Friday, September 14, 2007

Making Own Perfume


ကျွန်မတို့ဟာရေမွှေးတွေကို ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ် စိတ်ဝင်စားမယ်ဆိုရင်လုပ်ကြည့်နိုင်ပါတယ် လိုအပ်တာကတော့ အမွှေးဆီတွေပေါ့နော် အမွှးဆီတွေကိုသာ စုဆောင်းနိုင်မယ်ဆိုရင် အိုကေပြီပေါ့ မြန်မာနိုင်ငံမှာဝယ်လို့ရ မရတော့သေချာမသိပါဘူး နိုင်ငံခြားတွေမှာဆိုရင်တော့ ရကောင်းရနိုင်ပါတယ် ကဲရေမွှေးပြုလုပ်နည်းအမျိုးမျိုးကိုပြောတော့မယ်နော်
ပထမနည်းကတော့ အရမ်းကိုလွယ်ပါတယ် လိုအပ်တာကတော့ ရေသန့်သန့်နှင့် မွှေးပျံ့တဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ပန်းလေးတွေပေါ့နော် ရေသန့်သန့်မတ်ခွက် (၃) ခွက်လောက်နဲ့ ပန်းပွင့်ကတော့ မတ်ခွက်တစ်ခွက်ခွဲလိုအပ်ပါတယ် ပြီးတော့ပန်းပွင့်လေးတွေကို သေသေချာချသာစိတ်ပြီးရေနဲ့ရောထားလိုက်ပါ(သေးသေးလေးတွေ ဖြစ်သွားတဲ့အထိ စိတ်ပါ) ၁၂ နာရီကနေ ၁၅ နာရီလောက်ထိကြာအောင်ထားပြီးရင်တော့ ရေမွှေးရပြီပေါ့ လွယ်တယ်နော်
နောက်တစ်မျိုးပို ထပ်ပြောပါဦးမယ် နည်းနည်းတေ့ခက်တယ် ခက်တယ်ဆိုတာက မွှေးရနံ့တွေကိုအရင် စုဆောင်းရမှမို့ပါ လိုအပ်တာတွေကတော့ စန္ဒကူးအဆီ နှစ်စက်ကနေ ၅ စက် ၊ ကတိုးကောင်ရဲ့အဆီ နှစ်စက် ကနေ ၅စက် ၊ Jojoba Oil ၂စက်ကနေ ၃စက်လောက်ထိကို တစ်ဆင့်ပြီး တစ်ဆင့်သေသေချာချာရောစပ်ရပါမယ် ပြီးတော့ပုလင်းတစ်လုံးထဲမှာထည့်ပြီး ၁၂ နာရီလောက်ကနေ ၁၅ နာရီလောက်ထိကြာအောင် မှောင်ပြီး ခြောက်သွေ့တဲ့နေရာမှာထားပါ ပြီးရင်တော့ကိုယ်တိုင်လုပ်တဲ့ရေမွှေးကိုရပြီပေါ့
အခုပြောမှကတော့ နည်းနည်းလေးထူးခြားပါတယ် ပထမဦးဆုံးရွာတဲ့ မိုးရေစက်တွေနဲ့ပြုလုပ်ရမှပါ ပေါင်းခံထားတဲ့ရေ ၂ခွက် သုံးခွက်လောက်ကို ဗော့တကာအရက် လက်ဖက်ရည်ဇွန်း ၃၊၄ ဇွန်းလောက်ရောပါ ပြီးတော့ စန္ဒကူးအဆီ ၃၊ ၄ စက်လောက်ရောပါ ပြီးတော့ကိုယ်နှစ်သက်တဲ့ အနံ့လေးတွေလည်း ၂စက် ၃စက်လောက်ရောနိုင်တယ်နော် ပြီးတော့မှ ပုလင်းထဲထည့်ပြီး အပေါ်မှာပြောထားတဲ့ အချိန်လောက်ကြာကြာထားရင် ရေမွှေးရပါပြီ A Drop In The Rain လို့နာမည်ပေးလိုက်ပါမယ်
ကိုယ်နှစ်သက်တဲ့ မွှေးရနံ့ဆီလေးတွေကို အထက်မှာပြောတဲ့ သေသေချာချာရောလိုက်ပြီး နာရီကြာကြာလေးလည်းထားလိုက်မယ်ဆိုရင် ကိုယ်တိုင်လုပ် ရေမွှေးလေးတွေကို သုံးလို့ရပြီပေါ့နော်

No comments: