Thursday, September 18, 2008

Good Tips for Life!

ဒီလောကမှာရှိတဲ့ လူတစ်ဦးတစ်ယောက်နဲ့မှ သင့်ကိုယ်သင် ယှဉ်မကြည့်လိုက်ပါနဲ့.. ယှဉ်ကြည့်မယ်ဆိုရင် ဒါဟာ ကိုယ့်ဟာကိုယ် စော်ကားတဲ့ သဘောပါပဲ။



သော့မရှိပဲ ဖွင့်လို့ရတဲ့ lock ကို ဘယ်သူကမှ မတီထွင်ခဲ့ပါဘူး။ ထိုနည်းတူပါပဲ.. ဘုရားသခင်ကလည်း အဖြေမရှတဲ့ ပြသနာတွေကို ဖန်ဆင်းပေးနေတာ မဟုတ်ပါဘူး။



သင်စိတ်ဆင်းရဲနေတဲ့အခါ လောကကြီးက သင့်ကိုလှောင်ပြောင်လိမ့်မယ်၊ သင်စိတ်ပျော်ရွှင်နေချိန်မှာတော့ သင့်ကိုပြုံးပြနေလိမ့်မယ်။ သင်ကတစ်ခြားသူတွေကို ပျော်ရွှင်စေချိန်မှာတော့ သင့်ကို လောကကြီးက အလေးပြုနေမှာပေါ့။

အောင်မြင်တဲ့ လူသားတိုင်းမှာ နာကြည်းစရာကောင်းတဲ့ ဇတ်လမ်းလေးတွေ ရှိနေတတ်ကြတယ်။ ၀မ်းနည်းစရာ၊ နာကြည်းစရာ ပုံပြင်တွေ၊ ဇတ်လမ်းတွေဟာလည်း ပျော်ရွှင်စရာ နိဂုံးတွေ ရှိတတ်ကြပါတယ်။ ဒီတော့.. နာကျင်စရာတွေကို လက်ခံပြီး အောင်မြင်မှုအတွက် အသင့်ဖြစ်နေပါစေ။



တစ်ပါးသူတွေရဲ့အမှားကို ထောက်ပြဖို့ သိပ်ကိုလွယ်ကူတယ်၊ ကိုယ့်အမှားကို ကိုယ် သဘောပေါက်လက်ခံဖို့ ကျတော့ ခက်ခဲတတ်ကြတယ်။ ကိုယ့်ခြေထောက်ကိုယ် ဖိနပ်နဲ့ လုံခြုံအောင် ကာကွယ်ထားနိုင်ပေမယ့် ကမ္ဘာကြီးကိုကျတော့ ကော်ဇောတစ်ချပ်နဲ့ ဘယ်လိုမှ လုံအောင်ဖုံးနိုင်မှာ မဟုတ်ဘူး။



ဆိုးဝါးတဲ့ အတိတ်ကို ဘယ်သူကမှ ပြန်ပြီးပြောင်းလဲလို့ မရနိုင်ဘူး။ ဒါပေမယ့် လူတိုင်းဟာ အနာဂတ်မှာ အောင်မြင်နိုင်ဖို့ ခုကတည်းက စတင်နိုင်တယ်။



ပြသနာတစ်ခုကို ဖြေရှင်းနိုင်မယ်ဆိုရင် ဘာမှတွေးပူနေစရာ မလိုဘူး။ စိုးရိမ်ပူပန်ခြင်းတွေကြောင့်သာ ပြသနာတွေကို ဖြေရှင်းလို့မရ ဖြစ်သွားနိုင်တယ်။



အခွင့်အရေးကို လက်လွတ်လိုက်ရရင်လည်း ငိုကြွေးမနေပါနဲ့၊ သင့်ရှေ့မှာ ပိုကောင်းတဲ့ အခွင့်အလမ်းတစ်ခု ရှိနေပါသေးတယ်။



ရင်ဆိုင်ရမှာတွေကို ပြောင်းလဲလိုက်ခြင်းက ဘာကိုမှ ဖြစ်မလာစေဘူး။ အပြောင်းအလဲတွေကို ရင်ဆိုင်လိုက်မှသာ အရာရာကို ပြောင်းလဲသွားစေမှာပါ။



တစ်ခြားလူတွေကို နားပူနားဆာ လုပ်မနေပါနဲ့၊ ငြိမ်းချမ်းမှုကို လိုချင်ရင် သင့်ကိုယ်သင် ပြောင်းလဲပစ်လိုက်ပါ။



အမှားဆိုတာ ဖြစ်လာတဲ့အချိန်မှာတော့ နာကျင်စရာတွေပါ။ ဒါပေမယ့် နှစ်တွေကြာလာတဲ့အခါမှာတော့ အမှားတွေစုဝေးပြီး အတွေ့အကြုံဆိုတာ ဖြစ်လာတယ်။ အဲဒီ အတွေ့အကြုံတွေနဲ့ပဲ အောင်မြင်မှုကို ရရှိစေတယ်။



သင်ရှုံးနိမ့်တဲ့အခါ ရဲရင့်ပါ.. အောင်မြင်တဲ့အခါကျတော့ တည်ငြိမ်တတ်ပါစေ။

2 comments:

strike said...

အ၇မ်း၊အ၇မ်းကိုလေးစားလာပြီနော်။မဆိုး၇ဘူးဒါပဲ။:P

ကလိုစေးထူး said...

ညီမ... စီဘောက်စ်ထဲက တချို့ ပုံပျက်ပန်းပျက်နိုင်လွန်းတာတွေတော့ ဖျက်လိုက်တာ ကောင်းမယ်ထင်တယ်နော်။ (ဟိုမှာ အော်မရလို့)