Sunday, January 27, 2008

Blogger Free Gathering and MBS's Future Plan

ဒီနေ့ ကျွန်မတို့ Yangon Blogger တွေ အလွတ်သဘော တွေ့ဆုံပွဲလေး တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ တစ်နယ်တည်းနေ ဘလောဂ့်ဂါ အချင်းချင်း ရင်းနှီး ကျွမ်းဝင် စေချင်တဲ့ သဘောလေးနဲ့ပါ။ ပြီးတော့ ကျွန်မတို့ Myanmar Blogger Society အနေနဲ့ September 1 ရက်နေ့မှာ Seminar တစ်ခု လုပ်ခဲ့တာကလွဲရင် ကျန်တဲ့ လုပ်မယ်လို့ ရည်မှန်းထားတဲ့ အစီအစဉ်လေးတွေကို ဘာမှ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်လေ။ အဲတော့ ဒီအကြောင်းလေးကိုလည်း ပြောရင်း ဘလောဂ့်ဂါတွေကိုလည်း ကိုယ်လုပ်နိုင်မယ့် တာဝန် အသီးသီးကို တာဝန် ခွဲဝေပေးရင်း ဆိုတဲ့ သဘောနဲ့ တွေ့ဆုံပွဲလေး လုပ်ဖို့ စီစဉ် ခဲ့တာပါ။ ၀မ်းနည်းစရာ ကောင်းတာက ကျွန်မတို့ တွေ့နေကျ လူဟောင်းတွေကလွဲရင် အသစ်တွေ သိပ်မလာဘူးရှင်။ မအားတာ ကြောင့်ပဲလား၊ မလာရဲတာလား၊ မျက်နှာပြရမှာ ကြောက်တာလားတော့ ကျွန်မလည်း မသိဘူးပေါ့နော်။ အဲတော့ လာတဲ့ သူလေးတွေ အချင်းချင်းပဲ ဘာတွေလုပ်ကြမယ်၊ ဘယ်လို အစီအစဉ်လေးတွေရှိတယ်၊ ဘယ်သူတွေက တာဝန်ယူမယ် စတာလေးတွေကို ပြောဖြစ်ခဲ့ပါတယ်။

ကျွန်တို့ MBS ရဲ့ နောက်ဆက်လုပ်မယ့် အစီအစဉ်လေးတွေကို စီမီနာ တုန်းကလည်း ပြောပြခဲ့ဖူးပါတယ်။ ဒါကတော့ Blogger တွေရဲ့ ပိုစ့်တွေကို သူတို့တွေရဲ့ ဘလောဂ့်တွေကို သွားစရာမလိုပဲ တစ်နေရာတည်းမှာ စုစု စည်းစည်း ဖတ်နိုင်မယ့် RSS Web Portal လေးတစ်ခု လုပ်မယ့် အစီအစဉ်လေးပါ။ ဒါလေးကိုလည်း ခုချိန်မှာ စလုပ်တော့မှာပါ။ နောက်တော့ ဒီ MBS ကနေ ဦးဆောင်ပြီး ရန်ကုန်မှာသာမက နယ်တွေမှာပါ နည်းပညာ ပြန့်ပွားရေး သင်တန်းတွေကို ပညာဒါန သဘောမျိုးနဲ့ သင်တန်းပေးသွားမယ့် အစီအစဉ်လေးတွေ၊ မိဘမဲ့ ကလေးကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေမှာ တတ်အားသရွေ့ လှူဒန်းသွားမယ့် အစီအစဉ်လေးတွေ ပါပါတယ်။ ကျွန်မတို့ လုပ်နိုင်သလောက်ကို ခုချိန်ကနေ Plan တွေ သေချာဆွဲပြီး စိတ်ဝင်စားမယ့်၊ တစ်ကယ်လည်း ပါဝင်လုပ်ဆောင်ချင်တဲ့ blogger တွေကို တာဝန်ခွဲဝေ ပေးပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ရှင်။ အဲတော့ ကျွန်မတစ်ခုလောက် request လုပ်ချင်တာက မြန်မာနိုင်ငံရဲ့ နယ်အသီးသီးကနေ blogging ပြုလုပ်နေကြတဲ့ blogger အသီးသီးဟာ volunteer သဘောမျိုးလေးနဲ့ ဒီအစီအစဉ်လေး ဖြစ်မြောက် အောင်မြင်အောင် အကူအညီလေးတွေ ပေးကြစေလိုပါတယ်။ နောက်နောင်မှာ ကျွန်မတို့ တွေ့ဆုံပွဲလေးတွေ လုပ်ရင်လည်း တက်တက်ကြွကြွနဲ့ လာရောက် ပါဝင်ပေးစေလိုပါတယ်။ ၀ိုင်းဝန်းပြီးတော့ အကြံလေးများ ပေးစေလိုပါတယ်။ ဒါမှာ MBS ရဲ့ အစီအစဉ်လေးတွေဟာ မြန်မြန်နဲ့ အောင်မြင်နိုင်မှာ မဟုတ်ပါလားရှင်။

အဲဒီတော့ ဒီလို ပညာပေး အစီအစဉ်တွေ၊ အလှူ ဒါနတွေကို အင်တိုက် အားတိုက် ပြုလုပ်နိုင်ရေး အတွက် ကျွန်မတို့မှာ fund တစ်ခုလိုအပ်ပါတယ်။ မြန်မာနိုင်ငံကသာမက တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ မြန်မာ ဘလောဂ့်ဂါတွေဆီမှာလည်း ကျွန်မတို့တွေ fund လေးတွေကို ကောက်ခံသွားမှာ ဖြစ်ပါတယ်ရှင်။ စိတ်ဝင်စားတဲ့ မည်သူမဆို blogger ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွန်မတို့ရဲ့ အစီအစဉ်လေးအတွက် ၀င်ရောက်ပါဝင် ထောက်ပံ့ပေးနိုင်ပါတယ်။ ပြီးတော့ ကျွန်မတို့တွေ နောက်ပိုင်းမှာ Member System ကိုလည်း သေချာလေး ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Monthly Fund အနေနဲ့လည်း ရန်ကုန်မှာ ရှိတဲ့ သူတွေက တစ်လကို အနည်းဆုံး 1500 ကျပ်ထည့်ဝင်ဖို့ ဒီနေ့တက်ရောက် လာသူတွေနဲ့ အတည်ပြု သတ်မှတ်ပြီး သွားပါပြီရှင်။ နိုင်ငံခြားက blogger တွေ အတွက်ကတော့ Monthly Fund ထည့်ဝင်ဖို့ ကိစ္စကို ကျွန်မတို့ နိုင်ငံအလိုက် amount တစ်ခု ပြန်လည် သတ်မှတ်ပေးပါမယ်။ ပြီးတော့ Singapore မှာ Bank Account တစ်ခုဖွင့်ပြီးတော့ ငွေလွှဲဖို့ အဆင်ပြေနိုင်အောင် စီစဉ်ပေးသွားမှာပါ။ အားလုံးလည်း ကျွန်မတို့ကို ဘယ်လို ဘယ်ပုံ လုပ်သင့်တယ်ဆိုတာ ၀ိုင်းဝန်း အကြံပေးဖို့ တောင်းဆိုပါတယ်။ Two heads are better than one. ဟုတ်တယ်ဟုတ်!

ကျွန်မတို့ ဒီနေ့ ဘယ်သူက ဘာလုပ် စသည်ဖြင့် တာဝန်ခွဲဝေ ပေးသွားပုံကိုပါ တစ်ခါတည်း ပြောပြပေးပါမယ်။ MBS ရဲ့ တာဝန်ခံတွေ အဖြစ်ကတော့ လောလောဆယ်မှာ ကိုနေဘုန်းလတ်၊ မောင်ပွတ်၊ ဘာညာ၊ ကိုပီကေ စိုးဇေယျ တို့က တာဝန်ယူ လုပ်ဆောင်ပါလိမ့်မယ်။ Web Portal ကိစ္စကိုတော့ ကိုညီလင်းဆက်၊ တေဇာ၊ ကိုမျက်လုံး၊ စေတန် နဲ့ ကိုဥပက္ခာ တို့က ဆောင်ရွက်ပါလိမ့်မယ်။ ဒီနေ့မှာ စေတန်နဲ့ ကိုဥပက္ခာကတော့ တက်ရောက် မလာခဲ့ပါဘူး။ ဒါပေမယ့် သူတို့တွေက Web နဲ့ပတ်သက်တာတွေကို ကျွမ်းကျင်ကြတဲ့ အတွက် ဆက်သွယ်ပြီး အကူအညီတောင်းလို့ရအောင် ထည့်ထားလိုက်ပါတယ်။ ကူလည်း ကူညီကြမှာပါ (ဟဲဟဲ ချုပ်တာ)။ Funding စုဆောင်းဖို့ ကိစ္စကိုတော့ ကျွန်မ ပင့်ဂိုလ်းကပဲ တာဝန်ယူ ဆောင်ရွက်မှာပါ။ ကျွန်မနဲ့အတူ နှင်းမိုးဝေ (ကောင်မလေး) နဲ့ တိုလီလေးတို့ကို အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။ Public Realtion ပိုင်းကိုတော့ မမယ်လိုဒီမောင်က တာဝန်ယူ ဆောင်ရွက်ကြမယ် ဆိုပြီး ကျွန်မတို့ တာဝန်လေးတွေ ခွဲဝေခဲ့ပါတယ်။

ပြီးတော့ MBS ရဲ့ စတင် မတည်ငွေအဖြစ် ဒီနေ့ တက်ရောက်လာသူ Blogger များထံမှ Fund ကောက်ခံခဲ့ပါတယ်။ ကောက်ခံရရှိတဲ့ ငွေပမာဏနဲ့ တက်ရောက်လာသူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ရှင်။

ကိုဘလာဂေါက် 10000 ကျပ်
မမယ်လိုဒီမောင် 30000 ကျပ်
ကိုချမ်းမြစိုး 20000 ကျပ်
ကိုတက်ဆလာ 10000 ကျပ်
စိုးဇေယျ 5000 ကျပ်
ကိုမင်းဆွေ (နောင်တော်ကဗျာလမ်း) 2000 ကျပ်
ပင့်ဂိုလ်း 10000 ကျပ်
ဆူးလင်းသစ် (blog reader) 2000 ကျပ်
ဖိုးသူတော် 2000 ကျပ်
မျက်လုံး 5000 ကျပ်
ဘာညာ 5000 ကျပ်
ကိုဝေ (သတင်းစာ) 5000 ကျပ်
969 Group (ကိုခနန္ဒ) 4000 ကျပ်
တေဇာ 5000 ကျပ
ကိုပီကေ 30000 ကျပ်
တော်ကီ 5000 ကျပ်
ကိုဂျက် (ကွမ်းခြံကုန် မဟုတ်ပါ) 10000 ကျပ်
အနှင်း (ကောင်မလေး) 10000 ကျပ်
ကိုနေဘုန်းလတ် 50000 ကျပ်
ကိုညီလင်းဆက် 30000 ကျပ်

စုစုပေါင်း မတည်ငွေ အဖြစ် 254000 (နှစ်သိန်းငါးသောင်းလေးထောင်ကျပ်) ရရှိပြီး အလုပ်တွေ စလုပ်ကြတော့မှာ ဖြစ်ပါတယ်။ Fund ထည့်ဝင်ချင်တဲ့ blogger များအနေနနဲ့ ကျွန်ကို ဆက်သွယ်နိုင်ပါတယ်ရှင်။ Gtalk အက်ချင်ရင်တော့ pinkgold@cuttiepinkgold.info ကိုအက်နိုင်ပြီ။ မေလ်းပို့ချင်ရင်တော့ pinkgold@misyou.net ကို ဆက်သွယ်နိုင်ပါတယ်။်

4 comments:

Mr.Pooh @ မောင်ပွတ် said...

သူငယ်ချင်းရေ - ဒီသတင်းဖတ်ချင်လို့ လိုက်ရှာနေတာ။ ဒီမှာလာတွေ့မှပဲ စိတ်ချမ်းသာတော့တယ်။ လူသစ်တွေကတော့ ငါတို့တုန်းကလည်း ဖြည်းဖြည်းချင်းမှ ရင်းနှီးလာတာဆိုတော့ အချိန်ပေးစောင့်ရမှာပေါ့နော်။ ဒီနေ့ တွေ့ဆုံပွဲလေးက ထင်ထားတာထက် အများကြီး အပြုသဘောဆောင်လို့ အတော်လေးဝမ်းသာမိပါတယ်။ အားတက်သရော ကြိုးပမ်းနေသူတွေကိုလည်း လေးစားကျေးဇူးတင်ပါတယ်။ အခက်အခဲတွေ၊ ညှိနှိုင်းရခက်တာတွေ၊ အရောင်ဆိုးခံရတာတွေကြားထဲကပဲ ငါတို့ မျှော်မှန်းနေတဲ့ We Blog We Unite ဆိုတဲ့ MBS ဆိုတာ အကောင်အထည်ပေါ်လာတော့မှာပါ။ ကောင်းတဲ့ အလုပ်ကိုလုပ်တာဖြစ်လို့ ကောင်းတဲ့ရလဒ်နဲ့ အကျိုးဆက်တွေရရှိလာမယ်လို့ ငါယုံကြည်ပါတယ်။ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။

BarNyar said...

မနေ့ကအစည်းအဝေးကို ဟုတ်တိပတ်တိမတတ်လိုက်ပါဘူး။ အဲ့အတွက်ဘာတွေဆွေးနွေးသွာလည်း သိလည်းမသိပါဘူး။ ဒီပိုစ့်ဖတ်မှ တာဝန်ခံစာရင်းထဲ ထည့်ထားတာတွေ့ပါတယ်။ စိတ်မကောင်းပါဘူး ။ အချိန်ပေးနိုင်မယ့်လူမျိုးတွေကို ရှာကြည့်ပါ။

ဘာညာ

Unknown said...

အင်း မကြာတော့တဲ့ ကာလမှာ တွေ့မြင်ရတော့မယ့် ဘလော့ခ်ကာတွေရဲ့ websiteကြီးကို မျှော်လင့်နေပါတယ်။

A random thoughts of a Burmese man said...

မောင်ပွတ်ကတော့ သူများတွေအတွက် ရေးစရာ မကျန်အောင်ကို ရေးချသွားတော့တာဘဲဟေ့....
ကဲငါလည်း ပြောချလိုက်မယ်ကွာ....
သူပြောတဲ့အတိုင်းဘဲဟေ့......