Sunday, September 2, 2007

Blog Seminar is successfully Finished


မင်္ဂလာပါရှင်
အားလုံးသိကြတဲ့ အတိုင်းပါပဲ ကျွန်မတို့ရဲ့ Blog Seminar ကြီး အောင်အောင်မြင်မြင် ပြီးမြောငခဲ့ပါတယ်။ ဒီင်္အခမ်းအနားကို တက်ရောက် လာသူပေါင်း 600 ကျော်ရှိတာမို့ တစ်ကယ်ကို ထင်ထားတက ထက်အောင်မြင်ခဲ့တဲ့ ပွဲလေးတစ်ပွဲပါရှင်။ ဒီပွဲလေး ဖြစ်မြောက်အောင် အဘက်ဘက်ကနေ ကြိုးစားပေးကြတဲ့ ဘလောဂ့်ဂါရောင်းရင်း မောင်နှမတွေ၊ ကျွန်မတို့နဲ့ စိတ်တူကိုယ်တူ အွန်လိုင်းကနေ တစ်ချိန်လုံး အားပေးခဲ့ကြတဲ့ နိုင်ငံရပ်ခြားက မောင်နှမတွေ ကိုလည်း လှိုက်လှိုက်လှဲလှဲ ဂါရ၀ပြုပါတယ်ရှင်။ Myanmar Blogger Society နဲ့အတူ ပူးပေါင်း ပါဝင်ကူညီကြတဲ့ စပွန်စာတွေကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်ရှင်။ င်္ဒအခမ်းအနားလေး အကြောင်းကို တစ်ခြား ဘလောဂ့်ဂါမောင်နှမတွေလည်း သူတို့တွေရဲ့ ဘလောဂ့်တွေမှာ အသီးသီးရေးသား နေကြတာမို့လို့ အထူးတလည်တော့ ရေးပြမနေတော့ပါဘူး။ အခမ်းအနားမှူး ကျွန်မရဲ့ လူသူ မသိလိုက်တဲ့ ခပ်ကြောင်ကြောင် အဖြစ်အပျက်လေး ကိုတော့ ဖောက်သည် ချချင်မိပါ၇ဲ့။


အဲဒီနေ့ မနက်က မိုးတွေ သဲသဲမဲမဲ ရွာနေတယ်ရှင်။ ထိတ်ခနဲ စိတ်ပူမိတာက ဘုရား ငါ့တို့ Seminar လူရော လာပါ့မလား။ ဖြစ်ချင်တော့ ပင့်ဂိုလ်းက အဲဒီနေ့က 8 နာရီခွဲလောက်မှ နိုးတာရှင့်။ ကိုဘလာဂေါက်တို့က Service+ ကနေစုထွက်ကြမှာဆိုတော့ ဒီအချိန်လောက်ဆို သူတို့တွေ သွားနေကြပြီ ထင်ပါရဲ့ ဆိုပြီး ကျွန်မလည်း ခပ်သွက်သွက်လေးပဲ ပြင်ဆင်လိုက်ပါတယ်။ ကျွန်မရောက်တဲ့ အချိန်မှာတော့ ဘလောဂ့်ဂါ မောင်နှမတွေ အကုန်စုံနေပါပြီ။ နောက်ကျလို့ အဆူများခံနေရမလား တွေးပူမိပေမယ့် တော်သေးတာပေါ့ ဘာမှ မပြောကြလို့။ ကျွန်မရောက်တော့ Seminar ကိုတက်ရောက်လာတဲ့ လူတစ်ချို့တောင် ရောက်နေပြီဆိုတော့ မဆိုးဘူးလို့တော့ ထင်မိသား။ ကျွန်မလည်း မနေ့ညက အလွတ်ကျက်ထားတဲ့ ပြောစရာ စကားတွေကို ပြန်ပြောပြီင်္း ကိုနေဘုန်းလတ်ကလည်း ထပ်ပြောရမယ့် အကြောင်းတွေကို သေချာမှာကြား ပြန်ပါတယ်။ တစ်ယောက်ထဲ မထိုင်ရဲလို့ ဆိုပြီး အနားမှာ မမအနှင်းကိုလည်း ခေါ်ထားရသေးတယ်လေ။ လူတွေကလည်းတစ်ဖြေးဖြေး များလာပြီး ခန်းမကြီးတောင် လျှံသွားတယ် ဆိုတော့ အရမ်းကြောက်နေမိတယ်။ ငါစကားပြောမှားရင် ဘယ်လိုလုပ်မလဲပေါ့။ မမမီကလည်း မကြောက်ဖို့ ဘေးနားကနေ အားပေးနေပါရဲ့။ ကဲ အခမ်းအနားလည်း စရော. လူကစကားပြောဖို့ မတ်တပ်ရပ်လိုက်တာ အိုးအို.. ခြေသလုံးတွေ တစ်ဆပ်ဆပ်နဲ့ တုန်နေလို့ ယိုင်ခွေ မသွားအောင် ၊ စကားလည်း မမှားအောင် မနည်း သတိထားနေရတယ်လေ။ (ပထမဆုံး အတွေ့အကြုံကိုလို့)။ ကြားထဲမှာ စကားတွေလည်း ထစ်သွားသေးတယ်။ လူတွေကလည်း ၀ိုင်းကြည့်တော့ ဘယ်လိုကြီးလည်း မသိဘူး။ ရင်ထဲမှာလည်း တစ်လှပ်လှပ်နဲ့။ ကိုမျက်လုံရဲ့ ဘလောဂ့်ကိုတောင် မှားပြီး ကြေငြာလိုက်သေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်ကြည်လင်ဖို့ ဆိုပြီးတော့လေ။ (တစ်ကယ်က တစ်ယောက်နဲ့ တစ်ယောက် ကြည့်နိုင်မြင်နိုင်ဖို့)။ ဆောရီးနော် ယောက္ခမကြီး။

စစချင်း ဦးရဲမြတ်သူကိုဖိတ်တယ်၊ ပြီးတော့ ကိုနေဘုန်းလတ်ကို ဖိတ်တယ်။ အဲဒီအချိန်ထိ အိုကေနေတယ်။ အဲ.. ဘာညာပြောမယ့်အလှည့်လဲ ရောက်ရောရှင်။ ဘာညာကို လိုက်ရှာတယ် မတွေ့ဘူး။ မြတ်စွာဘုရား ဘာညာ ဘယ်ရောက် သွားပြီလဲ။ ဦးရဲမြတ်သူတို့ ကိုနေဘုန်းလတ်တို့ကျတော့ ရှေ့ကထိုင်ခုံမှာ ခန့်ခန့်ကြီး ထိုင်နေကြတာ ဆိုတော့ ကြည့်ပြီး ခေါ်လိုက်ရုံပဲလေ။ ဘာညာပြောမယ့် အကြောင်းအရာကို မိတ်ဆက်ရင်း ဘာညာ့ကို ရှာတယ်။ မတွေ့ဘူး။ စိုးရိမ်စိတ်နဲ့ စကားတွေမှားပြီး “ လေးစားစွာ ပန်ကြားအပ်ပါတယ်” နေရာမှာ စင်မြင့်ပေါ်ကို ဖိတ်ခေါ်ပါတယ် ဆိုပြီး ကတဲ့သူတွေကို ပြောသလို ပြောမိတယ်လေ။ (ရှက်လိုက်တာ.. မသိလိုက်ကြဘူး မဟုတ်လားဟင်).. အဲ နောက်တော့မှ မယ်မင်းကြီးမက ကျွန်မအနားမှာ ရပ်နေတာရှင်။ အဲတော့မှ ကိုယ့်ဟာကိုလည်း ရီချင်မိပါရဲ့။ အနားက လူကိုတောင် မမြင်ဘူးလေ။

နောက်ပိုင်း စကားပြောတာတွေ ကျတော့ အိုကေသွားပါပြီရှင်။ အရှိန်ရလာပြီလေ။ အေးဆေးပေါ့။ ဒီကြားထဲ စေတန်နဲ့ တူတူ ဂျာနယ်ဖတ်မိလို့ ကိုညီလင်းဆက်က လာဆူသေးတယ် (ဟဲ့ အခမ်းအနားမှူး ရှေ့မှာထိုင်ပြီး ကောင်းကောင်းနေလေ။ နင့်ကို အကုန် မြင်နေရတယ်ဟဲ့.. ငြိမ်ငြိမ်နေတဲ့..) တိဝူးလေ မီးလည်း ပျင်းတော့ ဂျာနယ် ဖတ်မိတာပေါ့လို့။.. နောက်ပိုင်းပြောတာတွေတော့ အကုန် အဆင်ပြေတယ်။ အွန်လိုင်းပေါ်ကနေ အားပေးနေကြတဲ့ ညီအကိုမောင်နှမတွေရဲ့ စီဘောက်ထဲက စာသားတွေကိုကျတော့ ဒီနေ့ မနက်ကမှ ဖတ်ရတာရှင့်။ ပင့်ဂိုလ်းရဲ့ ဘ၀က ထိုင်ရာကထပြီး လျှောက်သွားလို့မရတဲ့ အဖြစ်လေ။ ဒီတော့မှ သြော် ငါတို့တွေချည်းပဲ Seminar လုပ်နေတာ မဟုတ်ပါလား။ ငါတို့နဲ့ စိတ်တူ ကိုယ်တူ မောင်နှမတွေ အများကြီး ရှိပါလား ဆိုပြီး ၀မ်းသာလွန်းလို့ မျက်ရည်တောင် လည်မိပါရဲ့ရှင်။ (တစ်ကယ်မျက်ရည်လည်တာနော်)။ နောက်များမှာလည်း ဒီထက်မက အောင်မြင်တဲ့ အခမ်းအနားမျိုးကို Blogger မောင်နှမ များနဲ့ တူတူကျင်းပ ချင်သေးပါရဲ့ရှင်။

ပင့်ဂိုလ်းဆီမှာတော့ ဓါတ်ပုံတွေ မရှိဘူးရှင့်။ Memory Stick ကိုတေဇာ့ကို ပေးလိုက်လို့လေ။ ကိုယ့်ပုံပဲ ကိုယ်တင်တော့မယ်။ ဒါတောင် သူများဆီက ယူလာတာ…

6 comments:

BarNyar said...

ဝေးးးးး တော်တယ်ဝေးးးး အခမ်းအနားမှူးက တော်လည်းတော်တယ်။ လှလည်း လှတယ်။း)

Anonymous said...

pinkgold ရေ.. ဒီပို့စ်ကို ဖတ်ပြီး pinkgold နေရာကနေ ၀င်ခံစားသွားတယ်.. ဘာညာ ကသေးသေးလေးဆိုတော့ မတွေ့ တော့ဘူးပေါ့.. =) တကယ်ပါ.. ဒီမိုတို့လည်း အွန်လိုင်းက cbox ထဲကနေ seminar စကတည်းကနေ.. ပြီးတဲ့အထိ အားပေးနေတာ.. အစပထမပိုင်းက messages တွေ မရှိတော့လို့ .. နို့မို့ဆို ဒီထက် ပိုရယ်ရမယ်.. ဘယ်လိုပဲဖြစ်ဖြစ် ပျော်စရာကြီးနော်.. =) တစ်နေ့နေ့တော့ ဒီမောင်နှမတွေ တူတူ ဆုံရမှာပါ.. =)

Unknown said...

သြော် ဒါကြောင့် သူက ဆီဗုံးထဲကို မ၀င်လာတာကိုး။ ဆီဗုံးထဲမှာ နာမည်ကြီးအဆိုတော် တစ်ယောက်က နာမည်ကြီးသီချင်းတွေ အများကြီးနဲ့ ဖျော်ဖြေသွားတာ မသိလိုက်ဘူးပေါ့။ ကိစ္စမရှိဘူး နောက်ကြုံရင် သူ..ဆိုပြလိမ့်မယ်။

ညီညီ(သံလွင်) said...

ဟုတ်ပ.. နာမည်ကြီးအဆိုတော် ဇင်ဝမ်းကြီးက ဘလော့နန္ဒာသီချင်းနဲ့ ဖျော်ဖြေသွားသတဲ့။

Pinkgold said...

Blog နန္ဒာ နေညိုညို ရိပ်ကာသန်းတော့ စီဗု့းတောင်ရိပ် တူတူခိုမယ် blogger တွေရယ်လား ကိုညီညီရေ.. တွေများတွေ့လို့ကတော့ ဆိုခိုင်းအုံးမှာ

Mr.Pooh @ မောင်ပွတ် said...

Pinkgold ရေ - ပွဲမစခင်ကလည်း ဝိုင်းကူရတာနဲ့ ပင်ပန်းခဲ့တယ်။ ပွဲမှာလည်း ထိုင်ရာမထ ပရိသတ်ကို မျက်နှာမူပြီး အလုပ်လုပ်ပေးခဲ့ရတယ်။ Seminar တစ်ခုလုံး အောင်အောင် မြင်မြင် ပြီးဆုံးသွားတာ Pinkgold တို့ရှိလို့ဆိုတာ သိပ်သေချာပါတယ်။ အဝေးကနေ ကျေးဇူးတင်သလို အထူးပဲ လေးစားမိပါတယ်။