Wednesday, September 19, 2007

How to persuade the others.!

တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေပဲ စိတ်ပြောင်းလာစေသော နည်းများ

မိတ္တဗလဋီကာ ဆိုတဲ့ စာအုပ်ကို လူတိုင်းကြားဖူးကြမှာပါ။ လူတော်တော်များများလည်း ဖတ်ဖူးကြပါလိမ်မယ့်။ ကျွန်မတို့ရဲ့ လူမှုဘ၀အတွက် တစ်ကယ်လိုအပ်တဲ့ အချက်အလက်တွေ အကြောင်းအရာတွေကို စုစည်းရေးသားထားတဲ့ စာအုပ်လေးမို့လို့လည်း ကမ္ဘာမှာ Best Seller ဆိုတဲ့ စာအုပ်တစ်အုပ် ဖြစ်နေတာပေါ့ရှင်။ ကျွန်မလည်း ဒီစာအုပ်လေးကို ဖတ်ရတာ တော်တော် အရသာတွေ့ပါတယ်။ ဦးနုရဲ့ ဘာသာပြန်ဆိုချက်တွေက ကောင်းလွန်းလှသလို၊ လူတိုင်းအတွက်လည်း အသုံးဝင်၊ တန်ဘိုးထားအပ်တဲ့ အကြောင်းအရာတွေ ကြောင့် မြန်မာ့ စာပေလောကမှာလည်း နာမည်ကြီးရတာပေါ့ရှင်။ ဒီစာအုပ်ထဲမှာ ပါတဲ့ စိတ်ဆိုးပြေတဲ့ နည်းလမ်းလေးတစ်ချို့ကို ကျွန်မဖောက်သည်ချချင် မိပါရဲ့။ ဖတ်ဖူးကြသူတွေလည်း ပြန်မှတ်မိအောင်၊ မဖတ်ဖူးကြသူတွေလည်း ဖတ်စရာ အသစ်တိုးအောင် ကျွန်မဒီပိုစ့်လေးကို တင်လိုက်ရပါတယ်ရှင်။

  1. ချီးမွမ်းခြင်း၊ ရိုးသားစွာ ချီးကျူးခြင်း တို့ဖြင့်စ၍ ပြောပါ။
  2. တစ်ဖက်သားတို့၏ အပြစ်များကို သွယ်ဝှုက်သောနည်းဖြင့် သတိရအောင် ပြုလုပ်ပါ။
  3. တစ်ဖက်သားကို အပြစ်မပြောမီ သင့်၏ အပြစ်များကို ဦးစွာဖော်ပြပါ။
  4. တိုက်ရိုက်သြဇာပေးမည့် အစား၊ လိုရင်းကိစ္စကို ပြီးစေမည့် မေးခွန်းများကို မေးပါ။
  5. တစ်ဖက်သားအား သူ့ဂုဏ်သူ ပြန်ဆယ်ပါစေ။
  6. တစ်ဖက်သား၏ တိုးတက်မှု အနည်းအများကို ပဓါနမထားပဲ ချီးကျူါ်ပါ။ ထိုသို့ချီးကျူးသောအခါ ရက်ရက် ရောရော ရှိပါစေ။
  7. တစ်ဖက်သားကို သိဒ္ဓိတင်ပါ။
  8. အားပေးစကားကို ပြောကြားပါ။ သင်ပြင်လိုသော တစ်ဖက်သား၏ အမှားသည် ပြင်ရန်လွယ်ကူသည်ဟု တစ်ဖက်သား သဘောပေါက်အောင် ပြောပါ။ သင်လုပ်စေချင်သော အလုပ်မှာ လုပ်ရန်လွယ်ကူသည့် အကြောင်းကိုလည်း တစ်ဖက်သား သဘောပေါက်ပါစေ။
  9. သင်လုပ်စေလိုသော အလုပ်ကို တစ်ဖက်သားသည် ၀မ်းမြောက် ၀မ်းသာစွာနဲ့ လုပ်ချင်လာအောင် ခိုင်းပါ။

မှန်ကန်တဲ့ နည်းလေးတွေနဲ့ အများအပေါ် လွှမ်းမိုးနိုင်ကြပါစေရှင်။

No comments: