ဒါကတော့ www.planet.com.mm, www.mysuboo.com, Internet Journal, 7-Days Nwes Journal, 7-Days Sport Journal, Myanmar People Magazine တို့ကို ထုတ်လုပ်ဖန်တီးပေးနေတဲ့ Inforithm-Maze ရဲ့ ပြခန်းဖြစ်ပါတယ်။ Website, Software, E-Gov စသော ၀န်ဆောင်မှု ပေါင်း မြောက်များစွာကိုလည်း Inforithm-Maze က တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။

ဒါကတော့ View Sonic ရဲ့ ပြခန်းပါ။ Laptop, LCD Moniter, Handset စတာတွေကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးတာကို တွေ့ရပါတယ်

ဒါကတော့ EPSON ရဲ့ ပြခန်းပါ.. မိုက်တယ်နော်.. လန်ထွက်နေတာပဲ

ကဲ မြန်မာ့ နံပတ် (၁) Notebook ဖြစ်တဲ့ TOSHIBA Brand ကတော့ ပိုက်ဆံတွေ အကုန်အကျ တော်တော်ခံပြီး ဒီလိုပြင်ဆင်ခဲ့ပါတယ်

သူ့ဘေးက SONY ကလည်း ဘယ်အညံ့ခံပါ့မလဲ... အားကျမခံ အပြိုင်အဆိုင်ပေါ့

ဒါကတော့ ASUS ရဲ့ ပြခန်းပါ။ သူက မြန်မာပြည်မှာ စတင်ဈေးကွက်ထိုးဖောက်နေတဲ့ Brand မို့လို့ ငွေကုန်ကြေးကျ တော်တော်ခံပါတယ်။ ပြခန်းပြင်ဆင်တာတောင် သိန်း ၁၀၀ လောက်ရှိတယ်လို့ ကြားရပါတယ်။ အဲဒီက ပိုင်ရှင် မမကြီးကလည်း တော်တော် သဘောကောင်းပါတယ်။ ကျွန်မတို့ ပြခန်းအတွက်တောင် Flat Moniter, LCD Moniter တွေ ငှားပေးသေးတယ်ရှင့်.. အဲဒီမှာ ကျောင်းသားတွေ အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ Notebook များကို ကျပ် သုံးသိန်းလောက်နဲ့ ရောင်းချ ပြသပေးခဲ့ပါတယ်။ Windows Vista Home Premium ကိုလည်း ထည့်ထားပါတယ်တဲ့။


ဒါကတော့ BENQ ပါ.. ကျွန်မဆိုရင် သူ့ရဲ့ mouse တွေကို သိပ်ကြိုက်တာ

MSI ကတော့ Model Show တစ်ခုနဲ့ စည်စည်ကားကား ပြသခဲ့ပါတယ်.. သူကလည်းပြောမနေနဲ့.. LCD တွေ ပေါများတိုင်းကို ချိတ်ထားတော့တာပဲ ပြခန်းရဲ့ ထိပ်မှာ၊ ဘေးမှာ၊ နံရံမှာ အို အရွယ်အစားတွေ စုံနေအောင် ကြွားသွားခဲ့လေရဲ့


လာပါပြီ Canon..... Canon Camera ကတော့ ကျွန်မရဲ့ အခိုက်ဆုံး ပစ္စည်းပေါ့.. ဒီဓါတ်ပုံတွေကိုလည်း canaon digital camera နဲ့ပဲ ရိုက်ခဲ့တာလေ

ဒါကတော့ acer laptop တွေကိုတင်သွင်းတဲ့ Thein Minn Company ရဲ့ပြခန်းပါ

Laptop တွေရမယ်နော်.. Brand စုံတယ် ဈေးစုံတယ်..လာထား

ဒီလို ဒီလို ခမ်းခမ်း နားနား ခင်းကျင်းပြသတဲ့ မြန်မာ့ သတင်းအချက်အလက်နဲ့ နည်းပညာ ပြပွဲကြီးမှာ ပင့်ဂိုလ်းတို့ကတော့ ဘာတစ်ခုမှကို မ၀ယ်နိုင်ပဲ ငေးရုံသာ ငေးနိုင်ခဲ့ကြောင်းပါရှင်။
2 comments:
ဈေးတော်တော် သက်သာတာပဲ ပြန်ရောက်မှ ၀ယ်တော့မယ် ဒီမှာလည်း ချိုင်းနားတွေပဲ :P
လှူတဲ့သူ "ကိုစေးထူး" ကြီးကိုရော..ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ကြတဲ့ ကျွန်တော့် အစ်ကိုအစ်မတွေ အတွက်ရောက် တကယ်ကို ဂုဏ်ယူဝမ်းသာမိပါတယ်..။ ကိုယ်တိုင် လိုက်ပါခဲ့ရသလိုခံစားရပါတယ်..။ ကျွန်တော် ကတော့ပြန်လာမှပဲ ပူးပေါင်းတော့မယ် :)
Post a Comment