Friday, September 14, 2007

Wearing Perfume (for men)


-လူတစ်ယောက်ရဲ့ အနံ့ခံအာရုံဟာ မနက်စောစောပိုင်းအိပ်ယာထချိန်မျိုးမှာ ပိုပြီးအာရုံခံ ကောင်းပါတယ်။ အ၀တ်အစားဝတ်တဲ့အချိန်မှာ ဂရုစိုက်ပြီးရေမွှေးကိုရွေးဆွတ်ပါ။ မုတ်ဆိတ် ရိတ်ပြီးတဲ့အချိန်မှာလည်း မိမိအနံ့မကြိုက်တဲ့ ရေမွှေးမျိုးကို အသုံးမပြုဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိမိလည်းအနံ့ ခံမရ၊ မိမိလည်းမကြိုက်တဲ့ အနံ့မျိုးကို မိမိသွား လာနေထိုင်၊လုပ်ကိုမယ့် ပတ်ဝန်းကျင်ကလည်း ကြိုက်ပါ့မလားလို့ စဉ်းစားဖို့ကောင်းပါတယ်။

ရေချိုးခန်းတွေမှာ သုံးတဲ့ရေမွှေးမျိုးဟာ အလွန်အနံ့ပြင်းပါတယ်။ အချိန်အတန်ကြာအောင် လည်းအနံ့စွဲနေတတ်တယ်။ အဲဒီအမျိုးအစားရေမွှေးကို သုံးရင်ဘယ်လောက်သုံးမယ် ဆိုတာ စဉ်းစားပြီးသတိထားသုံးပါ။ ကြိုက်လို့သုံးရင်လည်း လက်ကောက်ဝတ်၊ လည်ပင်းနဲ့ တံတောင် ဆစ်တွေမှာ နည်းနည်းလေးပဲဆွတ်ပါ။ များများဆွတ်မယ်ဆိုရင် ခြေထောက်ကိုစပြီးဆွတ်ပါ။ ဒါမှ အနံ့ဟာ အပေါ်ကိုတက်လာပါလိမ့်မယ်။

-ရေမွှေးကို များများဆွတ်မိလို့ စိတ်ညစ်မသွားပါနဲ့။ ရေမွှေးမှာ သွေ့ခြောက်မြန်စေတဲ့ အရက် ပြန်ပါပါတယ်။ဒါကြောင့် နာရီပိုင်းအတွင်း ခြောက်သွားပြီး အနံ့စူးရှလွန်းတာလည်း ဖျော့ သွားပါလိမ့်မယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော၊ အမျိုးသမီးတွေ ကျေနပ်နှစ်ခြိုက်ဖို့အတွက်ရော၊ မိမိရဲ့ကိုယ်စိတ်နှလုံး ကြည်လင်လန်းဆန်းနေဖို့ အတွက်ရော မွှေးကြိုင်နေရပါမယ်။ အမွှေးနံ့ ဟာ စိတ်ကို လန်းဆန်းတက်ကြွစေတာလည်း အမှန်ပါပဲ။

အဲဒီလို အသုံးပြုတဲ့အခါမှာ စူးရှလွန်းတဲ့ရေမွှေးမျိုး အထူးသဖြင့် ကတိုးဆီကို အလွန်အကဲ သုံးထားတဲ့ အမွှေးနံ့မျိုးကိုမသုံးကြဘဲ ခေတ်နဲ့အညီ လူကြိုက်များတဲ့ သင်းပျံ့တဲ့အမွှေးနံ့ မျိုးကိုသာ အသုံးပြုသင့်တယ်။

No comments: