Thursday, January 31, 2008

အရုပ်မဟုတ်ဘူး

နတ်ဆိုးတွေ မွှေနေပြီ၊
တိမ်ဆိုင်တွေကင်းပျောက်
အလင်းရောက်မယ့်နေကို စောင့်နေတာလား။
ဖြူလွလွ ရောင်စဉ်လေးနောက်
လမ်းလျှောက် လိုက်ခဲ့သူတွေ
နောက်ကိုလှည့်ကြည့်တော့
အနီရောင်အုတ်စီးရိုး တစ်ခုဘဲရှိတယ်။
ကျဥ်းကြပ်ကြပ်စိတ်တွေ ထွက်ပေါက်
တို့တွေ လမ်းလျောက်လို့တောင် မရဘူးလားကွယ်။
ထိန်းချုပ်မှုတွေများပြား
ကန့်သတ် မှုတွေကြားက
လူးလွန့် ကြီးပြင်း
ငါတို့ ခရီးနှင်ခဲ့တာလဲ ကြာပြီ။
ဒီတစ်ခါ ဆက်လျှောက်
အသက်တွေလဲ ရောက်နေ
လက်တွေလဲ မြောက်နေရဦးမလား
လုပ်ချင်တိုင်းလုပ်
ဒို့ အရုပ်မဟုတ်တာ ပြကြဦးစို့ကွာ။

ရဲသွေးနီနီ

 

6 comments:

Kaung Kin Ko said...

Very great poem.

Unknown said...

အသက်တွေလဲ ရောက်နေ
လက်တွေလဲ မြောက်နေရဦးမလား
လုပ်ချင်တိုင်းလုပ်
ဒို့ အရုပ်မဟုတ်တာ ပြကြဦးစို့ကွာ။

ရွှေပြည်တော်ကြီးက တောက်ပချိန်နီးနေပြီ
လင်းလက်လိုက်ကြစို့
ရောင်စဉ်တွေနဲ့...။
ကြိုဆိုလိုက်ကြစို့...။
လက်တွဲညီစွာ...။

ဒင်းတို့လက်တွေနဲ့ သမိုင်းအရေးမခံဘူးဟေ့....

ဆောင်းယွန်းလ said...

ဒီတစ်ခါ ဆက်လျှောက်
အသက်တွေလဲ ရောက်နေ
လက်တွေလဲ မြောက်နေရဦးမလား
လုပ်ချင်တိုင်းလုပ်
ဒို့ အရုပ်မဟုတ်တာ ပြကြဦးစို့ကွာ။
ကဗျာလေးကအဓိပ္ပာယ်အပြည့်ဘဲ..အရမ်းအနှစ်သာရရှိ
ပြီးတိုတိုလေးနဲ့ထိမိတယ်..ကြိုက်တယ်..ဒီလိုကဗျာမျိုးကို

Nyein Chan Aung said...

နူးညံ့တဲ့ စကားလုံးတွေနဲ့ ပြင်းထန်တဲ့ ရင်တွင်း ခံစားချက်ကို ဖွင့်ပြထားတဲ့ ကဗျာတစ်ပုဒ်ပဲ။

MELODYMAUNG said...

who is yethwaenini?

cheers! credit goes to him.

Pinkgold said...

မမီတို့ကလည်း ယောင်္ကျားမှန်း မသ် မိန်းမမှန်း မသိ Credit ti him လုပ်တယ်
ရဲသွေးနီနီာ ဘူတုန်းဆိုတော့ ပြေပြ၀ူး ဟိဟိ