Tuesday, September 4, 2007

Blind Girl


ကျွန်မ ခဏနုတ်ဆက်တဲ့ အနေနဲ့ ကျွန်မကြိုက်တဲ့ အကြောင်းအရာလေး တစ်ခုကို ပိုစ့်အနေနဲ့ တင်ချင်ပါတယ်. လူတိုင်းလည်း ဒီဝတ္ထုလေးကို ဖတ်ပြီး တစ်ခုခုခံစား သွားရလိမ့်မယ်ထင်ပါတယ်ရှင်။.. မျက်စိကန်းနေတဲ့ ကောင်မလေးနဲ့ သူ့ချစ်သူ ကောင်လေးရဲ့ အကြောင်းလေးပါ။


ဟိုးရှေးရှေးတုန်းက မျက်စိကန်းနေတဲ့ အတွက် ကိုယ့်ကိုကိုယ် အလွန်တရာ မုန်းတီးနေတဲ့ မိန်းကလေး တစ်ယောက်ရှိပတယ်။ သူမရဲ့ ချစ်သူတစ်ယောက်ကလွဲရင် လူတိုင်းကို သူမမုန်းတယ်။ ချစ်သူကောင်လေး ကလည်း သူမရဲ့ အနားမှာ အမြဲနေပြီး ပြုစုယုယ ပေးတယ်။ သူမက "ကျွန်မသာ ဒီလောမှာ ရှိတဲ့ အရာမှန်သမျှကို မြင်နိုင်ရင် ရှင့်ကို ကျွန်မ လက်ထပ်မယ်လို့ ပြောလေ့ရှိပါတယ်။

တစ်နေ့မှာတော့ တစ်စုံတစ်ယောက်က သူမကို မျက်လုံးတစ်စုံ လှူဒန်လာပါတယ်။ မျက်စိ အစားထိုး ခွဲစိတ်ပြီး နောက်မှာတော့ သူမရဲ့ မျက်စိတွေဟာလည်း အကောင်းပကတိဖြစ်ပြီး အရာရာကို မြင်နိုင်စွမ်း ရှိသွားတယ်။ ချစ်သူကောင်လေးက "မင်း ခုတော့ ကျုယ်ကို လက်ထပ်တော့မှာပေါ့နော်" လို့ပြောတယ်။ ဒါပေမယ့် သူမရဲ့ ချစ်သူဟာ မျက်ကတ်း တစ်ယောက်မှန်း သူမမြင်တွေ့ လိုက်ချိန်မှာတော့ အရမ်းကို တုန်လှုပ်သွားခဲ့မိပါတယ်။ ပြီးတော့ "ရှင့်ကို ကျွန် လက်မထပ်နိုင်ဘူး၊ ရှင်ဟာ မျက်ကန်းတစ်ယောက်ပဲ " လို့ပြန်ပြောလိုက်တယ်။ သူမရဲ့ ချစ်သူဟာ ၀မ်းနည်းစွားနဲ့ သူမအနားကနေ ထွက်ခွာ သွားပြီး နောက်ပိုင်းမှာတော့ စာတစ်စောင်ကို ရေးပို့လိုက်တယ်။ "ငါ့ကို လက်မထပ်နိုင်ပေမယ့် ငါ့ရဲ့ မျက်လုံးကိုတော့ ဂရုစိုက်ပါကွာ" တဲ့။

ဒါကတော့ လူတွေဟာ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ပြောင်းလဲသွားတတ်တယ် ဆိုတာ ပြသနေပါတယ်။ သူတို့တွေရဲ့ အတိတ် အခြေအနေဟာ ဘယ်လိုရှိခဲ့ ဖူးတယ်ဆိုတာ လူနည်းနည်းလောက်သာ ရှိတတ်ကြပါတယ်။ ဘ၀မမမေ့သူက နည်းနည်းလေးပဲ ရှိတယ်ပေါ့လေ။ သူတို့တွေ ကောင်းစားဖို့ အတွက် တစ်ချို့ပတော့ နာကျင်ခံစားစွာနဲ့ ပေးဆပ်ခဲ့ကြတယ်ဆိုတာ မေ့သွားတတ်ကြတယ်လေ။

1 comment:

tayzar said...

ကျွန်တော်သာဆို အဲဒီ မျက်လုံးကို ပြန်ဖောက်ထုတ်လိုက်မယ် ဟင်း ဟင်း ဘာရမလဲ နှစ်ယောက်လုံး ကန်းသွားအေးရော