Thursday, September 11, 2008

Belated Birthday Wish (1)

Photobucket

06-Sep-08.. ကျွန်မသိပ်ချစ်တဲ့ သူငယ်ချင်းရဲ့ 26 နှစ်မြောက်မွေးနေ့ပါ။ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်အနေနဲ့ ခုချိန်မှာမှ မွေးနေ့ဆုတောင်းပေးတာဟာ ခွင့်မလွတ်နိုင်လောက်အောင် တရားလွန်ရာရောက်မှန်းတော့ ကျွန်မသိပါတယ်။ ဒါပေမယ့် ချစ်ဆုံးရဲ့မွေးနေ့တုန်းက ကျွန်မစိတ်တွေ အရမ်းညစ်နေခဲ့တယ်။ မပြောချင်ပဲ ပြောလိုက်ရတဲ့ စကားလေးတစ်ခွန်းကြောင့် ဘလောဂ့်လောကကြီး ဗြောင်းဆန်သွားခဲ့သလို ကျွန်မလည်း ထိချက်တွေ တော်တော်ပြင်းပြင်း ခံခဲ့ရတယ်။ "အေးဆေးနေပါဟာ မောရင်ပါးစပ်ပိတ်သွားလိမ့်မယ်.. နင်စိတ်မကောင်း မဖြစ်နဲ့နော်လို့" ကျွန်မကို ပြန်အားပေးနေခဲ့တဲ့ သူ့ကို ကျွန်မရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိရုံမက ပိုပြီးတောင် ချစ်မိသွားသေးတယ်လေ။ "Happy Birthday Chit Sone" ဆိုတဲ့ စကားလေးကိုတောင် ည 11 နာရီကျော်.. သူ့မွေးနေ့ပြီးဆုံးခါနီးမှ ကျွန်မ သွားပြောမိတာပါ။ "နင် ငါ့မွေးနေ့ကို မေ့မနေတာပဲ တော်ပါပြီ" လို့ ကျွန်မကို ပြန်ပြောခဲ့ပေမယ့်.. ကျွန်မစိတ်မကောင်း ဖြစ်ရတုန်းပါပဲ။ ကျွန်မ မွေးနေ့တုန်းကဆို သူများထက် စောပြီးဆုတောင်းချင်လို့ဆိုပြီး မနက်အစောကြီး လာဆုတောင်းပေးခဲ့တာလေ။ ကျွန်မတို့နှစ်ယောက်က အွန်လိုင်းပေါ်မှာ ရင်းနှီးခဲ့တာ ဖြစ်ပေမယ့် အပြင်က သူငယ်ချင်းတွေထက်ကို ပိုပြီးချစ်ခင်မိကြတယ်။ သူများတွေနဲ့ မတူချင်လို့ဆိုပြီး "လဒရေ" လို့ နောက်ပြောင်ခေါ်တတ်ကြတယ်။ တစ်ခြားသူငယ်ချင်းတွေဆို ဂျူဂျူးနဲ့ နင်နဲ့က တစ်ယောက်ကို တစ်ယောက် လဒရေ လို့ခေါ်တယ်ဆို ဆိုပြီး တအံ့တသြ မေးကြတိုင်း ကျွန်မတို့နှစ်ယောက် ရီလိုက်ရတာ။ မှတ်မှတ်ရရ နာဂစ်တိုက်တဲ့ညတုန်းက သူကလည်း ဘန်ကောက်ကပြန်ရောက်နေချိန်၊ ကျွန်မကလည်း သူ့အိမ်မှာ သွားအိပ်တဲ့နေ့နဲ့ ကြုံနေခဲ့တယ်လေ။ အိပ်ရာပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အတင်းဖက်ပြီး ကြောက်နေခဲ့တာကို အမှတ်ရနေသေးတယ်။ ကျွန်မတောင် သူ့အိမ်မှာ ရက်တော်တော်ကြာ သောင်တင်နေခဲ့ပါသေးတယ်။

အဲဒီကျွန်မရဲ့ အခင်ဆုံး၊ အချစ်ဆုံး သူငယ်ချင်းဆိုတာ "လတ်တလော ခံယူချက်များ" မှာတုန်းက

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… ထိုင်းမှာလေ၊ ABAC မှာ ကျောင်းတက်နေတယ်…

လို့ရေးခဲ့တော့ တော်တော်များများက ကျွန်မကို ဂျီတော့မှာ လာမေးပါတယ်။ ဘယ်သူတုန်း၊ ဘယ်ကတုန်းပေါ့။ ဟုတ်ကဲ့ အခုကျွန်မ မွေးနေ့ဆုတောင်း ရေးပေးနေတဲ့ သူငယ်ချင်းပါရှင်။ ဂျူဂျူးရေ နင့်ရဲ့ 26 နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ (ငါ့လို) ချစ်စရာ ကောင်းတဲ့သူငယ်ချင်းတွေလည်း များများရပါစေဟာ။ ငါနဲ့လည်း တစ်သက်လုံး ချစ်ချစ်ခင်ခင် နေသွားနိုင်ပါစေ။

2 comments:

Tesla said...

ဂျူးဂျူး ManU ရှုံးလို့ လာနုတ်ဆက်. အဲလေ.. Happy BirthDay လာပြောတာပါ. :)

brokenworld said...

ဟားဟား...happy birthday လို့ပြောချင်တာနည်းနည်း မန်ယူရှုံးလို့ လာပြောတာမလား ကိုတက်စ်...။ :P
anyway, thank u ပါ..။ happy belated birthday ပါ ကိုတက်စ်ရေ..။ :)
ဒီပို့စ်လေးကိုတင်ပေးတဲ့ ချစ်ဆုံးလဒရေ အရမ်းကျေးဇူးတင်တယ်..။ mwah :-**********