Saturday, September 8, 2007

Perfume.... The fragrance we love!


ကျွန်မ ဘလောဂ့်မရေးတာလဲ တော်တော်လေး ကြာသွားပြီရှင့်။ ပြီးခဲ့တဲ့လက 37 ပိုစ့်လောက် တင်ခဲ့တာကိုမှ မထောက် ငြိမ်ချက်သား ကောင်းနေလိုက်တာလို့ အပြစ်တင်လိုကလည်း တင်ကြပါတော့။ ကျွန်မကလည်း ကိုယ့်အခက်အခဲနဲ့ကိုယ်ရှင့်။ ရုံးက တင်းကျပ်လွန်းတဲ့ IT Rules တွေရယ်၊ အခုတလော တော်တော် အလုပ်များတာရယ်ကြောင့် ပိုစ့်တွေ မရေးဖြစ်တာပါ။ ခုတော့ အချိန်လေးအားတုန်း၊ အင်တာနက်လေး သုံးခွင့်ရတုန်း ပိုစ့်လေး တစ်ခုလောက်တော့ တင်မယ် စိတ်ကူးမိပါတယ်ရှင်။ တစ်ကယ်တော့ ဆားချက်တာပါ။ အရင်ပလန်းနက်မှာ ဖိုရမ်ရေးတုန်းက ရေးသားခဲ့ဖူးတဲ့ ရေမွှေးတွေအကြောင်းကို Blog ဖတ်သူ များအတွက် ပြန်လည်ဝေငှပေးချင်ပါတယ်။ သမိုင်းကြောင်းလေးနဲ့ အရင်စလိုက်မယ်နော်။

ရေမွှေးလို့ ခေါ်တဲ့ အမွှေးနံသာတွေကို အီဂျစ်လူမျိုးတွေက သူတို့ တွေရဲ့နတ်ဘုရားတွေကို ပူဇော်ပသတဲ့နေရာမှာ စတင်အသုံးပြုခဲ့တယ်လို့ ဆိုစမှတ်ပြုကြပါတယ် နောက်တော့မှ လူတွေက အမွှေးနံသာအဖြစ်ရော ဆေးအဖြစ်ပါအသုံးပြုလာကြပါတယ် ရေမွှေးသုံးစွဲမှုဟာ ၁၇ ရာစုလောက်ရောက်တဲ့အချိန်မှာ အရမ်းကို ကျယ်ပြန့် လာခဲ့ပါတယ် ပြင်သစ်နိုင်ငံဟာကမ်ဘာမှာ အကြီးကျယ်ဆုံး ရေမွှေးထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ် ရေမွှေးရဲ့ အဓိက raw material တွေကို သစ်ပင်နဲ့  တိရိတ္ဆန်တို့ ကနေ ကရတယ်လို့ ပြောကြပါတယ် ၁၈၀၀ ပြည့်နှစ်လောက်မှာ ပထမဆုံး synthetic product ကိုထုတ်လုပ်နိုင်ခဲ့ပါတယ် ရေမွှေးထုတ်လုပ်တဲ့ ဖော်မြူလာတွေကိုလည်း လျှို့ ဝှက်စွာ ထိန်းသိမ်းထားကြရပါတယ်

Three Kinds of Fragrance Notes
First Notes
ကျွန်မတို့ တွေ ရေမွှေပုလင်းကို စစချင်းဖွင့်လိုက်တဲ့ အချိန်မှာ ထွက်လာတဲ့ အနံ့ ဖြစ်ပါတယ်

Second Note
ကျွန်မတို့ ရဲ့ ကိုယ်ပေါ်မှာ ဆွတ်လိုက်တဲ့အချိန်မှာ ထွက်လာတဲ့ အနံ့ ဖြစ်ပါတယ်

Third Note
ကျွန်မတို့ ရဲ့ ကိုယ်ပေါ်မှာ ဆွတ်လိုက်တဲ့အချိန်မှာ ထွက်လာတဲ့ အနံ့ ဖြစ်ပါတယ်
ကျွန်မတို့ တွေထွက်သွားပြီး ကျန်ခဲ့တဲ့ရေမွှေနံ့  ဖြစ်ပါတယ်

ရေမွှေးတွေကို အမျိုးအစားအားဖြင့် EDP EDC and EDT ဆိုပြီးသုံးမျိုးခွဲထားပါတယ်
EDP ( Eau De Perfume)
EDP ဆိုတာကတော့ ရေမွှေးဆီ အများဆုံးပါဝင် သောအမျိုးအစားဖြစ်ပါတယ် သာမန်အားဖြင့်ပြင်းပြတဲ့ အနံ့ ဖြစ်ပါတယ်

EDT ( Eau De Toilette)
EDT ဆိုတာရေမွှေးဆီနဲ့  တစ်ခြား Chemical တွေကိုသမအောင် အသုံးပြုထားတာဖြစ်ပါတယ် သင်းပျံ့  ပျံ့  အနံ့ လေးရှိပါတယ်

EDC ( Eau De Cologne)
EDC ဆိုတာ ရေမွှေးဆီကို အနံ့ ရရုံလောက်သာ အသုံးပြုထားတာဖြစ်ပါတယ်

ကျွန်မတို့ ဟာ ရေမွှေးတွေကို ရွေးချယ်ဝယ်ယူရာ မှာလည်း သေချာဂရုတစိုက် ၀ယ်ဖို့ လိုပါတယ် ဘာကြောင့်လဲဆိုတော့ ရေမွှေးတစ်မျိုးထဲ သုံးထားပေမဲ့ လူတစ်ယောက်နှင့် တစ်ယောက်ဟာ တူညီတဲ့ ရနံ့ ကို မရနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ် လူတစ်ယောက်ဘေးနားက ဖြတ်သွားလို့ ရတဲ့ ရနံ့ ကိုကြိုက်ပြီး ကံကောင်စွာနဲ့  အဲဒီတံဆိပ်ကို ရှာဝယ်နိုင်ခဲ့ရင်တောင် သူဆီမှာထွက်တဲ့ အနံ့ မျိုး ကိုယ့်ဆီမှာထွက် ချင်မှ ထွက်မှာပါ ဘာကြောင့်လဲဆိုတော့ လူ့ ခန္ဒာကိုယ်ကို ဖွဲ့ စည်းထားတဲ့ Body Chemistry တွေမတူညီနိုင်တဲ့အတွက်ဖြစ်ပါတယ် ရေမွှေးဝယ်တော့မယ်ဆိုရင် ပထမဆုံး ကိုယ်ပေါ်မှာအရင်ဆွတ်ပြီး တစ်မိနစ်၊ နှစ်မိနစ်လောက်ထားကြည့်ပါ ပြီးမှထွက်လာတဲ့အနံ့ ဟာ ကိုယ်တစ်ကယ် ကြိုက် မကြိုက်ဆိုတာ သေချာမှဝယ်စေချင်ပါတယ်

No comments: