Thursday, November 13, 2008

ခဏလေးပဲ...

နှစ် 20 တဲ့....
လူ့ဘ၀သက်တမ်းနဲ့ နှိုင်းရင်တော့ ခဏလေးပေါ့..
တစ်ကယ်ကို ခဏလေးပါပဲ...။

အဲဒီ ခဏလေး ပဲလေ..
လူတစ်ယောက်ကို အညွှန့်ချိုးတာ
မဟုတ်တရုတ်ကို ပုဒ်မလုပ်
အရှုပ်ထုတ်ဆိုပြီး ထောင်ချတယ်..။

ခဏလေးအတွင်းမှာ.. ဘ၀ကဆိုးသွားတယ်
ခဏလေးအတွင်းမှာ.. အမုန်းတရားတွေ တိုးပွားတယ်
ခဏလေးအတွင်းမှာ အမှန်တရားက ပျောက်ကွယ်သွားတယ်

အဲဒီ ခဏလေးဟာ..
မတရားမှုတွေ ပေကျံနေတဲ့
သမိုင်းဝင် အခိုက်အတန့်ပါပဲ။

4 comments:

Anonymous said...

မူလတန်းကျောင်းသားဘ၀မို့ ခပ်ရေးရေးပါပဲ။ နစ်နာသူများအတွက် စာနာပါတယ်။
မထင်ပေါ်တဲ့ သူရဲကောင်းတွေပေါ့။
ဒီလိုပဲမြင်ပါတယ်
လေးစားလျက်
Win Zaw

Anonymous said...

:-(
အဲံဒီအတွက် ၀မ်းနည်းမှုကိုတော့ ခဏလေးနဲ့ ဖြေသိမ့်လို့ရနိုင်ဘူးကွယ်

Anonymous said...

mw too.:(

Anonymous said...

ရွှေထက်ရေ... လူမိုက်တွေကတော့ ကမ်းကုန်အောင် ယုတ်မာလို့ အားမရလို့ မဲဇာကို ထပ်ပို့ကြသေးရဲ့လေ