျော်အပြက်လာတဲ့လူ စတဲ့လူတွေဝင် ရင်း ထွက်ရင်း စိစစ်ရင်းနဲ့မှ ရယ်မောခြင်း အကျိုးကို တကယ်သိသွားတဲ့ လူတွေတင် ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာ အကျိုးရှိပါတယ်။ ကျွန်တော်တို့ ရယ်ကြရ အောင်ပါ။

Tuesday, June 10, 2008

Great Value in Disaster

သောမတ်စ် အက်ဒီဆင်ရဲ့ ဓါတ်ခွဲခန်းဟာ 1914 ခုနှစ်၊ ဒီဇင်ဘာ ညတစ်ညမှာ မီးလောင် ပျက်စီးခဲ့ပါတယ်။ ပျက်စီးမှု စုစုပေါင်းရဲ့ တန်ဘိုးဟာ 2 မီလျံဓေလာလောက် ရှိပေမယ့် အဆာက်အဦးအတွက် အာမခံကြေးကတော့ 238,000 ဒေါ်လာဘို့းပဲ ရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အဆောက်အဦးကို ကွန်ကရစ်တွေနဲ့ ဆောက်ထားတဲ့အတွက် မီးလောင်ခံတယ်လို့ ယူဆကြလို့ပဲ ဖြစ်ပါတယ်။ အက်ဒီဆင်ရဲ့ ဘ၀တစ်လျှောက်လုံး ကြိုးစားလုပ်ကိုင် ခဲ့သမျှဟာ အဲဒီ ဒီဇင်ဘာညရဲ့ မီးတောက်အတွင်းမှာ ဆုံးရှုံးခြင်းမလှ ဆုံးရှုံးခဲ့ရပါတယ်။

မီးတောက်တွေ ပြင်းထန်လာချိန်အတွင်းမှာ အက်ဒီဆင်ရဲ့ 24 နှစ်အရွယ်ရှိတဲ့ သားကလေး Charles ဟာ သူ့အဖေကို အပျက်အစီးတွေ မီးခိုးတွေကြားမှာ ကသုတ်ကရက် ရှာဖွေနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့အဖေကို မီးလောင်နေတဲ့ မြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေတာကို တွေ့ခဲ့ရပါတယ်။ အက်ဒီဆင်ရဲ့ မျက်နှာဟာ မီးရောင်ထက်ဟပ်မှုကြောင့် ၀င်းထိန်နေပြီး ဆံပင်ဖြူတွေကလည်း လေထဲမှာ ဝေ့၀ဲနေကြပါတယ်။

“ကျွန်တော့်ရဲ့ အသဲနှလုံးတွေ ကျွန်တော့် အဖေအတွက် နာကျင် ကြေကွဲရပါတယ်ဗျာ” လို့ ချာလ်စ်းက ပြောဆိုခဲ့ပါတယ်။ “အဖေက အသက် 67 နှစ်အရွယ်ရှိနေပြီ.. သူငယ်ရွယ်တော့တဲ့ အရွယ် မဟုတ်ဘူးဗျ၊ သူ ကြိုးစားခဲ့သမျှ မီးထဲ အကုန်ပါကုန်ပြီလေ။ သူကျွန်တော့်ကို မြင်တော့ လှမ်းခေါ်လိုက်တယ်။ “ချာလ်စ်းရေ မင်းအမေကောကွ”။ ကျွန်တော်က မတွေ့ဘူးလို့ ပြောတော့ “မြန်မြန် လိုက်ရှာစမ်းကွာ.. သူ့တစ်သက် ဒီလိုမြင်ကွင်းကို မြင်ဖူးမှာ မဟုတ်ဘူး..သူ့ကို ဒီခေါ်လာခဲ့လို့” အော်ပြောနေပါတယ်။

နောက်နေ့မနက်မှာတော့ အက်ဒီဆင်က အပျက်အစီးတွေကို ကြည့်ပြီး ပြောလိုက်တယ်။ “ဒါဟာ အဆိုးထဲက အကောင်းပဲ၊ ငါတို့ မှားခဲ့သမျှ၊ မတော်တစ်ဆ လုပ်ခဲ့သမျှတွေတော့ သွားကုန်ပြီ။ တော်သေးတာပေါ့.. ခုမှပဲ ငါတော့တွေ အသစ်ပြန်စနိုင်တော့မယ်”

မီးလောင်ပြီး 3 ပတ်အကြာမှာတော့ အက်ဒီဆင်ဟာ သူ့ရဲ့ ပထမဆုံး phonograph ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

Saturday, December 15, 2007

Comment from Jo Han Aung.

အကို ယောဟန်အောင်ဆီကနေ ပေးလာတဲ့ comment ကို အားလုံး ဖတ်စေချင်တဲ့ စေတနာကြောင့် တင်ပေးလိုက်ပါတယ်ရှင်။ ၀င်ဆွေးနွေးပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
သို့
ဒေါ်ပင့်ဂိုးလ်

ညီမ အရွယ်လောက်ရှိမယ် ထင်ပါတယ်။
ကျနော် တလင်တမယားစနစ်ဆိုတဲ့ ပို့စ်ကလေးဖတ်ရပါတယ်။ တင်ပေးတဲ့၊ ဆွေးနွေးတဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ သို့သော်လည်း ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှုထောင့်က ချဉ်းကပ်မှု သိပ်များသလားလို့ ယူဆမိပါတယ်။ ဖော်ပြထားတဲ့အတိုင်း ဦးအေးမောင် စာအုပ်? ကို ဖတ်ဖြစ်ပြီး ရေးမိတာဆိုတော့လည်း ကျင့်ဝတ်ပိုင်းများတာ ဖြစ်ပါလိမ့်မယ်။ ကျနော် စဉ်းစားပါ သေးတယ်။ သို့သော် သိပ်ဆွေးနွေးချင်လို့ မအားတဲ့ကြားက အချိန်အနည်းငယ် ယူပြီး စာရေးလိုက်တာ ဖြစ်ပါတယ်။ ဆရာ ကြီး လေသံပေါက်ရင် ခွင့်လွှတ်ပါ။ ဒီကော်မန့်ကို ပို့မှာတင်ချင်လည်းတင်၊ မတင်ရင်လည်းနေပါ။ ပြဿနာ မရှိပါ။

၁။ ကျနော် စာတအုပ်မှာ ဖတ်ဖူးပါတယ်။ အချစ်ဆိုတာ ၃-နားညီ တြိဂံနဲ့ တူတယ်လို့ ပြောပါတယ်။ “ရင်းနှီးမှု” “ယုံကြည်မှု” “လိင်အရ ဆွဲဆောင်နိုင်မှု” ဆိုတဲ့ အနား ၃-နားပါပဲ။ တခုခု ချို့ယွင်းခဲ့လို့ရှိရင် အရသာပြယ်နေတတ်ပါတယ်။
ဆိုပါစို့။
ရင်းနှီးမှုရှိတယ်။ ယုံကြည်မှုရှိတယ်။ လိင်ကိစ္စ မပါဘူး။ (သူငယ်ချင်းတွေလည်း ဖြစ်နိုင်တာပဲ)
ရင်းနှီးမှုရှိတယ်။ လိင်ကိစ္စပါတယ်။ ယုံကြည်မှု မရှိဘူး။ (တညတာကိစ္စ၊ အပျော်လိုက်တဲ့ကိစ္စတွေလည်း ဖြစ်နိုင်တယ်။)
ရင်းနှီးမှု မရှိဘူး။ ကျန်တာ ၂-ခုတော့ ရှိတယ်။ (သွေးအေးသွားတဲ့ လင်မယားတွေ၊ အချစ်မပါပဲ အိမ်ထောင်ပြုရတာမျိုး လည်း ဖြစ်လိမ့်မယ်) အဲသည်တော့ စာရေးဆရာက ၃-နားညီဖို့ လိုတယ် ပြောပါတယ်။

၂။ အဲသည်စာရေးဆရာက M. Scott Peterson M. D. ပါ။ The Road Less Travelled ဆိုတဲ့ စာအုပ်ပါ။ ကြုံရင် ရှာဖတ် စေချင်ပါတယ်။ သူဆွေးနွေးထားတာတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ အိမ်ထောင်မပြုခင် ဖတ်သင့်တယ်လို့ အကြံ ပြုချင်တဲ့ စာအုပ်မျိုးပါ။ ၂၅ ကြိမ်တိုင်တိုင် ပြန်ရိုက်ရပြီး Best seller စာအုပ်ပါ။
သူပြောတာက လူတွေမှာ ယုံမှတ်မှားချက် (Myth) ၊ ပုံပြင်၊ ဒဏ္ဍာရီတွေနဲ့ ကြီးလာကြရပါတယ်။ ကျနော်တို့ ကြားဖူးတဲ့ အိပ်ယာဝင် ပုံပြင် စနိုးဝှိုက်၊ စင်ဒရဲလား၊ စသဖြင့် နတ်သမီးပုံပြင် Fairy tales တွေပေါ့။ အဲသည်မှာ မင်းသမီးလေးပါတယ်။ သူ့ကို လာကယ်တဲ့ မင်းသားလေးပါတယ်။ အဲသည်လို ပုံပြင်တွေနဲ့ (ဘယ်လိုယဉ်ကျေးမှုမှာ မဆို) ကြီးပြင်းလာရပါတယ်။ အဲသည်တော့ ချစ်တဲ့သူလည်း တွေ့ရော၊ ချက်ချင်း ကိုယ်ရှာနေတဲ့ မင်းသားလေးလို့ ထင်လိုက်တတ်ပါတယ်။ ယောက်ျား လေးကလည်း ငါရှာနေတဲ့ စင်ဒရဲလား ဖိနပ်ပိုင်ရှင်လေးတော့ တွေ့ပြီ ထင်တတ်ကြပါတယ်။ အဲသည်လို တွေ့ကြတာဟာ သာမန်အကြောင်း မဟုတ်ဘူး။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေကြောင့်၊ ကောင်းကင်မှာလည်း ကြည်နက္ခတ်တာရာ တွေ စုံညီလို့၊ ကျနော်တို့ မြန်မာစာမှာဆိုရင်လည်း ဖူးစာဆုံလို့ ကြုံရတာမျိုး ထင်မိတတ်ကြပါတယ်။ ဒီဟာတွေက ဖန်တီး ထားတဲ့ မျိုးရိုးစဉ်ဆက် Myth တွေကြောင့်ပါ။

နောက်တော့ အိမ်ထောင်ပြုပြီး သိပ်မကြာခင်မှာပဲ ကိုယ်ရှာနေတဲ့ မင်းသားလေး မဟုတ်ပါလားလို့ ထင်လာတတ်ပါတယ်။ ပထမ ကာလ Chemistry ပျယ်ချိန် ဆိုပါတော့။ ယောက်ျားလေးဘက်ကလည်း အလားတူပဲ။ အပြစ်တွေ မြင်လာပါတယ်။ သည်တော့ အိမ်ထောင်ကွဲတာတွေ နောက်ဆုံး ဖြစ်လာပါတယ်။ “တလင် တမယားစနစ်” ဆိုတာတော့ ကောင်းပါတယ်။ သို့သော်လည်း အကြောင်းကြောင်းကို ထောက်ထားပြီး အမျိုးသမီးတွေဘက်က မကွဲရ။ ချုပ်ချယ်ထားမယ်ဆိုရင်တော့ လူ့ အခွင့်အရေးအရ မတရားဘူးလို့ ထင်မိပါတယ်။ တကယ်လို့ တချိန် သဘောမတွေ့ကြရင်လည်း ကွဲခွင့် ရှိသင့်ပါတယ်။ သို့ သော်လည်း ကလေးတွေ အရေးတော့ ရှိပါတယ်။

၃။ အခုတလော ဒီကိစ္စတွေကို သူငယ်ချင်းတယောက်နဲ့ ဆွေးနွေးပြောဆိုဖြစ်ပါတယ်။ အကြောင်းက သူက မကြာခင် အိမ်ထောင်ပြုဖို့ စဉ်းစားနေလို့ပါ။ ကျနော်တို့ နိုင်ငံမှာ အိမ်ထောင်ကွာရှင်းမယ်ဆိုရင် အမျိုးသမီးတွေကို ကာကွယ်ပေးထား တာ မတွေ့ရပါဘူး။ အမေရိကန်မှာတော့ ဒီအချက်တွေကို ဥပဒေနဲ့ ကာကွယ်ပေးထားတာ တွေ့ရပါတယ်။ အမေရိကန်ဟာ ရုပ်ဝတ္ထုတိုးတက်သော်လည်း ဘာသာရေး အတော်အစွဲသန်တဲ့ နိုင်ငံပါ။ သူတို့က တလင်တမယားစနစ်ကို ဥပဒေအရပါ ပြဌာန်းထားပါတယ်။ လက်ထပ်ကြတဲ့ အခါ ချပ်ကျောင်းတွေမှာ လက်ထပ်ခြင်းအားဖြင့် လက်ထပ်ခြင်းကို “ဘုရားသခင်” နဲ့ပါ တွဲချည်ထားလိုက်ကြပါတယ်။ တခါ လင်မယားကွဲတဲ့အခါ ကလေးတွေကို ဘယ်သူစောင့်ရှောက်ခွင့်ရှိတယ် ဆိုတာ ကို ဥပဒေနဲ့ ပြဌာန်းပါတယ်။ အိမ်ထောင်ကွဲကြရင် မိန်းမက ပိုင်ဆိုင်မှု အိမ်တွေ ဘာတွေလည်း ရပါတယ်။ ကလေးရှိနေရင် အရွယ် မရောက်သေးမချင်း၊ ယခင်ယောက်ျားက ကလေးထောက်ပံ့ကြေး child support ပေးကြရပါတယ်။ သူတို့လခရဲ့ သုံးပုံတပုံမှသည် အတော်များများကို ပေးကြရပါတယ်။ အဲသည်ယောက်ျားလည်း လူမွေးမပြောင်သလောက် ဖြစ်သွားပါ တယ်။ မိန်းမကတော့ ကလေးထောက်ပံ့ကြေးယူပြီး ကလေးတွေကို စောင့်ရှောက်နိုင်တယ်။ နောက်အိမ်ထောင်ပြုတဲ့အခါ ကလေးထောက်ပံ့ကြေး မရတော့ပါဘူး။ အကယ်၍ ကလေးထောက်ပံ့ကြေး ပေးဖို့ ပျက်ကွက်ရင် (သေချာမသိ) ၃-လ ခန့် ကြာတဲ့အခါ ယောက်ျားဆီက driver liscence ကို သိမ်းပါတယ်။ ကားမောင်းခွင့် မရှိရင် ခြေဖြတ်လိုက်သလိုပါပဲ။ အဲသည် တော့ ဆန္ဒမတူလို့ ကွဲကြစေဦး။ အမျိုးသမီးနဲ့ ကလေးများကို ကာကွယ်ပေးထားမှု ရှိပါတယ်။ သို့သော်လည်း ဆိုးကျိုးတွေ လည်း ရှိလာပါတယ်။ ယောက်ျားတဦးက မိန်းကလေးတဦးကို လက်ထပ်ဖို့ဆိုတာ အတော်စဉ်းစားရပါတော့တယ်။ တွဲရင် တွဲမယ်။ လက်ထပ်ဖို့ ပြောလာရင် ရန်သူ။ မိန်းကလေးတွေဖက်ကလည်း Will you marry me? လို့ ပြောလာရင် အတော့် ကို ပျော်နေကြရတာမျိုး ရုပ်ရှင်တွေမှာ တွေ့ဖူးမှာပါ။ နောက်တခါ ကလေးထောက်ပံ့ကြေးယူထားတဲ့ မိခင်တွေကလည်း နောက်ရီးစားထားမယ်။ လက်တော့ မထပ်ဘူး။ (ထောက်ပံ့ကြေး ပြတ်သွားမှာစိုးလို့)။ တခါ ယောက်ျားကလည်း ကိုယ့် ကလေးတွေအတွက် ထောက်ပံ့ရတာကို ၀တ္တရားတခုလို ဆူဆူအောင့်အောင့် ဖြစ်လာတယ်။ မေတ္တာ မပါတော့ဘူးပေါ့။ လူမဲ မိသားစုတွေမှာ ပညာရေးနိမ့်ကျတော့ ပိုအဖြစ်များပါတယ်။

၎။ နောက်တချက်က ကျနော်တို့ နိုင်ငံမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ counselling ကိစ္စက မရှိသလောက်ပါပဲ။ ကျနော် တို့ ဆီမှာတော့ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းလို့ ဘာသာပြန်ကြတယ် ထင်ပါတယ်။ ကျနော်တို့က စိတ်ဆရာဝန်နဲ့တွေ့ရင် ရူးတယ်လို့ ထင်ကြတယ်။ မတွေ့ချင်ကြဘူး။ ဒီမှာက သာမာန်ကိစ္စ။ လင်-မယားကြားမှာ ကတောက်ကဆတွေ ရှိတတ်ပါ တယ်။ အဲသည်လို အချိန်မျိုးမှာ ဒီမှာတော့ အကြံပေးသူတွေ ရှိတတ်ပါတယ်။ ကြားဖြတ်ပြောရရင် ကျနော် မိန်းမရကံ ကောင်းတယ် ဆိုရပါမယ်။ နားမပူတတ်ဘူး။ တခါတလေ ကျနော်က ဆူမိရင် သူက “အသံကျယ်လာပြီနော်” လို့ ပြောရင် ကျနော် ဘရိတ်ပြန်အုပ်ရတယ်။ သူက ပြောမိရင်လည်း ကျနော်က “ကြည့်.. လာဆူနေတယ်” လို့ ပြောရင် သူလည်း ပြန် ထိန်းတယ်။ ပြီးမှ ပြဿနာကို အေးအေးဆေးဆေး ပြောကြတယ်။ အခု အိမ်ထောင်သက် ၇-နှစ်ကျော်မှာ ရန်တခါမှ မဖြစ် ဖူးဘူး။
အဲသည်လို အိမ်ထောင်တွင်း ပြဿနာတွေ ရှိလာတဲ့အခါမှာ ကျနော်တို့ နိုင်ငံမှာက Counselling မရှိတော့ မိန်းမလုပ်သူ ကလည်း သူ့မိဘတွေဘက်သွားပြောတယ်။ ယောက်ျားကလည်း သူ့အသိုင်းအ၀ိုင်း သွားပြောတယ်။ အဲသည်မှာ အကြံပေး ချက်တွေက မှန်ကန်စရာ အကြောင်းနည်းတယ်။ ကိုယ့်လူဆိုတဲ့ အမြင်နဲ့ ဘက်လိုက် အကြံပေးကြတော့ “ဘက်လိုက်မှု” ပါနေတယ်။ ပြဿနာ ပိုကြီးသွားနိုင်တယ်။ ဒါမျိုးလည်း အိမ်ထောင်တွေ မကွဲခင် ရှိသင့်တယ် ထင်ပါတယ်။

၅။ စာလည်း တော်တော်ရှည်သွားပါပြီ။ နောက်တခုကတော့ ကျနော်တို့က နှစ်ယောက်ပေါင်းတာမဟုတ်ဘဲ ယောက်ခမ၊ ယောက်ခထီး၊ မိသားစုကြီး ၂-ခု ပေါင်းသလို ပေါင်းကြရတာပါ။ အဲသည်တော့ အပိုပြဿနာတွေလည်း များရပါတယ်။ တဘက်ကလည်း ဒါဟာအိမ်ထောင်ရေး ခိုင်မြဲစေဖို့၊ ဖောက်ပြန်မှု နည်းစေဖို့ အကြောင်းဖြစ်သလို၊ ဒါတွေကြောင့် ကွဲတာ လည်း မနည်းပါ။ စီးပွားရေးအရ အိမ်ခွဲနေနိုင်ကြရင်တော့ ကောင်းတာပေါ့။ နောက်တခုက အိမ်ထောင်မှာ လခအပ်-မအပ် ဆိုတဲ့ ပြဿနာတွေလည်း ရှိတတ်ပါသေးတယ်။ တချို့မိန်းမတွေက လခအပ်မှ ကြိုက်တယ်။ ထိန်းချုပ်ချင်တာ။ ကျနော်တို့ လင်မယားက အပ်စရာ မလိုဘူး။ သူလည်း သူ့ဝင်ငွေ၊ ကျနော်လည်း ကျနော့ဝင်ငွေ တခါတလေ လိုရင် အပြန်အလှန်ပေး ကြတယ်။ ညှိကြတယ်။ အိမ်ထောင်ရေးမှာ သီးခြားလွတ်လပ်မှုဟာလည်း ထည့်စဉ်းစားသင့်တဲ့ ကိစ္စပါ။

၆။ နောက်တခုကတော့ ကျနော်ကြားဖူးတဲ့ ဇာတ်လမ်းလေးရှိပါတယ်။ မြန်မာပြည်က နာမယ်ကြီးစာရေးဆရာ (လူပျိုကြီး) တယောက်ဟာ စာရေးဆရာမကြီးတယောက်ကို အတော်ကြိုက်ပါတယ်။ အခု အဖိုးကြီးဖြစ်နေတာတောင် ကြိုက်တုန်းပါ။ ဆရာမကြီးကတော့ တခြားစာရေးဆရာနဲ့ အိမ်ထောင်ကျ၊ မြေးတွေ ဘာတွေရလို့ပေါ့။ သူကတော့ ဘယ်လိုသဘောရှိတယ် မသိပါဘူး။ (နာမည်တွေတော့ မပြောတော့ဘူး) ဆရာမကြီးခင်ပွန်းက ဆုံးရှာပြီ။ အနောက်နိုင်ငံမှာတော့ အသက်အရွယ် ဘယ်လောက်ကြီးကြီး တချိန် သူတို့ချစ်နေကြရင် အတူနေကြမှာပါ။ သားတွေ၊ မြေးတွေလည်း သူ့ဘာသာ သွားပေါ့။ မြန်မာပြည်မှာသာ အိမ်ထောင်ပြုကြည့်ပါလား။ အဘွားကြီး.. အသက်ကြီးမှ .... .... .... ဝေဖန်ချက်တွေ အများကြီးလာမှာ ပါ။ ဒါလည်း ဖြစ်သင့်ပါသလား။ နောက်ပြီး ကျနော်တို့ဆီမှာ မိသားစုတွေက တစုကြီးနေကြတော့ နည်းနည်းလေးအသက် ရလာရင်လည်း လင်မယားတွေ ခွဲအိပ်ကြတယ်။ ကလေးတွေနဲ့ ရှက်ကြတယ် ဆိုပြီး အသက် ၅၀ ကျော်ရုံလေးမှာတင် လင်မယား ခွဲအိပ်ကြ တော့တယ်။ ဆေးပညာအရ sex ဟာလည်း လူ့အသက်ကို ရှည်စေပါတယ်။ အနောက်နိုင်ငံတွေ မှာက ဒီကိစ္စတွေ ဂရုမစိုက်ဘူး။ အသက်ကြီးမှ ပင်စင်စားပြီး ခရီးရှည်ထွက်၊ အိမ်ထောင်အရသာကို ခံစားနိုင်ကြတော့ တယ်။ ဒီလို ယဉ်ကျေးမှုတွေဟာလည်း ပြောင်းလဲသင့်သလား။ ကျနော်တို့ လူ့အဖွဲ့အစည်းကရော ဘယ်လောက်လက်ခံနိုင် မှာလဲ။ စဉ်းစားစရာတွေ အများကြီးပါ။

ညီမလည်း စဉ်းစားချက်တွေ ရနိုင်မယ်ထင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကျနော်ပြောတဲ့ စာအုပ်လေး ရှာဖတ်ကြည့်ပါ။

ခင်မင်လေးစားစွာဖြင့်

ယောဟန်အောင်