Tuesday, March 4, 2008

Medicine

ဆေး

ဒဏ်ရာဆိုတာ
အမာရွတ်ရဲ့ နိဒါန်းလား
ကိုယ့်ရင်ကိုယ် ခွဲလို့
ကိုယ့်သွေးကိုယ် သောက်ခဲ့တယ်....

သံစုံမြစ်ထဲ ခုန်ဆင်း
ယစ်မူးခဲ့ကြတော့
ပြသဒ်ပါ လောင်တဲ့မီး
အမှိုက်တောင် မချန်ဘူး....

အမှန်ပေးခဲ့တဲ့ ပစ္စုပန်ကို
အတိတ်ဖြစ်တော့ ကြက်ခြေခတ်တယ်
မပင်ပန်းရလေအောင်
ထိန်းသိမ်းပြီး စိတ်ကူးယဉ်တာ ကြာပြီ....

မထူးဇတ်ခင်းဖို့
တပ်မက်မှုကို ရှေ့တန်းတင်တော့
ရင်ကော့ပြီး မလွမ်းရဲတဲ့ ငါ
နတ်ဆိုးရဲ့ ကွယ်ရာမှာ
ရူးချင်တိုင်း ရူးလို့...

တစ်ကယ်တမ်းကျတော့
အဆိပ်ဆိုတာလည်း
အနာနဲ့တည့်ရင် ဆေး ပါပဲ...

7 comments:

Unknown said...

အမှန်ပေးခဲ့တဲ့ ပစ္စုပန်ကို
အတိတ်ဖြစ်တော့ ကြက်ခြေခတ်တယ်

မှန်တယ်ရွှေလေးရေ...

စနစ်တခုကိုကြီးစိုးဖို့
အနာဂတ်ကိုကြီးစိုးဖို့ အတိတ်သမိုင်းကို ဖျောက်ချင်နေကြသူတွေလေ...။

တည်ညိမ်းကို ( သို့မဟုတ် ) said...

အနာနဲ့တည့်ရင်အဆိပ်ကလဲဆေးပဲ ... ကျွန်တော်တို့တတွေလဲ အဲဒီဆေးကိုပဲလိုက်ရှာနေမိတယ် ... တခါတခါ ဘ၀ ကပွဲပန်းလာရင်ပေါ့ ...

Unknown said...

စ၊လယ်၊ဆုံး အားလုံးကောင်း၏။
ဒဏ်ရာဆိုတာ
အမာရွတ်ရဲ့ နိဒါန်းလား
ဆိုတာလဲမှန်သလို........
အဆိပ်ဆိုတာလည်း
အနာနဲ့တည့်ရင် ဆေး ပါ
ဆိုတာလဲဟုတ်ပြန်ရော........
ကောင်းလိုက်တဲ့Idea၊ ကြိုက်၏။

စိုးထက် - Soe Htet ! said...

ခွဲခွာချိန် ခံစားချက်ကလေး ကောင်းတယ်ဗျ တင်ပြပုံလေး :P

စိုးထက် - Soe Htet ! said...

ဆောရီး ပြည့်စုံ ဘလော့နဲ့ မှားပြီး ကွန်မန့် ရောက်သွားတယ် မဖျက်လိုက်တော့ဘူး နော် ... ဆောရီးး :P

Pinkgold said...

ကိုစိုးထက်တို့များ ဘလောဂ့်မှားပြီး ကွန်းမန့် ပွတ်ရတယ်လို့ ဟင်း ပြောချင်ဝူး ပြောချင်ဝူး

ဆောင်းယွန်းလ said...

မထူးဇတ်ခင်းဖို့
တပ်မက်မှုကို ရှေ့တန်းတင်တော့
ရင်ကော့ပြီး မလွမ်းရဲတဲ့ ငါ
နတ်ဆိုးရဲ့ ကွယ်ရာမှာ
ရူးချင်တိုင်း ရူးလို့...

တစ်ကယ်တမ်းကျတော့
အဆိပ်ဆိုတာလည်း
အနာနဲ့တည့်ရင် ဆေး ပါပဲ
ကဗျာလေးကိုကြိုက်တယ်ညီမလေးရေ..
အားပေးနေပါတယ်...ဆက်ရေး