Wednesday, November 5, 2008

How To Stay "Young"

ကျွန်မတို့ရုံးက အမ တစ်ယောက်မျှဝေတဲ့ စာလေးပါ။ မှတ်သားစရာ ကောင်းတာမို့ ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်ရှင်။ အီးမေလ်းတွေမှာလည်း ပြန့်နေတာမို့ တော်တော်များများလည်း ဖတ်မိကြလိမ့်မယ် လို့တော့ ထင်မိပါတယ်။

နုပျိုအောင် ဘယ်လိုနေမလဲ

1. အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့ အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲ ပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးရှင်။ ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။

2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။

Image Hosted by ImageShack.us

3. အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊ ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊ လက်မှုပညာအကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ် သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။ စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil's workshop တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ The devil's name is Alzheimer's! ပဲပေါ့

4. ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင်ကြိုးစားကြည့်ပါ။

5. ရယ်မောပါ၊ အကြာကြီး ကျယ်ကျယ်လောင်လောင်ကို ရယ်မောပလိုက်ပါ။ ရယ်လွန်းလို့ ပင့်သက်ရှိုက်ရတဲ့အထိကိုပေါ့။ သင့်မှာ သင့်ကို ရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့ သူငယ်ချင်း တစ်ယောက်သာရှိမယ်ဆိုရင် သူနဲ့ပဲ အချိန်ဖြုန်းနေလိုက်တာ အကောင်းဆုံးပါပဲ။

Image Hosted by ImageShack.us

6. သင်ချစ်တတ်တဲ့ အရာတွေသင့်အနားမှာ ရှိနေပါစေ။ သင့်မိသားစု၊ သင်ချစ်တဲ့ တိရစ္ဆာန်၊ သင်ဝါသနာပါတဲ့အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေ ဖြစ်နေ ဒါတွေနဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရလည်း ရှိနေရမယ်နော်။ နောက်ပြီး ဘုရားသခင်နဲ့လည်း တည့်အောင်နေပေါ့ရှင်။

7. မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင်.. ကြံ့ကြံ့ခံပါ၊ ၀မ်းနည်းပူဆွေးနေလိုက်ပါ၊ ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။ ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူရှိနေမှာက ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့ ကိုယ်အသက်ရှင်နေစဉ်အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။

8. ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ။ ကျန်းမာရေး မကောင်းရင် ကာကွယ်စောင့်ရှောက်ရမှာပေါ့။ မကြာခဏနေမကောင်း ဖြစ်နေရင်လည်း ပိုကောင်းအောင် လုပ်တတ်ရမယ်လေ။ အင်း.. ကိုယ်ကိုယ်တိုင် ဘယ်လိုမှ မကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့ အကူအညီကို ယူရတော့မှာပါပဲ။

9. မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ။ မောလ်တွေကို ရှော့ပင်ထွက်ပါ။ အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြား တိုင်းပြည်တွေထိတောင် ရှော့ပင်ထွက်လိုက်ပါအုံး။ ဒါပေမယ့်.. စိတ်လွတ် ကိုယ်လွတ်မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။

Image Hosted by ImageShack.us

10. ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာ ချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။

ကျွန်မကတော့ ဒီလိုနုပျိုအောင်နေနည်းကို နောက်ထပ်လူတွေကိုလည်း မျှဝေပေးစေချင်တယ်လေ။ တစ်ချို့မေလ်းတွေမှာ တွေ့ရတတ်တယ် မဟုတ်လား.. send this to at least 10 people …ဘာညာ ဘာညာပေါ့။ မပို့တော့ကော ဘာဖြစ်သွားမှာ မို့လို့လဲ။ 10 ယောက်ဆီ မဟုတ်တောင် ကိုယ်ချစ်တဲ့၊ ကိုဂရုစိုက်တဲ့ လူတစ်ယောက်လောက်ကိုပဲ ပြောပြလိုက်မှာပေါ့။

Image Hosted by ImageShack.us

12 comments:

Anonymous said...

ဖတ်ရှူမှတ်သားသွားပါကြောင်း

Anonymous said...

အုန်းခင် ပင့်ဂိုးလ်...
အဲဒီအတိုင်း ညည်းလဲ ကျင့်ကြံနိုင်ပါစေဗျာ။ အဲဒါမှ ညည်းလဲ စိတ်ချမ်းသာမှာ။ မဟုတ်ဘူးလား။

Anonymous said...

ပင့်ပင့် ဆီမှနည်းနာများကို လေးစား၊ရိုကြိုး စွာဖြင့်မှတ်သားနာယူသွားပါတယ်။
ပင့်ပင့်ရဲ့"ဖလမ်း ဖလမ်း"ကို Julydream မှလည်းအရမ်း၊အရမ်းကိုစိတ်ဝင်စားနေပါသတဲ့။

Anonymous said...

အစ်မရေ
တန်ဖိုးရှိတဲ့ စာကို အကျိုးရှိရှိ ဖတ်/မှတ်သွား ပါတယ်။ အမှတ်စဉ်(၁)ကနေ (၉)ထိ လိုက်နာ ဆောင်ရွက်နိုင်ပါတယ်။ အမှတ်စဉ် (၁၀)ကို ကျင့်သုံးလိုက်တာ ကျွန်တော့်ကို ထားသွားပါတယ်အစ်မ.. ..
လေးစားလျက်
http://winzaw-mdy.blogspot.com

Anonymous said...

အမားပင့် ဘာမှန်းမသိတယ့် - အဲ့ဒါကြီးပြောတာမှန်တယ်ဗျ၊ကျွန်တော်လည်းအမား ပြောသလို အမှတ်စဉ် (၁၀)ကို ကျင့်သုံးလိုက်တာ တခါထဲနော် နယ်ပြန်သွားပြီအမ၊အမားအဲ့ဒါကိုအမြန်ရှင်းပေးပါ။
အားကိုး၊ယုံကြည်၊၊လေးစားစွာဖြင့်

Anonymous said...

ဖတ်ပြီး သဘောကျလိုက်တာ.. နောက်ဆက်တွဲသင်တန်း ပါ ဖွင့်ဖို့လိုပြီနော်

Anonymous said...

မှတ်သားသွားတယ်ဗျ... နံပါတ် (၁၀) အတွက် ရှာလိုက်ဦးမယ်..။ :P

Anonymous said...

အမလေးလေးနော် ချစ်တဲ့သူကို ချစ်တယ်လို့ ဖွင့်ပြောခိုင်းတာ တော်တော်ပြသနာ တက်နေပါပကောလား.. သူ့ဘက်က အပိုင်းကို မစဉ်းစားနဲ့လေ.. ကိုယ်တစ်ကယ်ချစ်ရင် ချစ်တယ်လို့ ပြောရဲရမှာပေါ့.. ဒီမှာ ချစ်သူရည်းစား အချစ်ကိုပဲ မရည်ညွှန်းဘူးနော်.. မိဘ သူငယ်ချင်း အချစ်တွေလည်းပါ ပါ့ရှင်.. သူ့ဘက်က ချစ်ချစ် မချစ်ချစ် ကိုယ်က ချစ်နေကြောင်းကို ဖွင့်ပြောရမှာတော့ ကိုယ့်တာဝန်ပဲလေ.. နောက်ဆက်တွဲကတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလိုပေါ့.. ချစ်တယ်ပြောပြီး ရပ်နေလို့မှ မရတာကို.. အိအိ မီးကိုပြသနာ လာရှာတယ် :P

Anonymous said...

လိုဘူး။ နုပြီးသားပဲဟာ။ :P

Anonymous said...

"lovelessguiter"ကလဲဇွတ်ကိုကြော်ငြာဝင်တော့တာပဲ

Anonymous said...

ကြိုက်လို့ကူးသွားပြီဗျာ...

Anonymous said...

နံပါတ် (၁၀) ကိုရှင်းအောင် ထပ်ဖြည့်သင့်တယ်...။

10. ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာ (ဆိုင်ကယ်ဦးထုပ် ဒါမှမဟုတ် Rugby ကစားတဲ့ ဦးထုပ်ဆောင်းပြီး) ချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။

စိုးကြီးလို လူတွေအတွက်ဗျို့...။ (ဟုတ်တယ်နော်... ကိုကျိုးကြေမွပွန်း...)

မကျေနပ်ရင် ဒီပို့စ်တင်တဲ့ ဘလော့ဂါနဲ့ ရှင်းဗျို့...။ :P