Saturday, November 15, 2008

Webpage Exhibition and Competition

လာမည့်လအတွင်းပြုလုပ်မည့် တကိုယ်ရေအင်တာနက်စာမျက်နှာများ ပြသရောင်းချပွဲတွင် ပါဝင်ပြသလိုသူများ ဆက်သွယ်နိုင်ပါသည်။

အောက်ပါအချက်အလက်များ ကိုလိုက်နာနိုင်လျှင်ပါဝင်ပြသနိုင်ပါသည်။ ၀င်ရောက်ပြသလိုသူများအနေဖြင့်

၁- မိမိ၏ စာမျက်နှာသည် မြန်မာပြည်တွင်းအလွယ်တကူကြည့်ရှုနိုင်သော စာမျက်နှာဖြစ်ရပါမည်။

၂- နိုင်ငံရေးမကင်းရှင်းသော အရေးအသားနှင့် အပြုမူများမပါဝင်ရပါ။

၃- မိမိ၏ စာမျက်နှာကို ပြပွဲတွင်ပြသရန် အပြင်အဆင်ကိုမိမိဘာသာတာဝန်ယူရပါမည်။ ( ဥပမာ - Vinyl နှင့် - အလှအပအပြင်အဆင်- သွားလာမှု)

၎- ရွေးချယ်ခံရသူသည် ၀င်ကြေးအဖြစ် ကျပ်ငွေတသောင်း ပေးသွင်းရပါမည်။ ( လူဦးရေ ကန့်သတ်ထားသည် )

၅- ပရိတ်သတ်အကြိုက်ဆုံး စာမျက်နှာကို ပြပွဲအပြီးတွင် ရွေးချယ်ကာ ဆုချီးမြင့်သွားမည်ဖြစ်ပါသည်။

၂၀ - နိုဝင်ဘာ ၂၀၀၈ နောက်ဆုံးထားပြီး အောက်ပါ အီးမေးကို ဆက်သွယ်နိုင်ပါသည်။

zzml33@gmail.com

ကိုဘလာဂေါက် ဆီမှာ ကူးယူဖော်ပြပါသည်။

3 comments:

Anonymous said...

နံပါတ်(၂)ကြီးကလဲဟယ်နေရာတကာပါပဲဆိုးလွန်းတယ်....လူဆိုး

Anonymous said...

ပြည်တွင်းမှာကိုးရှင့်

Anonymous said...

ပြည်ပမှာဆိုရင်ကော ဘယ်လိုလဲဆိုတယ့်၊မေးခွန်းမျိုးတွေမတွေးရဘူးနော်၊
သွား....သူလဲဆိုးတာပဲ လူဆိုးလေး။