Thursday, September 4, 2008

လတ်တလော ခံယူချက်များ

ခုတစ်လော ကျွန်မ ဘလောဂ့်မှာ တော်တော် သောင်းကျန်းခြင်းခံနေရတယ်။ စီမီနာမလုပ်ဖြစ်တာ သတင်းမှားကြောင်းလေး ဖြေရှင်းချက် တင်မိပါတယ်.. ဟိုဘက် ဒီဘက် ဘက်တော်သားများရဲ့ သူတို့အချင်းချင်း ထုထောင်းဖို့ Pinkgold စစ်မြေပြင်ဖြစ်သွားတယ်။ တော်တော်လည်း စိတ်ညစ်သွားတယ်။ ဒီတော့ လူတွေကိုလည်း အာရုံပြောင်းအောင်၊ ကိုယ်လည်း စိတ်ချမ်းသာအောင် ဆယ်တန်းတို့ First Year တို့တုန်းက အသေလုပ်ခဲ့ဖူးတဲ့ ရေးပေးပါ ဆိုတာလေးကို အောင်မျိုးဟန်နဲ့ ကိုသီဟန်က တက်လို့ ရေးပေးလိုက်ပါတယ်ရှင်။

ကိုယ့်ရဲ့နာမည် ………… Pink Gold (နာမည်တွေသိချင်ရင် Me and My Names ကိုဖတ်)
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… လာပါအုံး
ကိုယ်ဒီမှာနေတယ်………… ရန်ကုန်မှာလေ တိုက်ခန်းငှားနေတယ်
ကိုယ့်ဆီဖုန်းဆက်ချင်ရင်………… Nokia နဲ့ပဲ ဆက်နော်

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက


အရောင်ဆိုရင်…………...... ဖြူ၊ ပြာ၊ နက်
အ၀တ်အစားဆိုရင်………… ဂျင်းဘောင်းဘီ အတို၊ အရှည်၊ ကွာတား၊ ဒူးလောက်၊ ပေါင်လောက် အကုန်ဝတ်
အစားအစာဆိုရင်………….. ကြေးအိုး
ပစ္စည်းဆိုရင်…………........ ကောင်းကောင်းလေးတွေ
သီချင်းဆိုရင်…………........ Hip Hop/ R & B/ Pop
စာရေးစာဆရာ…………...... တော်တော်များများ ကြိုက်ပါတယ်
စာအုပ်………….................ကြိုက်တာများတယ်
Life style…………........... လူတွေ လေးစား၊ အားကျရတဲ့ ဘဝ
ကိုယ့်ရဲ့ဝါသနာ…………...... စာဖတ်တာ၊ သီချင်းဆိုတာ အာပလာရိုက်တာ
အလိုချင်ဆုံးလက်ဆောင်………… HP Laptop၊ ဘဘောဂ့်ဂါ အကိုကြီး တစ်ယောက်က ပေးမယ်လို့ပြောတဲ့ ဖက်လို့လည်းရ.. ခွလို့လည်းရတဲ့ အရုပ်အကြီးကြီး (ဟဲဟဲ)

ကိုယ့်ရဲ့ အချစ်ဆုံးသူက………… အချစ်ဆုံး "သူ"
ကိုယ့်ရဲ့ အလေးစားဆုံးသူက………… အဖေနဲ့ အမေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… ထိုင်းမှာလေ၊ ABAC မှာ ကျောင်းတက်နေတယ်
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက………… မရှိသေးဘူး
ကိုယ့်ရဲ့ အမုန်းဆုံးသူက………… အမုန်းဆုံးသူ မရှိသေးဘူး
ရင်အခုန်ဆုံးအချိန်………… ရင်မခုန်ရင် သေသွားမှာပေါ့
အကြောက်ဆုံးအချိန်………… မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အချိန်
အပျော်ဆုံးအချိန်………… ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခု အောင်မြင်သွားတဲ့ အချိန်
အမှတ်တရနေ့…………… မရှိသေးဘူး
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… အိုဘားမားနဲ့ ညားပါစေ
အချစ်ဆိုတာ………… ထိ၊ ခိုက် ရှ လွယ်တဲ့ ခံစားချက်
အမုန်းဆိုတာ………… မရှိတာ ကောင်းတယ်
အလွမ်းဆိုတာ………… ပူလောင်တယ်
သံယောဇဉ်ဆိုတာ………… သံတွေရောထားတဲ့ တံစဉ်း
ဘ၀ဆိုတာ………… ဘ ရေ ဘ..  ၀ ရေ ဝ
သူငယ်ချင်းဆိုတာ………… ပေါဖော် ပေါဖက်
ချစ်သူဆိုတာ………… ချစ်ရတဲ့ "သူ"
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… ရုပ်ချော၊ သဘောကောင်း၊ တော်လည်းတော်
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… အစွဲမရှိဘူး
အပြောချင်ဆုံးစကားတစ်ခွန်း………… ပြောရင်ကော လိုက်လုပ်ကြမှာ မို့လို့လား..

ကဲ… ကျေနပ်တော့ အောင်မျိုးဟန်နဲ့ ကိုသီဟန်ရေ။

5 comments:

Anonymous said...

ပင့်ဂိုးတို့ကတော့ လုပ်ပြီ။ အရောင်ဆိုရင် ဖြူ ပြာ နက်တဲ့။ ပန်းရောင်ဘယ်မှာလဲ လို့ သူများမမေးခင် အရင်မေးသွားလိုက်ဦးမယ် ;)

Anonymous said...

တော်ဘီ တူနယ်ဂျင်းတော့ လုပ်တော့ဘူး :P

Anonymous said...

ရုပ်ချော၊ သဘောကောင်း၊ တော်လည်းတော်... ဟုတ်ပ... လိပ်မ... ရေ။

အခုကစပြီး ပင့်ကူ မဟုတ်တော့ဘူး "လိပ်မ"လို့ ပြောင်းလိုက်ပြီ။ ဒန်တန့်တန်...

Anonymous said...

ကျေးဇူးပါပဲဗျို့... ဟို`ဟန်´တော့မသိဘူး။ ဒီ`ဟန်´တော့ ကျေနပ်သွားပြီ။

Anonymous said...

နိုဝင်ဘာ မတိုင်ခင် ရောက်လိမ့်မယ်