Thursday, September 25, 2008

My "First Things"

ပြောလို့ ပြောတာ မဟုတ်ဘူး။ တစ်ကယ်က သေလောက်အောင် အလုပ်များနေတာ။ Miss People ပွဲ အတွက်လေ။ မနက်ဖြန်လည်း မန္တလေးကို သွားတော့မှာ ဆိုတော့ ပျားတုပ်ပြီး တိုင်ပတ်နေတယ်။ ဘိုဘို ကိုတောင် ပြောလိုက်သေးတယ် အောက်တိုဘာ 15 လောက်ထိ ငါမအားတော့ဘူး လို့။ ယောင်္ကျား မရလည်း နေပါစေတော့လို့။ ဒါပေမယ့် ဒီနေ့ပဲ ချက်ချင်း ရေးဖြစ်သွားတယ်။ Designer တစ်ယောက်ရဲ့ Design ကို စောင့်နေတုန်း အချိန်လေး နည်းနည်းပိုနေတာနဲ့ ဒါကို ရေးဖြစ်သွားတယ်။ ဘိုဘို ကျွန်မကို ပထမဦးဆုံး အကြိမ် tag လုပ်တဲ့ "ပထမဆုံးများ" ကို ရေးခွင့်ကြုံသွားတယ်။

ပထမဆုံး နေခဲ့တဲ့မြို့ — ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ (မာန်အောင်ကျွန်း ပေါ်မှာရှိတယ်)



ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အ.လ.က ဟင်းစနဲ (မာန်အောင်ကျွန်းပေါ်မှာပဲ)



ပထမဆုံး အတန်း — ပထမတန်း (တစ်ကယ်က 88 တုန်းက လေးနှစ်လေ။ ကျောင်းပြန်ဖွင့်ရင် သူငယ်တန်း စတက်မယ်ဆိုပြီး အဖေက စာတွေ အကုန်သင်ထားတာ၊ ကျောင်းလည်း ဖွင့်ရော သူငယ်တန်းမှာ တစ်ယေက်တည်း ထူးပြီး ချွန်နေလို့တဲ့ ဆရာတွေက ရှုပ်တယ် ဒီကလေးဆိုပြီး ပထမတန်း တင်လိုက်တာ။ အဲဒါကြေင့် အသက် ငယ်ငယ်နဲ့ 10 တန်းကို 99 မှာ အောင်လာတာပေါ့။ တစ်ကယ်က 2000 မှာမှ အောင်ရမှာ)



ပထမဆုံး သူငယ်ချင်း - ထွန်းထွန်းဝင်းနိုင်တဲ့ ( ရွကပဲ.. ကျွန်မကို မွေးတဲ့ ရွာက.. ကျွန်မတို့ကတော့ သံခဲ လို့ခေါ်တယ်)



ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — အောင်အောင် ( တော်တော် ခင်ကြတယ်.. ခုတော့ ဘယ်ရောက်နေလဲ သိဘူး.. မာန်အောင်မှာပဲ ထင်တယ်၊ သူငယ်တန်းစတက်တော့ သူနဲ့အရင် စသိတာ၊ သူကပဲ ကျောင်းနေမပျော်တဲ့ ကျွန်မကို ပျော်အောင် လုပ်ပေးနိုင်ခဲ့တာ)



ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — ကျောင်းစာအုပ်လား၊ တစ်ခြား စာအုပ်လား (ကျောင်းစာအုပ်ဆိုရင်တော့ သူငယ်တန်းစာအုပ်ပေါ့၊ တစ်ခြား အပြင်စာအုပ်ဆိုရင်တော့ မင်္ဂလာမောင်မယ် မဂ္ဂဇင်း .. ငယ်ငယ်တုန်းက လစဉ်ဖတ်တယ်)



ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ — က၊ ခ၊ ဂ။ ကျောင်းမတက်ခင်ကတည်းက အိမ်ကလူကြီးတွေက ကြိုသင်ပေးနေတာလေ။



ပထမဆုံး အရိုက်ခံရခြင်း — မမှတ်မိတော့ဘူး၊ အကျင့်ကလည်း ပုတ်တဲ့အပြင်၊ ဆိုးလည်းဆိုးလို့ အဖေက ခဏ ခဏ ရိုက်တယ်



ပထမဆုံး ရတဲ့ဆု — ပထမဆု (ကြွားအုံးမယ်.. သူငယ်တန်းကနေ ကိုးတန်းထိ ပထမဆုပဲ ရတာ.. 10 တန်းရောက်တော့လည်း ကိုယ့်မြို့နယ်မှာ ပထမ ပါပဲ)



ပထမဆုံး သွားဖူးတဲ့ခရီး — မာန်အောင်ကနေ ရန်ကုန်ကိုလာတာ (2001 ခုနှစ်မှာပေါ့)



ပထမဆုံး စီးဖူးတဲ့ကား — ကျွန်မတို့ဆီမှာ လိုင်းဆွဲတဲ့ ဒိုင်နာကား (အမျိုးတွေရှိတဲ့ ရွာကို သွားလည်ရင်း စီးဖူးတာ)



ပထမဆုံး ဆိုတဲ့သီချင်း — ဘလက်အိုင် ဆူးဇင်၊ ဘလက်အိုင်ဆူးဇင်၊ ဟောင်းအာယူ၊ ဟောင်းအာယူရ်၊ ဗဲရီးဝဲလ် အိုင် သင့်ခယူ၊ ဗဲရီးဝဲလ် အိုင် သင့်ခယူ၊ ဟောင်းအာယူ၊ ဟောင်းအာယူ။



ပထမဆုံး ရေးတဲ့ကဗျာ — ကဗျာနာမည်က "ဆန္ဒ" တဲ့.. စာသားလေးက



"မင်းနဲ့အတူ


မခွဲမခွာ


ထာဝရ နေချင်တာ

ငါ့ဆန္ဒပါ"



"It's my desire,

Parting from you never,

Living with you together"

အဲဒီ ကဗျာကို The Best English မဂ္ဂဇင်းမှာ ဖော်ပြခံရတယ်။ ကြွားတာ ဟဲဟဲ



ပထမဆုံး ရေးခဲ့သော ရည်းစားစာ — ရေးဖူး သေး ဘူး ရှင့်။



ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — မရှိပါဘူးဆိုနော်



ပထမဆုံး ချစ်သူ — သြော် ကဲ ပြော ပြီး ပါ ပြီ ကော၊ ရှိသေးပါဘူးဆို။



ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — ကောင်းသန့် (သမီးလေး ဖတ်ဖို့)



ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — အေးချမ်းမေရဲ့ တစ်စစီကျိုးပဲ့နေတယ်



ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — နေ့တော့မသိတော့ဘူး။ ခုနှစ်တော့သိတယ်။ ၂၀၀၁ မှာတက္ကသိုလ် စတက်တာ။



ပထမဆုံး ရဖူးတဲ့လက်ဆောင် — မမှတ်မိတော့ဘူး



ပထမဆုံး အလုပ် — Blazon မှာ Purchaser လုပ်တာ



ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — Second Year တုန်းက ကျောင်းပိတ်လို့ အိမ်ပြန်တဲ့ အချိန် (ရန်ကုန်ကနေ မာန်အောင်ကို သွားတာ အဝေးကြီးပဲ.. မှတ်မိသေးတယ် အဲတုန်းက တော်တော်ကြောက်နေတယ်. ကားပေါ်မှလည်း အသိတွေ မပါလို့)



ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — အတော်ရိုးတဲ့ မယ်ပင့်ဂိုလ်းပါရှင်။ ဒါမျိုးတွေ လုပ်တတ်ဝူး



ပထမဆုံး တက်ဖူးသော ဆေးရုံ — နေမကောင်းတွေ ဟဲဗီးဖြစ်ပေမယ့် ဆေးရုံဘယ်တော့မှ မတက်ဘူး။ အသက် တစ်နှစ်လောက်တုန်းကတော့ ညဘက်ကြီး အပြင်းဖျားလို့ ရွာကနေ မြို့ပေါ်က ဆေးရုံကို ပြေးရဖူးတယ်လို့ အဖေကပြောတယ် (မာန်အောင် မြို့နယ် ဆေးရုံပေါ့)



ပထမဆုံး ဘလော့ပို့စ် The Value of Smile



ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — မြန်မာတီးရှောပ့် ဖိုရမ်ကနေ ဘလောဂ့်ဂါတွေ အများကြီးနဲ့ ခင်လာတာ ဆိုတော့ ပထမဆုံးဆိုတာ ပြောဖို့ ခက်တယ်။ ပထမဆုံး အခင်ဆုံး ဘလောဂ့်မိတ်ဆွေဆိုရင်တော့ ကိုထိုက် ပေါ့



ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — 10 တန်းပြီးလို့ Guide ပြန်လုပ်တဲ့ အချိန်



ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — 2 တန်းတုန်းကထင်တယ်။ အတန်းထဲက တစ်ယောက်နဲ့ ရန်ဖြစ်တာ၊ စာမေးပွဲဖြေတုန်း ကျွန်မဆီက စာခိုးချလို့ ဆိုပြီးတော့



ပထမဆုံး အကြိမ် ထီပေါက်ခြင်း — (2) လုံးထီစပေါက်တာ.. ကိုယ့်ဟာကိုယ် ခံစား မိတဲ့ 63 ဆိုတာလေးကို မ၀ံ့မရဲ ထိုးလိုက်တုန်းက (50 ဖိုးပေါက်တာကွ ဘာမှတ်လဲ ဟွန်း ဟွန်း)



ပထမဆုံး ရင်ခုန်ဖူးခြင်း — မွေးကတည်းက ရင်ခုန်လာတာလေ.. ဟုတ်ဘူးလား



ပထမဆုံး တီးဖူးတဲ့ဂစ်တာ — မတီးတတ်ပါ (တူရိယာ ဆိုလို့ ၀ါးလက်ခုတ်ပဲ တီးတတ်တယ်)

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — နယ်စပ်တောင် မရောက်ဖူးဘူး။


ကျွန်မလည်း ထပ် tag မယ်။ လာထား.. ကိုသင်ကာကိုသီဟန်၊ ကိုထွန်းတောက်နေကိုကောင်းကင်ကိုခိုင်သဉ္ဖာ စည်သူ တို့ကို တက်ပါတယ်။ ရေးပေးကြပါ၊ ရေးပေးကြပါ။

6 comments:

strike said...

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — မြန်မာတီးရှောပ့် ဖိုရမ်ကနေ ဘလောဂ့်ဂါတွေ အများကြီးနဲ့ ခင်လာတာ ဆိုတော့ ပထမဆုံးဆိုတာ ပြောဖို့ ခက်တယ်။ ပထမဆုံး အခင်ဆုံး ဘလောဂ့်မိတ်ဆွေဆိုရင်တော့ ကိုထိုက် ပေါ့http://www.ko-htike.blogspot.com/
Bomber အားကိုး၊ပုဆိန်လက်ရိုး၊ပြည်ပအားကိုး pinkgold

strike said...
This comment has been removed by the author.
mm thinker said...

တက်ဂ်ထားတာ ခုမှ သိတယ်။ ဘာလို့ မပြောတာတုန်း။

အင်တာနက် ဂိနေတာ ၃ ရက်ရှိပြီ။ ရတော့ ရေးပေးမယ်ကွာ။

သင်ကာ

MrDBA said...

blazon မှာ အဝယ်တော်လုပ်ဖူးတယ်ဆိုလို့ ကျွန်တော့် တူမတစ်ယောက်လဲ အဲဒီမှာ အဝယ်တော်လုပ်ဖူးတယ်။ ဖောင်ကြီးကနေ စာရင်းကိုင် ဒီပလိုမာရပြီးတော့ အလုပ်စဝင်တာဘဲ။

Kaung Kin Ko said...

Tag ထားတာ ရေးလိုက်ပြီနော် ညီမ။

ဆောင်းယွန်းလ said...

ငါ့ညီမရဲ့ပထမဆုံးတွေကိုစိတ်ဝင်စားစွာနဲ့ဖတ်သွားပါ
တယ်ညီမရေ...