Wednesday, February 4, 2009

2007 Myanmar Academy Award

Image Hosted by ImageShack.us

2007 ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကြီးကို 2009 ခုနှစ် ဖေဖော်ဝါရီလ (7) ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရုပ်ရှင် အနုပညာရှင်တိုင်း ရင်ခုန်ရတဲ့ နေ့ရက်ဖြစ်သလို ရုပ်ရှင်ချစ်ပရိတ်သတ်များလည်း အနုပညာရှင်တွေနဲ့ ထပ်တူတပ်မျှ ရင်ခုန်ရတဲံ နေ့ကလေး တစ်နေ့ပဲပေါ့ရှင်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုကို ဘယ်နှစ်ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာလည်။ ဘယ်အနုပညာရှင်တွေက မြန်မာပြည်ရဲ့ ပထမဆုံးသော အကယ်ဒမီဆု ပိုင်ရှင်တွေ ဖြစ်ခဲ့ကြတာလဲ။ အကယ်ဒမီကို ကျင်းပလာတာ ဒီနှစ်နဲ့ဆိုရင် ဘယ်နှစ်ကြိမ်မြောက်လဲ။ ဘယ်ဇတ်ကားတွေကို အကယ်ဒမီပေးဖို့ ရွေးချယ်ထားတာလ။ ကျွန်မ သိချင်တာတွေ အများကြီး ဖြစ်သလို၊ ရုပ်ရှင်ချစ်တဲ့ သူတိုင်းလည်း သိချင်ကြမှာပေါ့နော်။


မြန်မာနိုင်ငံတွင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်သည့် ခုနစ်မှာ ၁၉၅၂ ဖြစ်သည်။


၁၉၅၂ ခုနစ်တွင် ပထမဆုံးအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဗြိတိသျှဘားမားရုပ်ရှင် ဒါရိုက်တာရွှေဒုံးဘီအောင်၏ ‘မာလာရီ’ ဇာတ်ကား၌ အကောင်ဆုံးသရုပ်ဆောင်ထားသော ဦးကျော်ဝင်းမှာ ပထမဆုံးအမျိုးသား ဇာတ်ဆောင်ဆု ကိုရရှိခဲ့သည်။


မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်း ခံရသည့် ဇာတ်ကားမှာ အေ၀မ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင် ရိုက်ကူးသော ‘ချစ်သက်ဝေ’ ဇာတ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီးထူးချွန်ဆုကို ရရှိခဲ့သည်။


ပထမအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားဆု (၃)ဆု ၊ ပညာသည်ဆု (၂)ဆုဖြင့် စုစုပေါင်း ထူးချွန်ဆု (၅)ဆု ချီးမြှင့်ခဲ့သည်။


၁၉၅၄ ခုနစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာဆုကို ‘သြော်မိန်းမ’ ဇာတ်ကားရိုက်ကူးသူ ဦးသုခ မှ ရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု (ဒုတိယ) ကိုရရှိခဲ့သည်။


အဆိုပါအချိန်များတွင် ဇာတ်ကားဆု ၊ အမျိုးသားပညာသည်ဆု ၊အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆုအနေဖြင့် ၀င်းမာမှ ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ၁၉၅၅ ခုနစ်တွင် ပထမဆုံးချီးမြှင့်ခြင်း ခံရပြန်သည်။


၁၉၅၆ တွင် အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆု အဖြစ်ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ ‘လွမ်းငွေ့တဝေေ၀’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။


၁၉၆၂ ခုနစ်တွင် ထူးထူးခြားခြားစတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ ‘အတွေ့’ ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြပါသည်။


မှတ်မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ အောင်ထွန်းလေးဖြစ်သည်။ အောင်ထွန်းလေးသည် ၁၉၇၇ခုနစ်တွင် ‘အဖေတစ်ခု သားတစ်ခု’ ဇာတ်ကားဖြင့် ပထမဆုံးကလေးသရုပ်ဆောင် ဆုကိုရရှိခဲ့သည်။


ဇာတ်ကားတစ်ကားတွင် အများဆုံးအထောက်အပံ့ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ် ကို ငိုအောင် ရီအောင် ၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာ့နိုင်ငံ၏ ဂီတဖခင်ကြီး တစ်ဦးဖြစ်သည့် ဂီတလုလင်မောင်ကိုကို မှ ၁၉၉၁ ခုနစ်တွင် ‘ မယ်သီတာလို မိန်းကလေး’ ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။


ရှားရှားပါးပါး ပရိသတ်သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉၉၄ ခုနစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြှင့် ခဲ့သေးသည်။



ဆက်လက်ဖတ်ရှုရန်

3 comments:

Anonymous said...

အကယ်ဒမီဆိုတာ အကောင်းဆုံးသရုပ်ဆောင်ဆုပါ။ သရုပ်ဆောင်တွေထဲက အကောင်းဆုံး အတော်ဆုံးကို ဆုချီးမြင့်တာပါ။ အကောင်းတွေထဲမှာ အကောင်းဆုံး ဆိုတာတော့ ရှိရမှာပေါ့ ... အမျိုးသမီးသရုပ်ဆောင်တွေထဲမှာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်မရှိတာတော့ မဖြစ်နိုင်ဘူးထင်တယ် ...

Anonymous said...

ဖိုးပြုံးချို ဇာတ်ကားမှ ၀င်းမာ ဖြစ်ပါသည်။ ၀င်းမော် မဟုတ်ပါ။
ယခု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓါတ်ရောင်ခြည်ဌာနမှ ပါမောက္ခ ဒေါက်တာ ၀င်းမာ ဖြစ်နေပါသည်။

ူကျေးဇူးတင်စွာဖြင့်

Anonymous said...

ပြင်လိုက်ပါပြီရှင်.. အခုလို အမှားတွေကို ထောက်ပြပေးတာ ကျေးဇူးပါ