Friday, March 21, 2008

What Brand Executive is......?

ဟုတ်ကဲ့ ကျွန်မ ဘလောဂ့် မရေးတာလည်း နည်းနည်းကြာခဲ့ပါပြီ။ တစ်ကယ်ပါ.. အရင်အလုပ်မှာတုန်းက ကိုယ်က လူကြီး (လူကောင်ကြီးတာ မဟုတ်ပါ..) ဆိုတော့ ကျွန်မလူလည်ကျပြီး အောက်ကကလေးတွေကို အလုပ်တွေခိုင်း၊ ကိုယ်က လုပ်ချင်ရာလုပ်နဲ့ တော်တော် ဟုတ်နေတော့ ဘလောဂ့်လည်း ရေးနိုင်တယ်၊ ဂျီတော့ လာပြောကြရင်လည်း reply တော့ ပြန်နိုင်သေးတဲ့ အခြေအနေလေးပေါ့။ ဒါပေမယ့် သိတယ်မလား၊ လူကြီးဆိုတော့ ခေါင်းခံရတာလည်း များတယ်လေ။ အဲဒီတော့ ခေါင်းမခံချင်တာနဲ့ ကိုယ့်အထက်မှာ တစ်ယောက်လောက် ရှိမယ့်နေရာကို ပြောင်းလိုက်တော ခုတော့ တော်တော်လေးကို အလုပ်များတာမှ ခေါင်းကို မဖော်နိုင်တာပါရှင်။ အလုပ်သစ်ကို စစ၀င်ချင်းပဲ Thingyan Promotion Plan တွေ၊ Myanmar ICT Exhibition 2008 အတွက် ပြင်ဆင်နေရတဲ့ ကာလနဲ့ တိုးသွားတော့ အသစ်ရယ်လို့ဆိုပြီး ခပ်အေးအေး နေလိုက်ရတာ ပထမဆုံး တစ်ရက်ပဲ ရှိမယ်ထင်ပါရဲ့။ ဒါကြောင့် ဘလောဂ့် မရေးဖြစ်တာပါ။ သူများတွေကလည်း မေးလှပြီ၊ လာလည်သူတွေကိုလည်း ဘာမှ ဖတ်စရာ အသစ်မပေးနိုင်တာ အားနာလှပြီ။ ဒါနဲ့ ဒီနေ့တော့ ရှိတဲ့ အချိန်လေးကို ဖြစ်ညှစ်ထုတ်ပြီး ပိုစ့်အသစ်လေးတစ်ခု တင်မယ်လို့ ရည်ရွယ်တုန်း mood က၀င်မလာသေးဘူးရှင်။ အဲဒါနဲ့ မမခွန်မြလှိုင် တစ်ခါတုန်းက မေးဖူးတဲ့ Brand Executive တစ်ယောက် ဘာတွေ လုပ်ရလဲ၊ ဘယ်လို တာဝန်တွေကို ထမ်းဆောင်ရလဲ ဆိုတာကို ပြောပြဖို့ စိတ်ကူးမိပါတယ်။

တစ်ကယ်တော့ Brand Executive တစ်ယောက်ရဲ့ တာဝန်ဟာ သေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Flow Chart အတိုင်းသာ ဆိုရင် သူ့အထက်မှာ မန်နေဂျာ ရှိသေးတဲ့ အတွက်ကြောင့်းပါပဲ။ ဒါပေမယ့် ကျွန်မ အရင်အလုပ်မှာကတော့ Manager သာ မဖြစ်သေးတာ၊ ကိုယ့်အထက်မှာ CEO ကလွဲရင် ဘယ်သူမှ မရှိဘူးလေ။ Department Head ကလည်း ကိုယ်ပဲဆိုတော့ ရာထူးငယ်ပေမယ့် တာဝန်တွေ အကုန်လုံးကို ထမ်းဆောင်ရတဲ့ အတွက် ဒီပိုစ့်ဟာ Brand Executive ရဲ့ Duty and Responsibilities အတွက် မရည်ရွယ်ပဲ Brand တစ်ခုကို ပေါက်အောင် Handle လုပ်ရတဲ့ သူတစ်ယောက်ရဲ့ တာဝန်တွေလို့ပဲ ပြောလိုက်ပါရစေရှင်။

ဟုတ်ကဲ့ပါ။ ကျွန်မတို့ဆီမှာ ဒီလိုတာဝန်တွေ ထမ်းဆောင်ရတဲ့သူတွေကို Brand Manager (or) Product Manager လို့ ရာထူးအမည် ခေါ်တာပေါ့နော်။ ကုန်ပစ္စည်းတစ်ခု ပေါက် ဖို့၊ ဈေးကွက်မှာ နာမည်ရဖို့၊ customer value တစ်ခုကို ရစေဖို့ စတဲ့ ကိစ္စရပ် မှန်သမျှအတွက် တာဝန်တွေ ရှိပါတယ်။ အဲဒီတော့ Merchandising (ကုန်ပစ္စည်းများ မှာယူတင်သွင်းခြင်း)၊ Marketing (ဈေးကွက်ထိုးဖောက်ခြင်း)၊ Advertising and Promotion (ကြော်ငြာခြင်း နှင့် အရောင်းမြှင့်တင်ခြင်း) Branding (Brand တစ်ခုတည်ဆောက်ခြင်း) စတာတွေအတွက် လိုအပ်တဲ့ strategy တွေ ချမှတ်ပြီး၊ တာဝန်ခွဲဝေ လုပ်ဆောင်စေရပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကိုယ်ပိုင် Brand ကို တည်ဆောက်ကြတာ နည်းကြပါတယ်။ A21 တို့လို၊ Mikko တို့လို၊ Alpine တို့လို consumer goods တွေကတော့ တည်ဆောက်ရတာ လွယ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က စားသုံးသူတွေရဲ့ အခြေခံ လိုအပ်ချက်တွေ မဟုတ်လား။ ဒီလိုမျိုး Products တွေကို ကြော်ငြာအား ကောင်းကောင်းနဲ့၊ တစ်ကယ်လည်း အရည်အသွေးရှိတဲ့ ပစ္စည်းတစ်ခုဆိုရင် အချိန်တိုတိုအတွင်းမှာ ပေါက်မြောက် အောင်မြင်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ ကုန်ပစ္စည်းလိုမျိုး အလှကုန်တွေကတော့ ဖောက်ရတာ ခက်တဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ပြောစရာတော့ ရှိပါတယ် ကမ္ဘာမှာ နာမည်ကြီးပြီးသား Brand တစ်ခုကို မှာယူတင်သွင်း ရက်နဲ့ ဘာကြောင့် ပေါက်ဖို့ ခက်တယ်လို့ ပြောရပါသလဲပေါ့။ ဟုတ်ပါတယ်.. ကမ္ဘာမှာတော့ နာမည်ကြီးပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နည်မည် မကြီးနိုင်ပါဘူး။ အဓိက ကဈေးကြီးလို့ပါ။ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု နဲ့ဆိုရင် Foreign Branded Products တွေကို ၀ယ်ယူသုံးစွဲကြတဲ့ သူတွေ တော်တော်လေး နည်းပါသေးတယ်။ အဲဒီတော့ ဈေးနှုန်းသင့်ပြီး ကွာလတီကောင်းတဲ့ product မျိုးက ကြော်ငြာလည်း လိုက်နိုင်မယ်၊ promotion လည်း လုပ်နိုင်မယ်၊ celebrities တွေကိုလည်း sponsor ကောင်းကောင်း ပေးနိုင်မယ်ဆိုရင် နာမည်ကြီးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ မင်းသမီး မင်းသားတွေ သုံးတယ်ဆိုရင် နာမည် ကြီးတာ များပါတယ်။

အဲဒီတော့ အပေါ်မှာ ပြောခဲ့တာတွေကို မှန်ကန်တဲ့ အချိန်မှာ သင့်တော်တဲ့ နာမည် တစ်ခုကို ရစေဖို့ Brand ကိုင်တဲ့ သူတစ်ယောက်မှာ တာဝန်ရှိပါတယ်။ စစချင်း Merchandising အကြောင်းကနေ စပြောပါ့မယ်။ ပစ္စည်းတစ်ခကို ဘယ်အချိန်မှာ Launch လုပ်မယ်၊ ဘယ်လိုရာသီမျိုးမှာ တော့ ရောင်းကောင်းနိုင်တယ်၊ ဘယ်လိုရာသီကတော့ ရောင်းအားနည်းနိုင်တဲ့ အတွက် sales promotion တွေ လုပ်ရမယ်၊ အဲလို လုပ်ဖို့ အတွက် ကိုယ့်ဆီမှာ stock အလုံအလောက်လည်း ရှိအောင်၊ ပုံနေတာမျိုးလည်း မဖြစ်ရအောင် ပစ္စည်းတွေကို သေချာ စနစ်တစ်ကျ တွက်ချက် မှာယူတင်သွင်းရတာကို Merchandising လုပ်တယ်လို့ ခေါ်ပါတယ်။ Basic Stock, Safety Stock, Expected Average daily Sales စတာတွေကို လအလိုက်တွက်ချက်ပြီး မှာယူတင်သွင်းရပါတယ်။ ဥပမာ.. ကိုယ်က တွက်ချက်ပြီး လေးလစာ မှာလိုက်ရင် လေးလကုန်တဲ့ အချိန်မှာ ကိုယ်မှာထားတဲ့ stock က၊ ကိုယ်ထင်သလောက် ရောင်းရပြီး ကိုယ်တွက်ထားတဲ့ လက်ကျန်အတိုင်းသာ ရှိနေရင် ဒါ Merchandising တော်လို့ပေါ့နော်။

နောက်တစ်ခုက Marketing..... အင်း ကျန်တာတွေကို နောက်မှ ဆက်ရေးမယ်။ ဖတ်တဲ့သူတွေ ဆန့်တစ်ငံ့ငံ့ ဖြစ်အောင် လုပ်ထားတာ.. ဟဲဟဲ
အပိုင်း (၂)ကို မျှော်နေနော်....

No comments: