Saturday, September 8, 2007

Mind-set of perfume users (women)

လူတစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့  သူကြိုက်နှစ်သက်တဲ့ ရနံ့ တွေရဲ့ဆက်စပ်မှုကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က သုတေသနပြုလုပ်ခဲ့ကြပါတယ် .. အဓိက ကတော့ရေမွှေး ကုမ္ပ္ပဏီတွေက သူတို့ ရဲ့  ရေမွှေးကို ကြော်ငြာဆို့ နဲ့  အရောင်းမြှင့်တင်ဖို့ အတွက် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ကဲကိုယ်ကြိုက်တဲ့ ရနံ့ နဲ့  ကိုယ့်ရဲ့ စိတ်နေစိတ်ထားတွေ တိုက်ဆိုင်မှုရှိရဲ့လားလို့  ကြည့်လိုက်ကြရအောင်

အရင်ဆုံးအမျိုးသမီးတွေ အတွက်အရင်ပြောပါမယ်



လီမွန်ရနံ့ တွေ နဲ့  ပန်းရနံ့ တွေကို ကြိုက်နှစ်သက်သူတွေဟာ အကောင်းမြင်တတ်တဲ့သူတွေ ဖြစ်ပြီး အမြဲတမ်း တက်တက်ကြွကြွရှိတတ်ကြပါတယ်တဲ့ သူတို့ တွေဟာ စွန့် စားမှုတွေကိုလည်းကြိုက်နှစ်သက်ကြပါသတဲ့ အမြဲတမ်းခေါင်းဆောင်လိုစိတ်လည်းရှိတတ်ကြပါတယ် ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုတွေရှိနေတတ်တယ် အသစ်အဆန်းတွေကိုရှာဖွေတတ် စိတ်ဝင်စားတတ်ကြပြီး အခက်အခဲတွေဆိုတာဟာလည်း သူတို့ တွေအတွက် အေးဆေးပဲဖြစ်နေတတ်ကြပါတယ်တဲ့

အရှေ့တိုင်းဆန်တဲ့ စူးရှရှရနံ့ မျိုးကိုကြိုက်နှစ်သက်တဲ့ အမျိုးသမီးတွေကတော့ ပျော်ပျော်နေတတ်တဲ့ သူမျိုးတွေဖြစ်ပါတယ် သူတို့ တွေသာ ကိုယ့်တစ်ယောက်ထဲအစွမ်းနဲ့  ဘ၀ကိုရင်ဆိုင်နိုင်စွမ်းရှိကြပါတယ် သူတို့တွေဟာ ပါတီတွေသွားတာထက်စာရင် အိမ်မှာနေတာကိုပိုသဘောကျတတ်ကြတယ် ကိုယ့်အတွက်ရော သူများတွေအတွက်ပါ စဉ်းစားပေးတတ်ကြတယ် ပေါ့တီးပေါ့ဆနေတတ်တဲ့သူတွေကို သူတို့ တွေ မကြိုက်ဘူး အထီးကျန်ဆန်တဲ့ဘ၀ကိုလည်း မက်မောတတ်ကြတယ် ဆုံးဖြတ်ချက်ကို ပြတ်သားစွာချတတ်တဲ့ သူတွေလည်းဖြစ်ပါတယ် သူတို့ တွေဟာ တမူထူးခြားပြီး သီးသန့် ဖြစ်နေတတ်ကြပါတယ်တဲ့

ရှတတပန်းရနံ့ လေးတွေကို ကြိုက်တဲ့သူတွေကတော့ အရမ်းကို ဆတ်ဆတ်ထိမခံတဲ့သူမျိုးတွေပေါ့ စိတ်ကလည်းနှစ်ခွဖြစ်ဖြစ်နေတတ်ပါတယ် စိတ်ကူးယဉ်တတ်ကြတယ် အရမ်းကို မသာညေအငခ ဖြစ်တတ်ကြတယ် စိတ်ခံစားမှုလွယ်တတ်ကြတယ် သူတို့တွေဟာ စိတ်ကူးယဉ်နေပေမဲ့ တစ်ကယ်တမ်းကြတော့ လက်တွေ့ မလုပ်ချင်ကြဘူး ဇိမ်ကျကျနေထိုင်လိုကြတယ်

သစ်သီးရနံ့ မျိုးကိုကြိုက်တတ်တဲ့ အမျိုးသမီးတွေကတော့ သွက်သွက်လက်လက် ချက်ချက်ချာချာ လူမျိုးတွေပေါ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေထိုင်တတ်ကြတယ် သူတို့ ရဲ့ဆန္ဒတွေကို တတ်နိုင်သလောက် အကောင်အထည်ဖော်ကြတယ် ဘ၀ကိုရေစုန်မျောတတ်တဲ့လူစားမျိုးကို မုန်းတတ်ကြတယ် ဆုံးဖြတ်ချက်တွေကိုလည်း ချက်ချင်းချတတ်ကြပြီး အားသွန်ခွန်စိုက် လုပ်တတ်ကြတယ် ဘ၀မှာထိခိုက်ဒါဏ်ရာတွေ ကြုံတွေ့ လာရင်လည်း စိတ်ပျက်အားငယ်မနေပဲ အခက်အခဲကိုကျော်လွှားနိုင်ဆို့ ကြိုးစားတယ် ဒါပေမဲ့ တစ်ခါတရံမှာတော့ စိတ်ကူးယဉ်ဆန်တတ်ကြပါသေးသတဲ့

ချိုမြမြမွှေရနံ့ ကိုကြိုက်တဲ့သူတွေကတော့ ဗျာများတတ်ကြပြီး ကသီလင်တနိုင်တဲ့ သူမျိုးတွေပေါ့ စီမံကိန်းတစ်ခုကို ရေရှည်အတွက်မျှော်ကိုးပြီး ဂရုတစိုက်ချမှတ်တတ်ကြပါသေးတယ် ပဋိပက္ခတွေကိုရှောင်လွှဲ တတ်ကြတယ် သူတို့  တွေကိုကာကွယ်ပေးမဲ့သူမျိုးကို အမြဲတမ်း အနားမှာရှိနေစေချင်ကြတယ် သို့ ပေမဲ့လည်း သူတို့ ဘ၀ကိုနှောင့်ယှကါပြီး ဆရာကြီးလာလုပ်တာမျိုးမဖြစ်စေချင်ကြဘူး

စန္ဒကူးလိုမျိုး ပြင်းပြတဲ့ရနံ့ မျိုးကိုကြိုက်နှစ်သက်တဲ့ သူတွေကတော့ ဟာသဥာဏ်ရှိတဲ့သူတွေပေါ့ သူတို့ တွေစိတ်ညစ်နေတာတို့  စိတ်အာှးုယ်နေတာတို့ ကိုတွေ့ ခဲပါတယ် ပြသနာတွေကိုလည်းမရှုပ်မထွေးပဲဖြေရှင်းနိုင်စွမ်း ရှိကြပါတယ် အတိတ်ကိုလည်းပြန်ကြည့်ပြီး ပူပန်နေတတ်တဲ့သူမျိုးမဟုတ်ပါဘူး ကံကိုထက် မိမိကိုယ်ကို ပိုပြီးအားကိုးတတ်ကြပါတယ် သူတို့ တွေရဲ့ပတ်ဝန်းကျင်မှာသူဟာ အားထားရာဖြစ်နေတတ်ပါတယ် အုပ်စု အသင်းအဖွဲ့ တွေမှာလည်းသူဟာ အရေးပါတဲ့နေရာကိုရရှိထားတဲ့ သူမျိုးဖြစ်တတ်ကြပါတယ်

ပေါင်ဒါရနံ့ လို အနံ့ မျိုးကိုနှစ်သက်တဲ့ သူတွေကတော့ ဖာသိဖာသာနေတတ်ကြပြီး ထင်ပေါ်ကြော်ကြားလိုစိတ်လည်း မရှိတတ်ကြပါဘူး ကိုယ့်ကို ကိုယ်ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ် တစ်ခြားသူတွေကို ဘောင်မကျော်မိစေရန်လည်း ဂရုစိုက်ကြပါတယ် လူရှေ့ သူရှေ့မှာလည်း ထင်ထင်ပေါ်ပေါ်မနေတတ်ကြပါဘူး သေချာတာကတော့ သူတို့ တွေဟာ သီးသန့် နေထိုင်လိုစိတ်ရှိကြတာပါပဲ

No comments: