Sunday, September 14, 2008

A New Quotable Woman

ခုတစ်လော ကျွန်မလည်း ဦးတင့်ပြောသလို ကံနိမ့်နေတယ်ထင်တယ်။ ပြောလိုက်သမျှ၊ ရေးလိုက်သမျှတွေက အနှောင့်အသွားကို မလွတ်ဘူးဖြစ်နေတယ်။ တမင်တကာ ရည်ရွယ်တာလည်း မဟုတ်ရပါပဲနဲ့ လူပြောသူပြော များချင်စရာ ဖြစ်နေတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကလည်း အတွေးအခေါ်တွေ အမြင်တွေ မတူနိုင်ကြတော့ ပဋိပက္ခတွေများကြတာလည်း ဆန်းတော့ မဆန်းပါဘူးလေ။ ထားပါတော့။ ကျွန်မ မနေ့က စာအုပ်ဆိုင်မှာ ၀င်မွှေရင်း မှတ်မှတ်သားသား မိန်းမတို့ ပြောသောစကားဆိုတဲ့ စာအုပ်ကလေးကို တွေ့တော့ သဘောကျပြီး ၀ယ်လာမိတယ်ရှင့်။ အဲဒီထဲက တစ်ချို့စာသားလေးတွေကို ကြိုက်တာနဲ့ ဒီမှာပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင်။

နောက်ခုံမြင့် ဖိနပ်တွေသာ အံ့သြစရာ ဖြစ်နေဦးမယ်ဆိုရင် ပုရိသတွေ စီးနေကြဦးမှာပဲ။
(ဆူး ဂရပ်ဖ်တန် - အမေရိကန် စာရေးဆရာမ)

မိမိရဲ့ နဖူးထက်မှာ အတွန့်တွေ အရေးကြောင်းတွေ ထင်ချင်ထင်နေပါစေ၊ နှလုံးသားပေဓမှာတော့ အရေးကြောင်းတွေ မထင်စေနဲ့၊ စိတ်ဓါတ်ကို အိုမင်းရင့်ရော် မသွားပါစေနဲ့။
(တယ်လင် ရိုလင် )

အသက်ဘယ်လောက်ကြီးပြီဆိုတာ အရေးမကြီးဘူး၊ ဘယ်လိုအသက်ကြီးနေလဲဆိုတာ အရေးကြီးတယ်။
(မေရီ ဒရက်ဆလာ - အမေရိကန် အသံတိတ်ရုပ်ရှင် မင်းသမီး)

လှပတဲ့ မိန်းကလေးတွေအကြောင်းပဲ ပြောခဲ့ကြတယ်၊ တေးဖွဲ့ခဲ့ကြတယ်၊ အသက်ကြီးကြီး အမျိုးသမီးတွေရဲ့အလှကို စာဖွဲ့ဖို့ စိတ်ကူးမရကြဘူးလား။
(ဟာရိယက် ဘီချာစတိုဗီ - အမေရိကန် ငွေဝယ်ကျွန် ပပျောက်ရေး စာရးဆရာမကြီး)

နိုင်ငံရေးလောကမှာ တစ်ခုခုပြောချင်ရင် ယောင်္ကျားတစ်ယောက်ကို သွားမေးပါ၊ တစ်ခုခုလုပ်ချင်တယ်ဆိုရင် အမျိုးသမီးတစ်ယောက်ကို မေးပေတော့။
(မာဂရက် သက်ချာ - ဗြိတိန် ၀န်ကြီးချုပ်ဟောင်း)

ဘ၀ဆိုနာ စွန့်စားမှုကို ဖြစ်ပေါ်စေမယ့် ဆန္ဒ တိုက်ပွဲတစ်ရပ် ဖြစ်သင့်တယ်။ အဲဒီစွန့်စားမှုတွေရဲ့ မြင့်မြတ်မှုဟာ ၀ိညာဉ်ခွန်အားကို ဖွံ့ဖြိုးဖြစ်ပေါ်စေနိုင်တယ်။
(ရီဘက်ကာ ၀က်စ် - အိုင်းရစ်စာရေးဆရာနှင့် သတင်းစာ ဆရာမ)

သူရဲကောင်းကြီးတွှေ နိုင်ငံရေး သုခမိန်ကြီးတွေ၊ ဒသနပညာရှင်ကြီးတွေ ပေါ်ပေါက်လာစေရန် ဥာဏ်ပညာဖြင့် ပြည့်စုံသော အမျိုးသမီးများ ရှိနေရန် လိုအပ်သည်။
(အာဘီဂေး အဒမ်းစ် - အမေရိကန် သမတ ကတော်ဟောင်း)

အမျိုးသမီး တစ်ဦးအား ပညာသင်ပေးခြင်းသည် အိမ်ထောင်စု တစ်စုအား ပညာသင်ပေးလိုက် ခြင်းပင်ဖြစ်သည်။
(ဂျီဗီတာ အီတာ - အမေရိကန် သတင်းစာဆရာမ)

ဆက်ပါဦးမယ်ရှင်။ အဲဒီစကားတွေနဲ့ ပတ်သက်ပြီး ငြိစရာပါတယ် ဆိုရင်လည်း သက်ဆိုင်ရာ လူတွေကိုပဲ ပြသနာ သွားရှာလိုက်ကြပါတော့ နော်။

13 comments:

tint said...

ဟဟ
ရွှေပန်းကတော့ ပြဿနာထပ်မရှာပါနဲ့ တဲ့ 
သူရေးတင်တာကျတော့ သေတဲ သေပြီးသားလူတွေမို့  လွတ်စေသတည်းပေါ့
ကိုယ်လဲ သူ့ လမ်းလိုက်
ဒီဟာက ရန်ကုန်ဘဆွေရေးခဲ့တာနော်
မကျေနပ်ရင် သူ့ သွားပြဿနာရှာ
ချီလေသော်လည်းမှ
စာရေးသူက ဦးမြတ်စံကို ဂျပန်ဆန့် ကျင်ရေးစာရွက်တွေပးသည်။ ဦးမြတ်စံက ပြန်ပြောသည်မှာ စာရွက်ဘာလုပ်ရမှာလဲ။ စာရွက်ကဂျပန်သတ်မရဘူး။ အဲဟာတွေတွေ့ မှ ဂျပန်က ကိုယ်တို့ ကို သတတ်သွားမှာတဲ့ 
စပါယ်တို့ ခ်ေမှ
ခက်တာကကွာ ကိုယ်တို့  အာဏာရနေတုန်းက တပ်ထဲ အကြပ်မှမဖြစ်နိုင်တဲ့ ကောင်တွေကို လျှို့ ဝှက်ဗိုလ်ဆိုပြီးး ခန့် လုပ်နေရတဲ့  ဒီအလုပ်က ဘယ်တော့ အောင်မြင်မှာလဲကွ ဟားဟား
(မကျေနပ်သူမျာဒးဆရာ (ရန်ကုန်ဘဆွေကို ကြိုက်သလို ပြဿနာရှာနိုင်ပါကြောင်ါး ။သူသေတာတော့ ၁၉၈၃ထဲ့ )
ဟဟ အဲဒါောပာတော့ တခုသတိရသေးတယ် ။ ဘလော့တခု ( နာမည်မမှတ်မိမှာ ဆရာ့ စာ ရွှေဝါပြည်ကို တင်တော့ လူငယ်တယောက်က ဘာတွေ အနာပေါ်ဒုတ်ကျတယ်တော့ မသိ လာဆဲတယ် ဟေ့ကောင်ရန်ကုနိဘဆွေတဲ့  လက်အငြိမ်မနေနိုင်ရင် တခုခုကိုင်ထားတဲ့  .။ဟဟ

strike said...

ဗိုင်းတာမ၊ညီလင်းဆက်ဟိုဟာမ မ Pikgold.
ပင့်ဂိုး၊စို၊မင်း၊ညီလင်းဆက် အားလုံးအတူတူပဲ တလေသံထဲနဲ့ဘ၀င်လေဟပ်ပြီး မိုက်၇ိုင်း နေကြတာကြာပြီ။

ကလိုစေးထူး said...

လာပြောတာ ရေးတာတွေဟာ ပြဿနာ လာရှာနေတာလို့ အထင်ခံရတာ အခုမှပဲ ဘွင်းဘွင်းကြီး သိရတော့တာပဲ ညီမရေ။ စိတ်ချပါ။ ပြဿနာ မရှာတော့ပါဘူးတဲ့ဗျာ။

tint said...

ဟာ Mr Totegyi ကအားပေးလှချီလား
ခင်ဗျားတော့ ကျွန်တော် ဘာကောင်မှန်းမသိပါဘူး
ဒါပေမဲ့  မိန်းကလေးတယောက်ကိုတော့ အသားလွတ်ဆဲရဲတဲ့  သတ္တိကတော့ မသေးဘူးဗျ ။
လာဗျာ ယောက်ျားချင်း ချိန်းသတ်ရအောင် ။
ကျုပ်ကတော့ မျက်စိထဲကြည့်မရတဲ့  မိန်းကလေးဆို မကြည့်ဘဲဘဲ နေတတ်တယ်
ကြည့်မရတဲ့ ယောက်ျားချင်းကျရင်တော့ ခုလိုဘဲ ဗြောင်စိန်ခေါ်ပါတယ် ။
ကြားထဲတော့ မလုပ်တတ်ဘူးဗျ

Thet Htoo@Myat Lone said...

ကိုယ်ပိုင်နာမည်လေးနဲ့မှ လူတောသူတော မတိုးဝံ့တဲ့ လူအဆင့်မမှီတဲ့ကောင်တွေကို သနားတယ်။

မိန်းကလေးတစ်ယောက်ကို နာမည်မဖော်ပဲ ဆဲရဲတဲ့ကောင်တွေကို သနားတယ်။

အကျိုးသင့်အကြောင်းသင့်မဆွေးနွေးနိုင်လို့ အောက်တန်းကျကျ လာဆဲတဲ့ကောင်တွေကို သနားတယ်။

မိကောင်းဖခင်သားသမီးမဟုတ်မှန်း သိရလို့ သနားတယ်။

သနားတယ်ဗျာ။

tint said...

တုတ်ကြီးဆိုတာ နာမည်မှန်မဟုတ်ဘူးလားဟဟ
မသိပါဘူးဗျာ
ခင်ဗျားတို့ လောကသားချင်းမှတ်လို့  စိန်တောင်ခေါ်ထားတယ် ၊
ဟေ့လူကိုတုတ်ကြီး ခင်ဗျားယောက်ျားတော့ စစ်ပါတယ်နော် ၊
အခြောက်ဆိုရင်တော့ ကျုပ်မချနိုင်ဘူး ၊ ရှင်းရှင်းဘဲ ။ လူချင်းမကြောက်ပေမဲ့  A တော့ အကိုက်မခံနိုင်ဘူး

Thet Htoo@Myat Lone said...

နာမည်မှန်ဖော်ပြရဲလို့ကတော့ နည်းနည်း လေးစားပေးလိုက်ဦးမယ်ဗျာ။ အခုတော့ Tint ပြောသလို အခြောက်ကမှ ဒီကောင်တွေထက် အဆင့်အတန်း ရှိသေးတယ်။

strike said...

တုတ်ကြီးသည်အသက်ကြီးလာ၇်ျလားမသိ ကျား၊မ မေ၇ွးအလွန်စိတ်ဝင်စားလေဧ။်
:D

strike said...

Nyi Nyi Lin Seck = tint = မျက်လုံး
They are same person.Just different "ID"

မျိုးဟန်ထွန်း said...

how do you know Sandar?-->
Nyi Nyi Lin Seck = tint = မျက်လုံး
They are same person.Just different "ID"

tint said...

အဲ
ရွှေပန်းရေ
ကိုယ်တော့ ပါတော့ဘူးနော် ။
ဒီပွဲမှာ ။ တုတ်ကြီးဆိုတာ စမူဆာကြီးဟ ။
ဒါကြီးမျိုးနဲ့ တော့ မဖိုက်ရဲဘူး ။ တကယ်ကြောက်တာ ။
မ(ကို)စန္ဒာရေ
မျက်လုံးနဲ့  ညီလင်းဆက်ကို ကိုယ်တကယ်မသိဘူးနော်
စီဘောက်မှာလဲ ပြောပြီးသား ။ တခါမှ ရွှေပန်းဘလော့ လာဖတ်ဘူးဘူး ။
ပွဲဆူနေတယ်ဆိုလို့  စနေနေ့ ကမှ လာကြည့်တာ

Unknown said...

ဟ တုတ်ကြီးဘယ်လိုကောင်လဲ ရိုင်းလှချည်းလား

strike said...

...Pinkgold you looks like singing in that Video,name is ပုဇွန်ဇိတ်ကလေး...http://mmtoday.blogspot.com/