Wednesday, January 9, 2008

Furture Dream of Myanmar's Development

အခုတစ်လော ကျွန်မ စာရေးချင်စိတ် နည်းနည်း ကုန်ခမ်းနေတယ်ရှင့်။ လာဖတ်တဲ့ သူတွေကိုလည်း အဟောင်းတွေချည်းပဲ ပေးမဖတ်ချင်တော့တာနဲ့ မေလ်းထဲကိုေ၇ာက်လာတဲ့ ဟာသလေး တစ်ခုကို ပြန်တင်ပေးလိုက်မယ်နော်.. တော်တော်များများတော့ ဖတ်ဖူးကြမယ် ထင်ပါတယ် ဒါပေမယ့်လေ ဟာသဆိုတော့ ပြန်ဖတ်ရင် ပြန်၇ီရတာပေါ့နော် ဖန်လိုက်ကြပါအုံး

**********************************************************************
ဘာပြောတယ် လော်ရာ

စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ

မရဘူး သမီး။ ဒီခေတ်ကြီးထဲမှာ ဗမာစကားကို မတတ်လို့ မရဘူး

ဒါဆိုလည်း နောက်မှ တတ်မယ် ဒယ်ဒီ၊ အခု သမီးမှာ အင်္ဂလိပ်စာ သင်တန်းနဲ့ ၈ှပန် ယဥင်္ကျေးမှု သင်တန်းတွေ တက်ရအုံးမယ်

အဲဒါ ခက်တာပဲ.. ဘာကအရေးကြီးလဲဆိုတာ မင်းတို့ကလေးတွေ မခွဲနိုင်ဘူး ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီ သွားလို့ရပြီ မင်းလုပ်ချင်တဲ့ အလုပ် လုပ်လို့ရပြီကွ နားလည်လား

အင်္ဂလိပ်စာထက်ပဲ အသုံးဝင်အုံးမလား ဒယ်ဒီရာ

ဝင်ပြီလား သမီး။ ကဲ မင်းဗမာစကား တတ်ပြီဆိုပါတော့ ပထမဆုံးမင်း ရန်ကုန်က မာစတာ သင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်းစာခန့်တွေ ဖတ်လို့ရမယ် ပြီးတော့...

ရှိတ်စပီးယား ထက်ပဲကောင်းအုံးမလား။ ဒါထက် ဂျာမန်လူမျိုး အဖေက ဒါမျိုးစကားပြောတာ အံ့သြမိပါရဲ့

ဘာကွ။ အေး 2000 ပြည့်နှစ်လောက်ကဆို ငါပြောတာ မှားချင်မှားမယ် ခုချိန်မှာတော့ မင်းမာစာ မတတ်ရင် ဘာဖြစ်မယ် ထင်လဲ

သိပ်တော့ မထူးပါဘူး

ဟာ သိပ်ထူးတာပေါ့ သမီးရေ.. ကဲ ဒယ်ဒီပြောမယ် နားထောင်။ ဗမာစာ မတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် Miscrosoft ရဲ့ Window Popa ( ၀င်းဒိုးပုပ္ပါး) ကိုမင်းဘယ်လို သုံးမလဲ။ ထားပါတော့ မင်းက Open Source လို့။ Linux ရဲ့ "ဟင်္သာရောင်" အပိုင်းခြောက် ( Hintha Shiw Core 6) ကိုရော ဘယ်လိုကိုင်တွယ် မလဲ.. အလုပ် လုပ်လို့ မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်း အမေရိက ကိုသွား.. အရှေ့တောင် အာရှကို မလာလေနဲ့.. ပြီးတော့ cell phone ရဲ့ မြေပုံ စနစ်တွေမှာဆိုရင် မင်းဗမာစာ မတတ်တာနဲ့ သုံးရခက်ပြီ..

ဘာဆိုင်လဲ ဒယ်ဒီရာ

ဆိုင်တာပေါ့။ On Touch Screen နဲ့ Voice Command တွေ သုံးထားတဲ့ (ဆသရ) အမျိုးအစား ဖုန်းတွေကို မင်းဘယ်လို အသုံးချမလဲ... မြေပုံက စာတန်းတွေလည်း ဗမာလိုလေ..

Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လို သုံးပါသေးတယ်

ဒယ်ဒီ သိပြီ။ ငါ့သမီး ၀ိဇ္ဇာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေ ပြတ်နေတာကို... မင်းပြောတဲ့ တံဆိပ်တွေက နည်းပညာပိုင်းမှာ ဆသရ ကိုမမီတော့ဘူးကွ... စစ်ကိုင်းမှာ လုပ်သွားတဲ့ ဆသရ အရောင်းမြှင့်တင်ရေး ပွဲကို MRTV ၂၃ ကတိုက်ရိုက်လွှင့်တာကို ဖေဖေကြည့်လိုက်ရတယ်.. သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲ သမီး.. Nokia ဆိုတာ ကလေးကစားတာပါကွာ ကဲဒီတော့ သမီး ဗမာစာ သင်တန်းသွားတက်.. ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားတော့ လိုက်ခဲ့

ဗမာပြည်က ဗီဇာဝင်ခွင့် ထင်သလောက် မလွယ်ဘူးနော်.. နောက်ပြီး ဒယ်ဒီက ဗမာပြည် ဘာသွားလုပ်မှာတုန်း

ဒယ်ဒီ တောင်ငူမှာ လုပ်မယ့် လေယာဉ်ပြပွဲကို သွားမယ် .. ဗမာပြည်လုပ် မိုးယံဆင် ငါးထပ်လူစီးယာဉ်ကို အဓိက ကြည့်ချင်လို့ပါ.. အဲဒီင်္လေယာဉ်က ပြေးလမ်းကို မလိုဘူး... ပြီးတော့ အတောင်ပံတွေလည်း ခေါက်သိမ်းနိုင်သတဲ့.. သမီးပါရင်တော့ ရန်ကုန် မြကျွန်းသာ ပန်းခြံထဲမှာ လုပ်မယ့် စက်ရုပ် အလေးမ ပြိုင်ပွဲပါ ၀င်ကြည့်မလားလို့...

စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ.. ဒါနဲ့ အစားအသောက် အဆင်ပြေပါ့မလား ဒယ်ဒီ

ဟားဟား ငါ့သမီးကလည်း သူ့အမေနဲ့ တူလာပြီ မဟုတ်တာကို ကြံဖန်ပူတတ်တယ်။ ဒီမှာ သမီး ဗမာပြည်မှာ မရတာ မရှိဘူး... သမီးဘာစားချင်လဲ။ အဆူးမပါ အနံ့ကင်းတဲ့ 2004 စတိုင် ဒူးရင်းသီးလား.. သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံ ကြက်ဆင်ဥလား... လေဆာနဲ့ အရိုးတွေကိုချေထားတဲ့ တစ်ကောင်လုံး ၀ါးလို့ရအောင် လုပ်ထားတဲ့.. ငါးသလောက်ပေါင်းလား.. ဥရောပသားတွေ အတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင် ပုန်းရည်ကြီးလား.. ဒါမှ မဟုတ်....

တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ။ သွားရေး လာရေးနဲ့ ဆက်သွယ်ရေးက...

သမီး မေးခွန်းတွေက နည်းနည်းဘေးရောက် လာပြီ။ ဗမာပြည် သွားမယ်ဆို ဒါတွေကို ထည့်စဉ်းစားဖို့ မလိုဘူးလေ.. လေယာဉ်ပေါ်က ဆင်းတာနဲ့.. အောက်ဆီဂျင် စစ်စစ်တွေ ထည့်ထားတဲ့ လေရှုဘူးတွေ ပေးမယ်.. နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့ မျက်မှန်တွေလည်း ပေးမယ်.. ရာသီဥတုကြောင့် သမီး မပူရတော့ဘူး.. သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာမယ့် ကားတံခါးကို လာကပ်မယ့် Tube တွေရှိမယ်... အဲဒီ အပေါ်မှာ ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက် ရွေ့လားပြီး သမီးကို Reception ပို့ပေးလိမ့်မယ်... အဲဒီမှာ ဘာသာစကား အနည်းဆုံး 590 လောက်ပြောတတ်တဲ့ ဟိုတယ် ၀န်ထမ်းတွေက စောင့်နေလိမ့်မယ်.. နောက် ဘာတဲ့.. ဆက်သွယ်ရေး ဟုတ်လား... ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့... အင်တာနက် ကော်နက်ရှင် စရပြီ။ GSM တွေ သယ်လာရင် ပြောလို့ရပြီ။ အဲ ကိုယ့်ဖုန်းကို ယူလာဖို့ မေ့လာရင်လည်း မပူပါနဲ့။ လေဆိပ်မှာ လက်ကမ်း စာစောင်တွေ ဝေသလို GSM တွေလိုက်ဝေနေတဲ့ ချာတိတ်တွေ ရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ နှစ်ပတ်ကြာတဲ့ မော်ဒယ်လ် ဆိုရင် အလကား ယူလို့ရတယ်လေ .. အများစုကတော့ ဆသရ လို့ခေါ်တဲ့ ဆက်သွယ်ရေးက တံဆိပ်တွေပေါ့

အော် ကောင်းလိုက်တာနော်။ ဒါနဲ့ အစိုးရနဲ့ နိုင်ငံရေး ကရော

အစိုးရ၊ အစိုးရ အစိုးရကတော့ကွာ ဖေဖေပြောမယ် ဒီလိုရှိတယ်

ထိုစဉ် ဆိုက်ကားအားလား ဟူသော ခရီးသည်သံကြောင့် ကျွန်တော်လည်း လန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့ တင်ဆောင် လိုက်ပို့လေတော့သည်။

4 comments:

Anonymous said...

ကောင်းခန်းရောက်မှ လန့် နိုးရတယ်လို့ ။

Anonymous said...

ဒီဟာက ဆရာပွတ် (myanmaroa6.blogspot.com) ရေးခဲ့တဲ့ ပို့စ်လေ.. အခုတော့ ဟိုးလေးတကျော်ကျော် ဖြစ်သွားဘီ..

Anonymous said...

အင်းလေ ဒေါင်းဒေါင်းရဲ့ ငါမှ မသိလိုက်တာကို စာရေးချင်စိတ် ကုန်ခမ်းနေတုန်း တင်ချင်ရာ တင်ပါတယ်ဆိုနနော်.. ၀တ္ထုတစ်ပုဒ်ကို ဖြစ်ညှစ်ရေး ထားလို့ အားကုန်နေတာရှင့်

Anonymous said...

Very good....

Thz for sharing...