ကျွန်မမွေးနေ့တုန်းက လာရောက်ဆုတောင်ပေးကြတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။ လူတွေအများကြီးရဲ့ wish လုပ်ပေးတာကို ခံရတာ ပထမဦးဆုံး အကြိမ်းတော့ မဟုတ်ပေမယ့် အရမ်းပျော်ပါတယ်။ ပထမဦးဆုံးအကြီမ်က Myanmarteashop Forum မှာ 23 နှစ်မြောက်မွေးနေ့ကျု ပိုစ့်တင်ပေးတုန်းကပေါ့။ အဲဒီတုန်းကလည်း အရမ်းပျော်ခဲ့ရပါတယ်။ ကျွန်မရဲ့ မွေးနေ့ကို ဒီဘလောဂ့်လေးမှာ ကျင်းပသလိုပဲ ပဒုမ္မာဖိုရမ်နှင့် ပလန်းနက် ဖိုရမ်မှာ မွေးနေ့ပိုစ့်တင်ပြီး ကျင်းပပေးကြသော သူငယ်ချင်းများကိုလည်း ကျေးဇူးအထူး တင်ပါတယ်ရှင်။
ကဲ ဇန်န၀ါရီ 19 ရက်ရဲ့ ညနေဘက်မှာ 19 လမ်းမှာ ဘာတွေ သွားစားပြီး ဘာတွေလုပ်ခဲ့ကြတယ် ဆိုတာကို သူများတွေ သွားရည်ယိုအောင် တင်ပေးလိုက်မယ်နော်။ စားခွင့်မကြုံတဲ့ သူတွေကိုတော့ အားနာပါရဲ့ရှင်။ နောက်တစ်ခါ အ၀ ကျွေးမယ်.. မှတ်ထားနော်
စားထားကွ.. ခေါက်ဆွဲကြော်

ငါးခေါင်းဟင်းချိုဆိုလား ဘာဆိုလား.. စပ်လွန်းလို့ တစ်စက်မှ မစားနိုင်ခဲ့ဘူး

သူတို့တွေကို ထမင်းကြော် ထည့်ပေးနေတုန်း ဘူရဲမသိ ရိုက်ထည့်လိုက်တာ.. ( မသိရင် သူများကပဲ အကောင်ပိန်သလောက် အစားကြီးသလို ဘာလိုလို ညာလိုလို ဘာညာလိုလို :P)

ကဲ စားထား သောက်ထားကြကွ အဟ

တိုလီလေး နဲ့ ကိုသန့် ( မွေးနေ့ ပါတနာ)

သူတို့ကတော့ အသာက်သမားတွေ

ဘာမှ မစားမသောက်ပဲ လူတစ်ကာကို ဓါတ်ပုံခိုးရိုက်နေတဲ့ မျိုးမျိုးကျော်ထွန်း

မမယ်လိုဒီမောင်နဲ့ ကိုချမ်းမြစိုး

သရဲလေးကောင် ကိုမျက်လုံး၊ ကိုတက်ဆလာ၊ တိုလီလေး၊ ကိုဘလာဂေါက်

မောင်လေး ဖိုးသူတော်

သူများမွေးနေ့ကို စုံတွဲလာတက်တဲ့ မြို့စားကြီး နေဘုန်းလတ်

ကဲ စား စား စား ကြပါအုံးလားလို့

လာရောက်အားပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ပြီးတော့ နောင်တော် ကဗျာလမ်း ဆိုတဲ့ Blogger တစ်ယောက်လည်း ပါပါသေးတယ်။ သူ့ပုံတော့ မပါလာဘူးထင်တယ်။ အားပေးခဲ့ကြတဲ့ သူတွေကတော့ ကိုဘလာဂေါက်၊ ကိုတက်ဆလာ၊ ကိုမျက်လုံး၊ တိုလီလေး (မင်းယွန်းသစ်)၊ မမယ်လိုဒီမောင်၊ မျိုးကျော်ထွန်း ကိုချမ်းမြစိုး၊ ကိုမင်းဆွေ (နောင်တော် ကဗျာလမ်း)၊ တေဇာ၊ ကိုသန့်ဇော်မင်း၊ ရဲအောင်သူ၊ ဖိုးသူတော်၊ ဘာညာ၊ စိုးဇေယျ၊ ကိုနေဘုန်းလတ်နဲ့ သူ့ချစ်ချစ် တို့ပဲ ဖြစ်ပါတယ်ရှင်။ နောက်နှစ်တွေမှာလည်း ကျွေးအုံးမှာ လာခဲ့ကြနော်!
8 comments:
ဒီလိုမွေးနေ့ပွဲမျိုးတစ်ကြိမ်တစ်ခါလော်ကတော့ ကြုံချင်ပါရဲ့
မေါးနေ့ပွဲတက်တယ်ဆိုတာ က ဖိတ်တဲ့သူက ဖိတ်အုံးမှနော့...
ဟတ်ဟတ်.. တင်ပါ့အရှင်ဘုရား.. နောက်တစ်ခါ သူ့ကိုဘုန်းဘုန်းတွေပါဖိတ်ခိုင်းပါဘုရား.....။ =P
မိုက်တယ်ကွာ.. ငါတော့ မစားလိုက်ရဘူး.. မှတ်ထားတယ်.. အကြွေး... ရန်ကုန်ပြန်လာတာနဲ့ ပင့်ဂိုးလ် နာဘီသာမှတ်.. ဟိဟိ..
မိပင့်ဂိုးလ်
ဆောရီးဟေ့...
birthday wish လုပ်ဖို့ မေ့နေတယ်....
မေ့ဆို ညဉ်းက ပြောမှ မပြောတာကိုးဟ...
ဟိ..လူတွေ အများကြီးဘဲနော်...
ပျော်စရာကြီး......
စားစရာတွေလဲ အများကြီးဘဲနေမှာ.....
ငါတော့ သောက်တာကို ပိုစိတ်ဝင်စားတယ်...
ပုလင်းကြီးက အကြီးကြီးဘဲ...ဟတ် ဟတ် ဟတ်
!!!!!!!!!!!!HAPPY BIRTHDAY!!!!!!!!!!!!!!!!!
တင်ပါ့ဘုရား
နောက်တစ်ခါ ကျရင် တပည့်တော် အရှင် ဘုရားကို ဆွမ်းကပ်ပါ့မယ် ဘုရား
သူငယ်ချင်း ပင့်ဂိုးလ်ရေ -
ငါနဲ့ အသက် ၁၀ နှစ်ကွာလို့ အခုဆို နင် အသက် ၃၀ ပြည့်သွားပြီပေါ့နော်။ ခုချိန်ထိ အသက်ရှင်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူးလေ။ သားဆိုးမအေ ဆိုသလို နင့်မလဲ ထောင်ကျနေတဲ့ ကလေးတစ်ယောက်နဲ့ အရက်ဆိုင်မှာ စားပွဲထိုးလုပ်ရင်း အရက်စွဲနေတဲ့ လူမမယ်ကလေးတစ်ယောက်ကြားမှာ ဗျာများနေလို့ အဆင်မှ ပြေရဲ့လားလို့ တွေးနေတာ။ ခုချိန်ထိ ၁၉ လမ်းမှာ ထမင်းကြော်ရောင်းနိုင်တုန်းပဲဆိုတော့ မဆိုးပါဘူးလေ။ ဆိုင်မှာ လာစားတဲ့ လူတွေကလည်း ပြောင်ချော်ချော်တွေနော်။ ငါ့လောက်ကို မခန့်ဘူး။ အဟဲ ... စတာပါ ... ပင့်ဂိုးလ်ရေ - အစစအရာရာအဆင်ပြေပြီး လူတိုင်းအားကျလိုချင်တဲ့ ဘဝမျိုးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်ကျမှ ရောက်လာတာ ခွေးလွှတ်ပါ။
လဒ... ငါကျတော့ မစားရဘူး ကျေနပ်ဘူး..။ :P
ဂျူးရေ
နင်က အကြွေးမှတ်ထားလေ
ပြန်ရောက်ရင် ကျွေးမယ် အပီကျွေးမယ်နော်
စားချင်တာစား ၀ါးချင်တာသာ ၀ါးပါရှင့်
ဂျူးကလေးအတွက် ရှယ်
Post a Comment