Thursday, February 19, 2009

Yearn

ပန်းကလေး

အလှမ်းဝေးလွန်းတယ်

အလွမ်းချစ်

ပန်းအဖြစ် ပွင့်ခဲ့ရင်တောင်

မနမ်း ဝံ့ ပါဘူး။

မြစ်တစင်းထဲ

ချစ်ခြင်းတွေ အပြည့်တင်

ဘယ်သောင်ပြင် ကပ်ရမယ် မသိ

ဖြတ်မရသည့် သံယောဇဉ်ကြိုး

တိုးလို့ နှောင်မိ။

ဒီ ဘဝမှာတော့

ညီမျှမှ တော်ရာကျမှာမို့

တေးသီခါ ဖေါ်ကာပြချင်ပေမယ့်

အဝေးဆီသာ မျှော်ကာတရတယ်

အချစ်ရယ် ... တော်ရာကပဲ လွမ်းနေမယ်။

ကျွန်မ သူငယ်ချင်းရေးတဲ့ ကဗျာလေးပါ။ ကြိုက်လို့ ဒီမှာ ပြန်ဖော်ပြလိုက်ပါတယ်ရှင်။ မူရင်းကိုတော့ ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။

2 comments:

Anonymous said...

ကဗျာလေးက ကောင်းတယ်ဟေ့။

Anonymous said...

ကဗျာလေးက လှတယ်ဗျာ. ရေးဖွဲ့သွားတာလေးတွေ ကောင်းတယ်.. ဖော်ပြပေးတာ ကျေးဇူးပါ