Thursday, September 11, 2008

Belated Birthday Wish (2)

9-Sep-08

တစ်ကယ်က အဲဒီနေ့ဟာ ကိုတက်စ်ရဲ့ မွေးနေ့မှန်း ကျွန်မ မသိခဲ့ပါဘူး။ အဲဒီနေ့ည 9 နာရီကျော်ကျော် လောက်မှာမှ သိခဲ့ရတာပါ။ အဲဒီနေ့ဟာ ကျွန်မတို့အတွက် ပျော်စရာအလွန်ကောင်းပြီး အမှတ်တရဖြစ်ခဲ့ရတဲ့ နေ့လေး တစ်နေ့လည်း ဖြစ်ပါတယ်။ အဲဒီနေ့က နေ့လည် ထမင်းစားချိန်ကြီး.. ကျွန်မ ထမင်းစားခန်းးထဲမှာ ထမင်းစားနေတုန်း ဧည့်သည်လာတယ်ဆိုလို့ သွားလည်းတွေရော ကိုဘလာဂေါက်တို့ ဖိုးသူတော်တို့ကို ဧည့်ခန်းထဲ မိန့်မိန့်ကြီး ထိုင်နေတာ တွေလိုက်ရပါရဲ့။ သူတို့နဲ့အတူ အမကြီးတစ်ယောက်လည်း ပါလာတယ်။

"ပင့်ကူ ဒါမနိုင်နိုင်းစနေလေ " လို့ ကိုဘလာဂေါက်လည်း မိတ်ဆက်ပေးရာ.. ဟာ အမ ဆိုပြီး လက်ကလေး ပြေးကိုင်မိတယ်။ မနိုင်းကို ဓါတ်ပုံထဲမှာတော့ တွေ့ဖူးပေမယ့် ရုတ်တရက်ကြီးဆိုတော့ အပြင်မှာ မမှတ်မိလိုက်ဘူး ဖြစ်သွားတယ်။ "ပင့်ကူလေးကို ညနေ M3 လိုက်ခဲ့ဖို့ လာခေါ်တာ၊ ပင့်ကူက အပြင်မှာ ဓါတ်ပုံထက်မှာထက် ကြီးတယ်နော်" တဲ့။ ပင့်ကူ နင်ဘာတွေ လုပ်ထားလဲ လို့တောင် ကျွန်မကို ၀ိုင်းနောက်ကြပါသေးတယ်။ " လာခဲ့မှာပေါ့ အမရယ်.. ရုံးဆင်းတာနဲ့ ချက်ချင်း လိုက်ခဲ့မယ်လို့" ကျွန်မပြန်ဖြေအပြီးမှာတော့ ကော်ဖီသောက်ချင်တယ် ကော်ဖီတိုက်လို့ လူဆိုးကြီးတွေက ပြောလို့ ကော်ဖီတိုက်လိုက်ရသေးတယ်.. ဟွန်း။

အဲဒီနေ့က ကျောင်းဖျက်ပြီး M3 လိုက်သွားလိုက်တယ်။ ဟိုရောက်တော့ သိပ်မရှာလိုက်ရပါဘူး။ အကိုကြီးတွေလေ အမကြီးတစ်ယောက်ပါတယ်လို့ ပြောလိုက်တာနဲ့ Waiter လေးက ချက်ချင်းကို သိတာပါပဲ။ သူတို့သီချင်းဆိုနေတဲ့ အခန်းနားကို ရောက်တော့ ကြားလိုက်ရတဲ့ သီချင်းသံကြောင့် အခန်းများမှားပြီးလား လို့တောင်တွေးမလိုက်မိပါသေးတယ်။ သီချင်းကြီးကလည်း ဇတ်သီချင်းကြီး.. " အိုဒေ၀စ္ဆာရာ.. အို အို အို ဒေ၀စ္ဆာရာ အိုး အိုး အိုး အို ဒေ၀စ္ဆာရာ.. တဲ့"။ ကျွန်မတို့တွေ M3 မှာ ခဏ ခဏ ကာရာအိုကေ သွားဆိုနေကျပါ။ တစ်ခါမှ ဘယ်သူမှ ဒီလိုသီချင်း မဆိုဖူးဘူး။ မထူးပါဘူးလေဆိုပြီး တံခါးလေးလည်း ဖွင့်ကြည့်လိုက်တော့ အား ပါး ပါး ကိုဘလာဂေါက်က အပီအပြင်ကိုဟဲနေပြီး ကျန်တဲ့ သူတွေကလည်း ကွေးနေအောင်ကို ကနေကြပါတယ်ရှင့်။ ကျွန်မလည်း ဘယ်နေလိမ့်မတုန်း ရောက်ရောက်ချင်း ၀င်နွှဲလိုက်တာပေါ့။ ကိုတက်စလာ၊ ကိုမျက်စိ တို့လည်းရောက်နေတာ တွေ့ရတယ်။ ကိုတက်စ်ကတော့ မျိုးကျော့မြိုင်သီချင်းတွေနဲ့ ရက်ပါ လုပ်ပါတယ်။ ကိုမိုးလှိုင်ညကတော့ ထူးအိမ်သင် သီချင်းတွေကို ကန်ထရိုက်ဆွဲတယ်၊ ကိုမျက်စိကလည်း မျိုးကြီးမှ မျိုးကြီးပါပဲ၊ ဖိုးသူတော်ကတော့ Yo Yo နဲ့ Hip Hop တွေဟဲနေလေရဲ့။ ကိုဘာလာဂေါက်လည်း လေးဖြူ သီချင်းတွေ အပြတ်ဆိုလို့၊ ခဏနေတော့ စိုးဇေယျ ရောက်လာပြီး "ရောဂါ ရောဂါ" နဲ့ စဆိုပါတော့တယ်။ သူ့မှာပါလာတဲ့ SLR Camera ကြီးနဲ့ လူတွေကို ရုပ် မဆိုး ဆိုးအောင်လည်း ဓါတ်ပုံတွေ လိုက်ရိုက်နေသေးတယ်။ Blogger Gossip မှာထည့်မလို့တဲ့လေ။ မနိုင်နိုင်းကလည်း တရုတ်သီချင်းတွေ ဟဲပါတယ် "ချန်ကော်လိုင် ချန်းကော်လိုင်" ဆိုတာပဲ မှတ်မိတော့တယ်။ ကျန်တဲ့ သူတွေ တရုတ်သီချင်းမှ မရတာ ၀ူးဝါး ၀ူးဝါး လိုက်အော်ကြတာပေါ့။

ခဏလည်းနေရော "အေးမြတဲ့ ဆောင်းတစ်ညမှာ မီးရောင်စုံစုံ… " ဆိုတဲ့ သီချင်းလည်းလာရော အကုန်လုံး ရှမ်းအက ထက ကြပါတော့တယ်။ ကျွန်မကလား…မကပါဘူး.. သီချင်းပဲဆိုပေးတာ.. တစ်ကိုယ်လုံး ခါပြီးတော့လေ.. ဟား ဟား။

M3 မှာသီချင်းဆိုပြီးတော့ ထွက်လည်းလာရော ကိုညီလင်းဆက်က ဟေ့ကောင်တွေ ငါလာနေပြီ ဘယ်ကို လိုက်ခဲ့ရမတုန်း လို့ ဖုန်းဆက်လာပါတယ်။ အင်းလျားလမ်းက ကျွန်မတို့ စားသောက်နေကျ Friendship မှာပဲ ညစာစားရင်း ဆုံဖို့သတ်မှတ်လိုက်ကြပြီး ဒုတိယပိုင်း အစီအစဉ် အနေနဲ့ အဲကို ချီတက်ကြပါတယ်။ ကျွန်မတို့လည်းရောက် ကိုညီလင်းဆက်လည်းရောက်ပါပဲ။ အဲမှာ အစာစားရင်း စကားများရင်းပေါ့ရှင်။ ကျွန်မ ဘလောဂ့်ပိတ်ထားတဲ့ အကြောင်းတွေရော၊ တစ်ခြား နိုင်ငံရေးဓ၊ စီးပွားရေး၊ အချစ်ရေး ဘာညာ ဘာညာ ပြောကြဆိုကြ ငြင်းကြနဲ့ ပြန်ကြမယ် ပိုက်ဆံရှင်းကြမယ်လည်း ဆိုရော မနိုင်းက ထအော်ပါတယ်.. ဒီနေ့တက်ဆလာ မွေးနေ့ဆိုတဲ့။ အဲတော့ မှ ဟေးးးးးးးးးးးး ဟုတ်သားပဲ ဆိုပြီး ဖြစ်သွားကြ။ မွေးနေ့ဆုတောင်းပေးကြ၊ ပိုက်ဆံရှင်းတော့ ကိုညီလင်းဆက်က တစ်ဝက်စိုက်ပေးလိုက်တယ်.. ကိုတက်စ်ကို သနားလို့တဲ့.. အဟားးးးးးးးးး။ Happy Belated Birthday ပါ ကိုတက်စ်ရေ။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ အောင်မြင်မှုတွေ ရရှိနိုင်ပါစေရှင်။ အဲဒီနေ့က ကိုတက်စ်ပြောလိုက်တဲ့ စကားလေး တစ်ခွန်းက အမှတ်ရစရာ ကောင်းပါတယ်။ ဘယ်အကြောင်းကနေ ဘယ်လိုဆက်စပ်ပြီး ပြောမိတာလဲ ဆိုတာတော့ ကျွန်မလည်း မမှတ်မိတော့ဘူးရှင့်။ သူပြောခဲ့တာလေးက..

"လောကမှာ ကိုယ့်ကို အမှန်တစ်ကယ် လေးစားတဲ့သူ၊ ကိုယ့်ရဲ့မိတ်ဆွေစစ်ဖြစ်သူ၊ ကိုယ့်ကိုအမှန်တစ်ကယ် ယုံကြည်သူတွေဟာ ကိုယ်တစ်ခုလုပ်လိုက် ပြောလိုက်တာနဲ့ ဘာကိုဆိုလိုတယ် ဘာကိုပြောချင်တယ်ဆိုတာ နားလည် လိမ့်မယ်.. ကျန်တဲ့သူတွေကတော့ အမြင်စောင်းကြမယ်.. နားလည်မှုလွဲကြမယ်.. ကိုယ့်စကားအလုံး တစ်ထောင်မှ 999 လုံးကမှန်ပြီး 1 လုံးလေး လွဲနေရင်တောင် ဒါကိုပဲ တက်နင်းပြီး ပြသနာရှာကြလိမ့်မယ်.. သူတို့ကိုရှင်းပြရင် လေကုန်တာပဲ အဖတ်တင်မယ်.. ရှင်းပြနေမယ့်အစား ကိုယ့်လုပ်စရာကိုဆက်လုပ် နောက်ပိုင်းမှာ သိလာကြလိမ့်မယ်" ဆိုတဲ့ စကားလေးကို ကျွန်မ တော်တော်သဘောကျမိပါရဲ့။

21 comments:

Thet Htoo@Myat Lone said...

ဒီမှာပဲ ဆုတောင်းလိုက်မယ်။ ကိုတက်စ် မွေးနေ့မှ စ၍ ပျော်ရွှင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ပျော်နိုင်ရွှင်နိုင်ပါစေဗျာ။

ပင့်ဂိုးရေ။ ကိုတက်စ်ပြောတဲ့ စကားလေး ပြန်တင်ထားတာ ကျေးဇူးဗျာ။ အဲဒါ အမှန်ကန်ဆုံး စကားပါပဲ။

ကလိုစေးထူး said...

နောက်ဆုံး အပိုဒ်က တက်စ်လာ ပြောတဲ့ စကားကိုဖတ်ပြီး တော်တော်လေးကို သဘောကျတယ်။

ဒါပေမယ့် တခု သတိထားရမှာက ကိုယ်ပြောတာကို အမြင်စောင်းသွားတဲ့ လူတိုင်းဟာ ကိုယ့်ရဲ့ မိတ်ဆွေစစ် မဟုတ်လို့ဘဲ ဆိုတဲ့ အမြင်မျိုးလဲ တထစ်ချ မမှတ်ယူသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ဘာရယ်မဟုတ် အမှတ်မဲ့ ပြောလိုက်မိပေမယ့် အဲဒါက တခြားလူတွေရဲ့ ရင်ဘတ်ကို ဆောင့်ကန်တာနဲ့ တူနေရင်တော့ response တွေက ပြန်လာမှာပဲလေ။ နားလည်ခွင့်လွှတ်မှုဆိုတာက မိတ်ဆွေဘယ်လောက်ပဲ စစ်သည်ဖြစ်ပါစေ အတိုင်းအတာ အကန့်အသတ် နယ်ပယ်တွေက ရှိသေးတာကိုး။ ဒါကြောင့် ကိုယ်ပြောတာကို ပြန်ပြီးထောက်ပြနေပြီဆိုရင်တော့ `ငါပြောလိုက်တာ ဘာများမှားသွားပါလိမ့်´ ဆိုတာ ကိုယ့်ကိုယ်ကို အရင်ဆုံး စနစ်တကျဆန်းစစ်တာက အကောင်းဆုံးလို့ အကိုထင်တယ်။ အဲဒီလို တွေးလို့မှ `ဟုတ်တယ်၊ ငါမှန်တယ်၊ ငါ့စိတ်ထဲမှာ ဒီလိုဒီလို ဖြစ်ပါစေတော့ဆိုတဲ့ စိတ်ကူးမရှိခဲ့ဘူး´ ဆိုတာ သေချာပြီဆိုရင်တော့ စေတနာမှန်ခဲ့ရင် အမြင်စောင်းတဲ့လူတွေလဲ အနှေးနဲ့အမြန် အမြင်ပြန်တည့်လာပါလိမ့်မယ် ညီမ။

MgThaJan said...

mbs အကြောင်း ညီလင်းဆက်ရဲ့ ပို့စ်နဲ့ ပါတ်သက်ပြီး ဒီစကားကို သဘောကျမိပါတယ် ဆိုရင်တော့ ပုဂ္ဂိုလ်ခင်တော့ တရားမင်တယ် ဆိုတာ အမှန်ပါလားလို့ ငြီးတွားယုံကလွဲလို့ ဘာမှမပြောလိုတော့ပါဘူး ညီမရေ :(

Pinkgold said...

ကိုတက်စ်ရဲ့ စကားကို သဘောကျမိတာ သဘောကျမိရုံ သက်သက်ကလေးပါ.. ဘာအကြောင်း ဘာကိစ္စနဲ့မှ မပတ်သက်ပါဘူးရှင်... ဆက်ပြီးတော့ နားလည်မှုတွေ မလွဲစေချင်ပါ.. သဘောကျမိပါတယ် ဆိုတာလေးကို ပြောပြချင်ရုံကလေးပါ

pandora said...

တက်တက်စ်ရဲ့ မွေးနေ့ကို ဒီကနေ ဆုတောင်းသွားတယ်
မနှစ်ကတော့ ကဗျာလေး ရေးပေးဖြစ်တယ်
အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ တက်စ်ရေ

Tesla said...

ပင့်ကူ မွေးနေ့ဆုတောင်းအတွက် ကျေးဇူးတင်သည်. သို့သော် Belated ဖြစ်တဲ့အတွက် အတိုးပါပေးရမည်. အတိုးက ညအိပ်ရာဝင်ခါနီး ကိုတက်စ် ကြီးကျန်းမာပါစေလို့ သုံးရက်တိတိ ဆုတောင်းပြီးမှသာ အိပ်ရန်.. ကိုမျက်လုံး ကော ဒေါ်ဂျီးပန်ကော အတူတူပဲ.. ဟဲဟဲ..
ကိုစေးထူး >> ပြောတာမှန်ပါတယ်.. ကိစ္စတိုင်း ကိစ္စတိုင်းမှာ ဆုံးဖြတ်မှုတွေ အတွက် Condition ထည့်တွက်ရပါ လိမ့်မယ်.. အဲ့ဒီစကားကို အဲ့ဒီလို Condition အတွက် ပြောခဲ့တာဖြစ်ကြောင်း အောက်မှာ ထပ်ဖတ်ကြည့် ရင် နည်းနည်း ထပ်တွေ့နိုင်ပါတယ်..
ကိုသင်္ကြန်>> ပွင့်ပွင့်လင်းလင်း ဝေဖန်တာ ကျေးဇူး တင်ပါတယ်. ပင့်ဂိုး မပြောပဲ ကျနော်ဘာလို့ ၀င်ပြောလည်း ဆိုတော့ အဲ့ဒီစကားကို ကျနော်ပြော ခဲ့လို့ပါပဲ. ပိုပြီး တိတိကျကျ ပြောရရင် ညီလင်းဆက် ကို ကျနော်ပြော ခဲ့တယ် လို့ ကိုသင်္ကြန် ခန့်မှန်းတာ ကွက်တိမှန်ပါတယ်. ဟုတ်ပါတယ် အဲ့ဒီ ပြဿနာ တွေကို ရည်စူးပြီး ကျနော် ပြောခဲ့တာပါ. သူမှန်တယ် မှားတယ် လို့ ကျနော် ပြောတာမဟုတ်ပါဘူး. ကျနော် ပြောခဲ့တဲ့ စကားက Theory တခုပါ.. ဆိုလိုတာက.. ဘယ်တော့မှ ရှင်းမပြလေ နဲ့တဲ့ အဘယ့်ကြောင့် ဆိုသော် ခင်ဗျားရဲ့ မိတ်ဆွေတွေအတွက် ရှင်း ပြစရာ မလိုပါဘူးတဲ့.. သူတို့ဟာ ခင်ဗျားရှင်း ပြစရာ မလိုအောင် နားလည် လက်ခံပြီးသားဖြစ်နေလို့ပဲတဲ့. နောက်တဖက် ခင်ဗျား ဘယ်လိုပြောပြော ခင်ဗျားရဲ့ ရန်သူတွေဟာ ဘယ်တော့မှ အမြင်ကြည်လင်လာမှာ မဟုတ်ဘူးတဲ့.. သူတို့ဟာ ခင်ဗျားဘယ်လောက် ရှင်းရှင်း ခင်ဗျားရဲ့ ဟာကွက် ကိုပဲ ထောက်ပြနေမှာ ဖြစ်တဲ့အတွက် ကြည်လင်မှု ရရှိဖို့ တော်တော် ဝေးပါတယ်တဲ့.။ အဲ့ဒီ Condition ဖြစ်နေတဲ့ အတွက် ကျနော် ပြောခဲ့တာပါ.။ (မယုံရင် အဲ့ပို့စ်ကွန်မန့် တွေ ကြည့်လေ သူရှင်းပြလို့ ဟုတ်ပါတယ် ခင်ဗျား ဘက်ကကြည့်တော့လည်း အများကြီး စဉ်းစားရတာကိုး.. ထို့ထက်ပိုပြီး ခင်ဗျားလည်း မှားရင်မှားမှာပဲ လို့ လက်ခံသွားတဲ့သူ တစ်ယောက်မှ မရှိဘူး.။) ဟုတ်ပြီ.. ဒီနေရာမှာ အစွဲဆိုတဲ့ အရာ လာပါပြီ. ကိုသင်္ကြန် ထောက် ပြတဲ့ လူကို ခင်လို့ တရားမင်တယ် ဆိုတဲ့ Theory ဒီနေရာမှာ ၀င်လာပါတယ်.. စကားမစပ်. အဲ့လို Theory တွေအရ ပြောရရင် တော့ Condition ထည့်မတွက်ရင် တချို့ Theory တွေ ဘယ်လောက် တလွဲ ဖြစ်သွားလည်း ကျနော် ပြောပြမယ် Copy And Paste လုပ်လို့ မရဘူး ဆိုတဲ့ အကြောင်းပါ. ဆိုကြပါဆို့. ကျနော် ဗုဒ္ဓကို ယုံကြည်လို့ လေးစားလို့ ပုဂ္ဂိုလ်ကို ခင်ပြီး ဗုဒ္ဓရဲ့ဘာသာတရားဖြစ်တဲ့ ဗုဒ္ဓဘာသာ ဆိုတာကို ကျနော်ခုံမင်ခြင်း ဖြစ်ပါတယ်.. ကဲ. ဘာပြောမလည်း. လူကိုခင်လို့ တရားမင်ခြင်း ဆိုတဲ့ အကြောင်း. (ညီလင်းဆက်ကို ဘုရားလို့ သတ်မှတ်တယ် လို့တော့ ပေါ့ပေါ့တန်တန် မတွေးနဲ့နော် ဒါမျိုးတွေကလည်း ပြေရသေးတယ် ဟဲ. ) ကျနော်ပြောချင်တာက. လူကို သိတယ် သူ့ရဲ့ ရည်ရွယ်ချက်လည်း သိတယ် သူဟာ ဘုန်းကြီးလို အမှန်တွေ ကြီးပဲ လုပ်မဲ့လူ မဟုတ်မှန်း သိတယ်.. သူမှားတာ လုပ်မိကောင်း လုပ်မိလိမ့်မယ် လို့လည်း သိတယ်. ဟော်တယ် ဧည့်ကြိုလို စကားတွေ ယဉ်ယဉ် ကျေးကျေး ပြောတတ်တဲ့ အရည်ချင်း မရှိမှန်းလည်းသိတယ်. အဲ့ဒီအချက်တွေက လူကို သိနေတဲ့ အတွက် ရတဲ့ အချက်တွေအဖြစ် ကျနော့်စိတ်ထဲမှာ ရှိတယ် ဒီတော့…. အမှားကို ၀န်ခံမှ ကျေလည်သွားတဲ့ စိတ်ဓါတ်မျိုး ကျနော့်မှာ မရှိဘူး.. ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုသင်္ကြန်တို့ လိုချင်တဲ့ အချက်က အဲ့နေရာမှာ ကွာသွားပါတယ်. ၀န်ခံစမ်း ပါလို့ ခင်ဗျားတို့က တောင့်တတယ်.. ကျနော်က မတောင့်တဘူး . ဟုတ်တယ် လူကို ခင်လို့.. ပြောရရင် သူ့ရည်ရွယ်ချက်ကို သိနေလို့.. စိတ်မဆိုးပါနဲ့. တကယ့်အမှန်တရားကို ထပ်ထည့်ရရင်. လူတွေရဲ့ သဘောထားကို နားလည်ပေးနိုင်စွမ်း ရှိလို့ဖြစ်ပါတယ်..။ ခင်ဗျားလည်း မှားဘူးတယ် ကျနော်လည်းမှားဘူးတယ်. သူ့ဟာသူ မှားရင်မှားမယ် မှန်ရင်လည်းမှန်မယ်. သို့သော်. အမြင်မကြည်လင်တဲ့ သူတွေအတွက် သူထပ်ရေးခဲ့တဲ့ ဟာတွေက ဘာတွေမှ ထူးခြားမလာနိုင်ပါဘူး.။ ဆိုလိုတာက အဲ့ဒါပါပဲ.။ သူဟာ ခင်ဗျားတို့ ကျနော်တို့ မှားဘူး သလို မှားနိုင်ချေ ရှိတဲ့ လူ တယောက် ပဲလေ။ အတတ်နိုင်ဆုံး ရှင်းပြထားတာပါ. သို့သော်. ဝေ့လည်ကြောင်ပတ်တွေ ဘာတွေလည်း မသိဘူး လို့ ထင်ရင် အပေါ်ကစာ တွေ မေ့ပြစ်လိုက်ပါ..။ အောက်ကစာ ကိုပဲ ဖတ်တော့..။ တစ်ခါတစ်ခါ စကားလုံးတွေ ယာဉ်ကျေးပြီး အတွေးအခေါ် မိုက်ရိုင်းတာ ကျနော်တို့ ပတ်ဝန်းကျင်တွေမှာ တွေ့နိုင်သလို စကားလုံး မိုက်ရိုင်းပေမဲ့ အတွေးအခေါ် ရိုးသားတာ တွေလည်း တွေ့နိုင်ပါလိမ့်မယ်.။ ထို့အတွက် အမြင်မမှန်ချင်နေ အမှန်လောက်တော့ မြင်သင့် တဲ့.. အရှိအတိုင်း မြင်နိုင်တဲ့ စဉ်းစားတတ်မှုမျိုး လောက်တော့ ဒီလိုပြဿနာထဲဝင်မဲ့ လူအတွက် လိုအပ်ပါတယ်..။ ကျေးဇူးဗျာ.. အပျော်ပေါ့..။ (ညီလင်းဆက်ကို အခုလို ရေးတာ လောက်တောင် ကျနော် မပြောခဲ့ပါဘူး. ခင်ဗျားအဖြစ်အပျက်က ဒီလိုမျိုးဖြစ်နေပြီ ထင်တာပဲ ဆိုတာလောက် အပေါ်က စကားတခွန်းကို အဲ့နေ့က ပြောဖြစ်တာပါ.)

ကလိုစေးထူး said...

ကိုတက်စ်ပြောသွားတာတွေကို ဖတ်ရတာ မူးနောက်နေတာပဲ။ ဒါပေမယ့် အတိုချုပ် ကျနော်ရလိုက်တယ်လို့ (ထင်တာ) တခုပဲ ရှိတယ်။ ညီလင်းဆက်သည် သူမှားနေတာကို သိရင် ပြန်မတောင်းပန်လဲ ကိစ္စမရှိဘူး။ သူမှားတာ သူသိရင်ပြီးရော...။ (အဲဒီလို ဆိုလိုတာ ဟုတ်ချင်မှလဲ ဟုတ်မယ်။ ကျနော်ကတော့ ဖတ်လိုက်ပြီး အဲလိုပဲ သဘောပေါက်မိတယ်။) ကဲ...ဒါဖြင့် သူ့ဆီကို လာတဲ့ response တွေကို ဘာတခုမှ ကောင်းခြင်းဆိုးခြင်း ပြန်မပြောဘဲ ရေငုံနှုတ်ပိတ်နေတဲ့ လူတယောက်ဟာ သူ့ရဲ့ အမှားကို သိတယ်၊ မသိဘူး ဆိုတာကို ကျနော်တို့ ဘယ်လို သိခွင့်ရနိုင်မလဲ။ ကိုတက်စ်တို့လို အပြင်မှာ တွေ့ကြ၊ စကားပြောခွင့် ရကြတာဆိုရင်တော့ သူပြောပုံဆိုပုံကို ခန့်မှန်းပြီးတော့ `သြော်၊ ဒီလူတော့ သူမှားတာ သူသိရှာသားပဲ´ လို့ နားလည်လို့ရမယ့် အခွင့်အရေးတွေ ရနိုင်တယ်။ အခုလိုနေနေတာကတော့ နည်းလမ်းမကျတာတော့ အမှန်ပဲဗျ။

နောက်တခု ကျနော် ပြောချင်တာလေးက မိတ်ဆွေတွေအတွက် ရှင်းပြစရာ မလိုဘူးဆိုတာကို ကျနော်လက်ခံတယ်။ ဒါပေမယ့် မိတ်ဆွေမဟုတ်သူတိုင်းသည်လဲ ရန်သူ မဟုတ်တဲ့အတွက် မိတ်ဆွေကောင်းဖြစ်လာနိုင်စရာ၊ ဒါမှမဟုတ်လဲ သာမန်မိတ်ဆွေဖြစ်ဖြစ်ပေါ့ဗျာ... မိတ်ဆွေ ဖြစ်လာနိုင်စရာ လူတွေအတွက်လဲ ထည့်စဉ်းစားရမှာပဲလေ။

ပြီးတော့ ကျနော်တို့ပြောနေတာက `ပြန်တောင်းပန်စမ်း´ ဆိုတဲ့ ဘက်ကို မသွားပါဘူး။ ဒါပေမယ့် လူပဲဗျာ။ မှားတတ်တယ်၊ မှားတာကို သိအောင်တော့ ပြောရမှာပဲ။ အဲဒါ မုန်းလို့လဲ မဟုတ်ဘူး။ မလိုလားလို့၊ မနာလိုလို့လဲ မဟုတ်ဘူး။ ကျနော်တို့ကို ပြန်တုံ့ပြန်တဲ့နေရာမှာလဲ ယဉ်ကျေးပြနေစရာလဲ မလိုပါဘူး။ စကားလုံး မယဉ်ကျေးလဲ အတွေးခေါ် ဘယ်သူ မိုက်ရိုင်းတယ် ယဉ်ကျေးတယ်ဆိုတာ ရင်ဘတ်ထဲက နှလုံးသားတွေက သိပါတယ်။

စကားမစပ်ဗျာ...၊ ဒါကတော့ နောက်တာပါ။ ဟော်တယ်ဧည့်ကြိုတိုင်းလဲ ယဉ်ကျေးမနေဘူးဗျ။ :P ဒါပေမယ့် ကုမ္ပဏီအကြီးအကဲထက် စိတ်ထားပိုမြင့်မြင့်တတ်တဲ့ ဟော်တယ်ဧည့်ကြိုတွေ အများကြီးရှိသေးတယ်။ :P

ကလိုစေးထူး said...

ပြောစရာ တခု ကျန်သွားလို့ဗျို့။

ကျနော်လဲ ဗုဒ္ဓဘာသာပဲဗျာ။ ဒါပေမယ့် ကျနော်ထင်တယ်၊ ဗုဒ္ဓဘာသာဝင်တွေက `ဗုဒ္ဓ´ ဆိုတဲ့ ရုပ်နာမ်ကို ကိုတက်စ်ပြောသလို ပုဂ္ဂိုလ်မင်ပြီးမှ ဗုဒ္ဓဟောတဲ့ တရားတွေကို ယုံကြည်ကိုးကွယ်တာတော့ မဟုတ်တန်ရာဘူး ထင်တာပဲ။ ဥပမာ ဆိုကြပါစို့...၊ အကယ်၍များ ဗုဒ္ဓက `အတ္တ၀ါဒ´ ကိုသာ ဟောခဲ့မယ်ဆိုရင် အဖြေက တမျိုးပြောင်းသွားနိုင်တယ်လေ။ ဗုဒ္ဓဟောတဲ့ တရားတွေသည် လက်ခံနိုင်ဖွယ်ရာ ရှိတယ်လို့ လက်ခံယုံကြည်လို့သာလျှင် `တရားထူးကိုပေးနိုင်တဲ့ အတုမရှိမြတ်စွာ´ ဆိုပြီး ပုဂ္ဂိုလ်မင်တာလို့ ကျနော်တော့ ထင်တာပဲ။ ပြီးတော့ အောင်ခြင်းရှစ်ပါးတွေကို သေသေချာချာ ပြန်လေ့လာကြည့်ရင် ဗုဒ္ဓကို ပုဂ္ဂိုလ်မင်ပြီးတော့ အရှုံးပေးလိုက်ရတဲ့တာတွေ တခုမှ မရှိဘူး။ ဒီတော့ ဗုဒ္ဓကို ကိုးကွယ်နေတာ ပုဂ္ဂိုလ်မင်လို့ ဆိုတဲ့ ဥပမာကတော့ သိပ်မနိပ်သေးဘူးဗျ။ :D ခေတ်စကားနဲ့ ပွင့်ပွင့်လင်းလင်းပြောတော့မယ်ဗျာ။ `ငါသည် ဘုရားရှင်ဖြစ်တော့သကိုး´ ဆိုပြီး လူအများကို ပေါက်ကရလေးဆယ်တွေ ဟောကြည့်ပါလား။ ဘယ်သူကများ ပုဂ္ဂိုလ်ဆက်မင်နေဦးမှာလဲ။

ပြောသာပြောရတယ်။ ကိုတက်စ်မွေးနေ့စ်ပို့စ်ကနေ အကြောင်းအရာတွေက တော်တော်ကို စုံကုန်ပြီ။ :)

Pinkgold said...

ဘာတွေမှန်းကို မသိဘူး ရှုပ်နေတာပဲ... နောက်ဆို ဘာမှကို မပြောတော့ပါဘူး ကြောက်ပါတယ် ကြောက်ပါပြီ အရပ်ကတို့ရယ်.. စိတ်လေတယ်..

Tesla said...

ကိုစေးထူး.. အမှန်တော့ ကျနော် ပြောချင်တာ ပြောပြီးပြီ ဆိုပြီး ရပ်ထားမလားလို့ပါ. သူရေးကိုယ်ရေး ဆို ပြီးမှာ မဟုတ်ဘူးလေ. ထုံးစံတိုင်းပေါ့.။ အခုက ကျနော့်ဆိုလိုရင်း ကို သဘောမပေါက်ဘူး ဆိုလို့ ထပ်ရေးတာပါ.။ ပြောချင်တာ တစ်ခုပါပဲ ၀ိုင်းဖွဲ့ပြီး ထိုင် အတင်းပြောကြတယ် ထင်မှာဆိုး လို့ ရေးခဲ့ခြင်းဖြစ်ပါတယ်. ညီလင်းဆက် မှားခြင်း မှန်ခြင်း ကျနော် ရေးတာမဟုတ်ပါ. ဖြေရှင်းခြင်း ဖြင့် အကျိုးမရှိတော့ တဲ့ အခြေအနေ ရောက်ပြီ လို့ ထင်ကြောင်း ခင်မင်တဲ့ သူအနေနဲ့ ပြောခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ အခုလိုမျိုးပေါ့. အခုကျနော် ထပ်ရေး လို့လည်း ကိုစေးထူး လက်ခံဘို့ စဉ်းစားမှာ မဟုတ်ဘူး ဆိုတာ ရာနှုန်း တော်တော် များများ ရှိပါတယ်. ထပ်မရေး ပြန်တော့လည်း ရေးသူကို မလေးစားဘူး ရေငုံနှုတ်ပိတ် တယ် ပေါ့ဗျာ.။ ကဲ.. မခက်လား.။ အဲ ဗုဒ္ဓ ကိစ္စကတော့ ကျနော် ပြန်ရေး ရပါမယ်. ကျနော်ရေးတာလည်း နည်းနည်း လိုသွားပါတယ်. ကျနော့်အရေးအသား ညံ့ဖျင်းမှုဆိုတာ ၀န်ခံပါတယ်။ ပေးထားတဲ့ Message မရလိုက်လို့ပါ.။ အကျိုးအကြောင်း အရ ပုဂ္ဂိုလ်နဲ့ တရား အပြန်အလှန် ဆက်စပ်တယ် ဆိုတာပြောချင်တာပါ.။ ဗုဒ္ဓက အတ္တ ၀ါဒကို ဟောမဲ့သူ မဟုတ်မှန်း သိပြီးသား ဖြစ်နေခြင်းက ဗုဒ္ဓအား လေးစားမှု ဆိုတာကို အထောက်အပံ့ ပေးထားပြီးသားပါ.။ ပြောချင်တာက တရားသေ မှတ်လို့ ဘယ် အရာမှ မရဘူး ဆိုတာပါ.။ ဆိုတော့က ညီလင်းဆက် ရဲ့ အကြောင်း ကျနော်တို့ သိပြီးသားပဲ သူ့လုပ်ဆောင်မှုတွေ သူ့စေတနာတွေ ကျနော်တို့ တွေ့ဘူး ပြီးသားပဲ. သူသိပ်တော် နေတယ် လို့ပြောတာမဟုတ်ပါဘူး. မိုက်ရိုင်းထွားကျိုင်း နေတဲ့လူတစ်ယောက် လည်း မဟုတ်တာ သေချာတယ်လေ.။ အဲ့ဒါကြောင့် လူကိုခင်လို့ တရားမင် ခြင်း ဆိုတာဟာ ကျနော်တို့က ပဲ သိပ်ချစ်နေလို့ မင်း ဘာလုပ်လုပ် ကောင်းတယ် ကွာလို့ တွေးသလို မျိုးကြီး ဖြစ်နေပါရော.။ ဒဲ့ပြောရရင်တော့ ငတုံးကြီးတွေပေါ့ဗျာ.။ အဲ့ဒါကို ပြောချင်တာ..။ အဓိက က ကျနော်တို့ တာဝန်က ကိစ္စတစ်ခုခု ကို အကျိုးပြုနေရင် အဲ့ဒါကို ဘေးကနေ ဆက်ထိမ်းသိမ်းပေး ဘို့ တာဝန် ရှိတယ်လေ.။ ဘယ်သူမှ အကျိုးမရှိတော့ဘူး အကျိုးယုတ်တော့မယ် ဆိုရင် လည်း အဲ့ဒီကိစ္စကို ၀ိုင်းရပ်ပြစ်လိုက်ဘို့ အားလုံးမှာ တာဝန်ရှိတာပဲ.။ ကဲ အခုကိစ္စရဲ့ နောက်ဆုံး ရလာဒ်ကို ပဲ ကြည့်ပါ.. ဘယ်သူအကျိုးရှိသွားလည်း. ညီလင်းဆက် လည်း စိတ်ညစ်. MBS လည်း အူကြောင်ကြောင်နဲ့ ကျန်ခဲ့တယ်။ ဘာမှမဆိုင်ပဲ ဖတ်ရတဲ့လူတွေလည်း စိတ်ပျက်.။ ၀ိုင်းပြောကြတဲ့ လူတွေကော ဘယ်သူ အရသာ ရှိသွားလည်း..။ အခု ကိုစေးထူးလည်း ၀င်ပါရပြီ.. ကျနော်လည်း စာတွေရိုက်ရတာ လက်တွေညောင်း လူတွေလည်း အမုန်းခံရတယ်.။ အင်း.. ဒါကလည်း ဒီလောက မှာ ထုံးစံလို ကို ဖြစ်နေပါပြီ.။ အေးဗျာ ဒီလိုပဲ ဆက်သွားမယ် ထင်ပါရဲ့.။ အဲ.. တစ်ခုတော့ ပြန်အငြင်းပွားလိုက်ဦးမယ်..။ ကိစ္စတိုင်း ကိစ္စတိုင်းမှာ ရာခိုင်နှုန်း အများဆုံး ပါတဲ့ ရှုထောင့်ဘက် ကပဲ ကျနော် တို့ စဉ်းစားသင့်တယ် လို့ ကျနော်တော့ ထင်တယ်.။ ဟိုတယ် ၀န်ထမ်း လိုလေ. ရာခိုင်နှုန်း နဲနဲရှိတဲ့ ဟာတွေပါ ထည့်ပြီး တွက်ချက်ရင် ကျနော်တို့ ထည့်စဉ်းစားရတဲ့ အချက်တွေ များလာသလို အဖြေရဘို့လည်း ပိုပိုဝေးသွားလိမ့် မယ် လို့ ကျနော်က တထစ်ချကို လက်ခံထားတာ..။ ပညာရပ်တိုင်းမှာ Others Case ဆိုတာရှိသလို အဲ့ဒီ Others Case တွေကို Another Way နဲ့ဖြေရှင်းကြတယ်လို့ ပဲကျနော်က သိထားတာ.။ လိုအပ်ရင် လျစ်လျူရှူရတာတွေ အထိရှိတယ် ဆိုတာ ကြုံဘူးတယ်။
မွေးနေ့ပို့စ် အောက်မှာ အကြောင်းအရာ စုံတာကတော့ ထားလိုက်ပါတော့ဗျာ.. မွေးနေ့လက်ဆောင် တွေလို့ပဲ သဘောထား လိုက်ပါတယ်.။ :)

ကလိုစေးထူး said...

တဘက်က ဘာပြောပြော လက်မခံဘူး ဆိုတဲ့ စိတ်တော့ ကျနော့်မှာ မရှိပါဘူးဗျာ။ ကျနော်က အပေါ်မှာ ညီမပင့်ဂိုးလ် ထအော်ကတည်းကိုက ရေးခဲ့မိတာကိုပါ နောင်တရနေပြီ။ ဒီတော့ ကိုတက်စ် ပြန်မရေးလာရင်လဲ ကျနော် ဘာမှဖြစ်တော့မှာ မဟုတ်သလို အခု ပြန်ရေးလာတဲ့ အချက်တွေကိုလဲ တုံ့ပြန်မပြောလိုတော့ဘူး။ ဒီကိစ္စ ဒီမှာတင် ရပ်ကြတာပေါ့။ ကိုတက်စ် ရေးသလိုပဲပေါ့ ကျနော်တော့ လိုအပ်ချက်အရ လစ်လျူရှုတော့မယ်။

Unknown said...
This comment has been removed by the author.
MgThaJan said...

ပင့်ကူက စိတ်ရှုပ်တယ်လို့ ပြောထားလို့ ထပ်မရှုပ်စေချင်တော့ပေမယ့် နည်းနည်းတော့ ပြန်ဆွေးနွေးပါရစေ။
ပထမဆုံး ပြောချင်တာက ကျွန်တော့်ကောမန့်မှာ စကားအဓိပ္ပါယ်က ငတုံးကြီးတွေလို့ ဆိုလိုခြင်း လုံးဝ မဟုတ်ပါဘူး။ ဒီလို သက်ရောက်မှု ရှိသွားခဲ့ရတယ်ဆိုရင် ကျွန်တော် ပြောမိတဲ့အတွက် ၀မ်းနည်းမိပါတယ် i am sorry ။
ကိုတက်စ် တစ်ခုသဘောပေါက်လွဲနေတာက ရန်သူ မိတ်ဆွေ ဆိုတာပါပဲ။ သေချာတာ တစ်ခုက ညီလင်းဆက် ကိုတတ်စ် တို့နဲ့အတူ ဘယ်ရန်သူမှ ကျွန်တော့်မှာ မရှိပါ။ ထို့အတူပဲ ညီလင်းဆက် ရဲ့ ပို့စ်မှာ ဆွေးနွေးဝေဖန် ကြတဲ့ သူတွေ၊ ဖတ်မိသူတွေ အများအားဖြင့်ကလဲ ရန်သူ၊မိတ်ဆွေ လို့ သတ်မှတ်ကြမယ် မထင်ပါ။ ကျွန်တော့် အနေနဲ့ကတော့ mbs နဲ့ပါတ်သက်ပြီး ကူညီနိုင်တာ ကူညီပေးခဲ့တာပဲ ရှိပါတယ်။ ကျွန်တော် အဓိက ဆွေးနွေးနေတာ ညီလင်းဆက် ပို့စ် ကိစ္စကိုပဲ ဖြစ်ပါတယ်။ မှန်ပါတယ် ကျွန်တော် ညီလင်းဆက် ဆီက လက်ခံနိုင်တဲ့ ပြောဆိုမှုတစ်ခု အရမ်း ကြားချင်ပါတယ်။ (အကျိုးအကြောင်း ခိုင်ခိုင်မာမာဖြင့်ပေါ့) ဒါဟာလဲ တာဝန်ယူမှုဆိုတဲ့ အပိုင်း တစ်ခုအတွက်သာ ဖြစ်တယ်။ မရ ရအောင် အပြစ်ရှာမယ်ဆိုတဲ့ စိတ်မျိုးမရှိပါဘူး။ ကိုတတ်စ် ပြောသလို.........
“အမှားကို ၀န်ခံမှ ကျေလည်သွားတဲ့ စိတ်ဓါတ်မျိုး ကျနော့်မှာ မရှိဘူး.. ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုသင်္ကြန်တို့ လိုချင်တဲ့ အချက်က အဲ့နေရာမှာ ကွာသွားပါတယ်. ၀န်ခံစမ်း ပါလို့ ခင်ဗျားတို့က တောင့်တတယ်.. ကျနော်က မတောင့်တဘူး .................. ခင်ဗျားလည်း မှားဘူးတယ် ကျနော်လည်းမှားဘူးတယ်. သူ့ဟာသူ မှားရင်မှားမယ် မှန်ရင်လည်းမှန်မယ်. သို့သော်. အမြင်မကြည်လင်တဲ့ သူတွေအတွက် သူထပ်ရေးခဲ့တဲ့ ဟာတွေက ဘာတွေမှ ထူးခြားမလာနိုင်ပါဘူး”
ဟုတ်ပါတယ်။ ကျွန်တော်က ၀န်ခံစမ်းပါလို့ တောင့်တတယ်။ ကျွန်တော့်လိုပဲ ဒါကို တောင့်တတဲ့ သူတွေရှိနေတယ်လို့လဲ ယုံတယ်။ ဒါပေမယ့် ညီလင်းဆက် ဘယ်လိုပြန်ပြောပြော ကျွန်တော်တို့က နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး ဆိုပြီး ကျွန်တော့်ကိုယ်စား (ဘယ်သူ့ကိုယ်စားကိုမှ) ကိုတတ်စ် က ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကိုတတ်စ် က ကျွန်တော်မှ မဟုတ်ပဲ။ သာဓက အနေနဲ့ ပီကေရဲ့ ပို့စ်မှာ ပီကေ က ခေါင်းစဉ်အသုံးအနှုံး မှားကြောင်း တိုက်ရိုက် မ၀န်ခံခဲ့ပေမယ့် နားလည်ပေးနိုင်လောက်တဲ့ အပြောမျိုး ပြန်ပြောခဲ့လို့ အားလုံး ရပ်တန့်ခဲ့တာကို သတိပြု နိုင်ပါတယ်။
ကိုတတ်စ် ပြောတဲ့ (ညီလင်းဆက်ကို ဘုရားလို့ သတ်မှတ်တယ် လို့တော့ ပေါ့ပေါ့တန်တန် မတွေးနဲ့နော် ဒါမျိုးတွေကလည်း ပြေရသေးတယ် ဟဲ. ) ဆိုတာကိုတော့ မမှီလို့ မဆွေးနွေးတော့ပါဘူးဗျာ :P

Unknown said...

တက်စလာပြောသလိုဆို လူတစ်ယောက်က တစ်ယောက်ကို မိုက်မိုက်ရိုင်းရိုင်းပြော ဟိုဘက်က တုံ့ပြန်ရင် ပြန်ပြီးတုန့်ပြန်မနေနဲ့ မိတ်ဆွေတွေက နားလည်မှုပေးရင် နားလည်မှုရှိရင် ကျန်တဲ့လူတွေ အမြင်စောင်းလည်းအရေးမကြီးဘူးဆိုတဲ့သဘော သက်ရောက်နေတယ် ညီလင်းဆက်ကိုမိုက်ရိုင်းတယ်လို့ မပြောဘူး သူလဲ ပုဂ္ဂိုလ်မင်လို့ ကာကွယ်တဲ့သဘောဘဲ အဲဒါကိုနားလည်တယ် ဘယ်သူမှယာကွက်ကို ထောက်ပြနေတာမဟုတ်ဘူး သူကရှင်းလိုက်တိုင်း စကားလုံးကြီးကြီးတွေနဲ့ ဝေ့လည်ကြောင်ပတ်သိပ်လုပ် တယ် MBS မှာပီကေပိုစ့်တုန်းကလည်း ပီကေက စကားလုံးကြမ်းကြမ်း သုံးတာတစ်မျိုး သူက ဘလော့ကာဆိုတာ ပိုစ့် ၃၀ အနည်းဆုံးရှိရမယ်ဆိုတဲ့ ပေါက်ကရအဓိပ်ပါယ်တွေဖွင့် ခုလဲ စိုးမင်းရိုင်းတာကို ဝေ့လည်ကြောင်ပတ်နဲ့ကာကွယ် အဲဒီတော့ ပြောစရာရှိတာတွေကို ပြောနေမှာဘဲ ပင့်ရိုးလဲ မကျေနပ်ရင် အော်မနေနဲ့ ဘလော့ကို private လုပ်ထားလိုက် ပေါက်ကရပြောတာတွေ့ရင် ၀င်ပြောမှာဘဲ နောက်ဥပမာကလဲ ရှားတယ် ဘုရားနဲ့ချီပြီးပေးရတယ်လို့ NLS က ဘလော့ ဘုရားသခင်လား ရယ်ရတယ် ကြောင်ပါ့ကွာ

Tesla said...

ကိုစေးထူး.. ဟုတ်ပဗျာ.. ယုံကြည်ချက် ဆိုတာ ပြုပြင်ဘို့ ခဲယဉ်းပေမဲ့. ရပ်သင့်တဲ့ နေရာမှာ ရပ်လိုက်ခြင်း ကတော့ လိုအပ်ပါတယ်.. အဲ့လိုစဉ်းစားပေးနိုင်တာ လေးစားပါတယ်. ကျနော်တို့ ခံယူချက် ခြင်း တူတူ မတူတူ မျည်းပိတ်သင့်ပြီလို့ အတူတကွ ဆုံးဖြတ်မိကြ တဲ့ အတွက် ၀မ်းသာမိတယ်..။
ကိုသင်္ကြန် လည်း အဲ့လိုပါပဲ. မျည်းပိတ်စရာ နေရာရောက်ရင် ပိတ်လိုက် တာ ကိုယ့်အတွက်ကော အားလုံးအတွက်ကော အကျိုးရှိမယ် ထင်ပါတယ်..။ (မျဉ်းမပိတ် ပဲ ပုစ္ဆာ ထပ်တွက်ရင် ရွာလည်ပြီး အဖြေမရလို့ ဆရာမရိုက်လိမ့်မယ် :P)

ကြုံတဲ့အခါမှ နောက်တပုဒ် ထပ်တွက်ကြတာပေါ့ဗျာ.။ :)

Zaw. ဆက်တွက်ချင်ရင် ထပ်တွက်ပါ ကျနော်ကတော့ မျဉ်းပိတ်ထားလိုက်ပြီ. ပြန် မပြောနိုင်တဲ့အတွက် တောင်းပန်ပါတယ်. အပေါ်မှာ အများကြီး ရေးထားပြီးပါပြီ. အချက်တစ်ချက် ရေးပြီးတိုင်း အဲ့စာတွေထဲမှာ ပြန်ရှာကြည့်ပါ. အဲ့ဒါတွေက ကျနော် ပြန်ပြောတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်..။ အဲ. ကြောင်တယ်လို့ ပြောပေးတာ ကျေးဇူးဗျာ..။ :)

ကဲ ကဲ အရှေ့နဲ့ အလည်မှာ တစ်ချက်ချက် ၀င်ထွက်ကပြသော ဗော်ကာကို အော်ဒါ မှာပြီး ဆော်ဒါမထည့်ပဲ တခွက်ပြီး တခွက် ဆော်ကာနေတဲ့ မင်းသမီး လော်ရာရေ.. နောက်ပိုင်းလေး ကို လည်း တော်ကြပါတော့ သီချင်းလေးနဲ့ ကပြပြီး ကလာကာပိတ်စေ..။ ဒူ..။

MgThaJan said...

ပိတ်ဆိုလဲ ပိတ်ကြတာပေါ့ဗျာ။ ကျွန်တော်ကတော့ ပြောရခက်တဲ့လူမျိုး မဟုတ်ပါဘူး။ ကိုယ်ပြောခဲ့တဲ့ စကား အခြားလို အဓိပါယ်ကောက်လဲ ရတယ်ဆိုရင် sorry တစ်ခွန်း ပြောဖို့လဲ ၀န်မလေးတတ်ပါဘူး။

နောက်ဒါမျိုး ပုစ္ဆာ တွေ့ရင်လဲ မတွက်မိအောင် ကြိုးစားပါတော့မယ် :)

Unknown said...

ပိတ်ဆိုတော့ပိတ်ပေါ့ ကောင်းတာပေါ့ ပေါက်ကရတွေ ၀င်ဖာနေတာနဲ့စာရင် ကာလာကာပိတ်တာကောင်းတယ်

strike said...

ခင်ဗျား ဝင်မှာလား ထွက်မှာလား။ တစ်ခွန်းပဲပြော။ ထွက်မယ်ဆိုရင် လော့ခ် အင်လုပ်မကြည့်နဲ့တော့။

Smart Cookie said...

ကိုစိုးမင်းပြောတဲ့စကားကို တက်စလာက ဦးဝိစာရရဲ့ လိမ္မာရစ်ကြပါဆိုတဲ့ စကားနဲ့ နှိုင်းပြီးဥပမာပေးနေအုံး မယ် ထပ်မပြောပါနဲ့ ဟီးဟီး

MELODYMAUNG said...

ကိုတက်စ်ရေ အနော်ဘန်ကောက်ရောက်နေလို့ ချုမတောင်းလိုက်ရတာ ဒီမှာ လာဆုတောင်းတယ် မွေးနေ့မှ စ၍ ပျော်ရွှင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ဒီနှစ်လိုပဲ နောင်နှစ်ပေါင်းများစွာ ပျော်နိုင်ရွှင်နိုင်ပါစေ
အိအိ နောင်နှစ်တွေတော့ အနော်လဲပါပါရစေ
စာကြွင်း၊ ကိုတက်စ် ကြီးကျန်းမာပါစေလို့ သုံးရက်တိတိ ဆုတောင်းပြီးကြောင်း အဟီးဟီး

Pinkgold said...

ကိုယ့်ဟာကိုယ် ကိုတက်စ် စကားကို ကြိုက်လို့တင်တာ ဘာကိစ္စ ကိုညီလင်းဆက် အကြောင်းတွေ ဒီမှာ လာပြောရပါလိမ့်လို့ တွေးနေမိတာ.. ခုမှ ကိုညီလင်းဆက်ရဲ့ comment ကို သွားကြည့်လို့ သိလိုက်ရတယ်.. သူလည်း သဘောကျတယ်လို့ ပြောထားတာကိုးရှင့်.. Blog တွေကို Reader ကပဲ ယူဖတ်တော့ ပိုစ့်တွေပဲ ဖတ်မိပြီး comment war ကို သတိမထားမိ ပါလားနော်...