Saturday, September 8, 2007

Mind-set of perfume users (men)

ကဲ ဟောဒါက အမျိုးသားတွေ အတွက်ပါရှင်။

လီမွန်ရနံ့သင်းသင်းလေးတွေနဲ့ spicy ဖြစ်တဲ့ရနံ့မျိုးကို ကြိုက်နှစ်သက်တတ်တဲ့ သူမျိုးတွေကတော့ အကောင်းမြင်ဝါဒ သမားတွေပေါ့ လုပ်ရည်ကိုင်ရည် ကြံရည်ဖန်ရည်ရှိပြီး တာဝန်တွေကိုလည်း မြန်မြန်ဆန်ဆန်ပဲပြီးအောင် လုပ်တတ်ပါတယ် ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ သူမျိုးလည်းဖြစ်ပါတယ် သူဟာ အပြောင်အလဲတွေ စိတ်လှုပ်ရှားမှုတွေကိုလည်း နှစ်သက်တတ်သူတစ်ဦးဖြစ်ပါတယ်

အရှေ့တိုင်းဆန်တဲ့ ရနံ့မျိုးကို ကြိုက်နှစ်သက်တဲ့အမျိုးသားတွေကတော့ တစ်ကိုယ်တည်းနေထိုင်မှုကို သဘောကျသူမျိုးဖြစ်ကြပါတယ် သူများတွေကို အားကိုးလိုစိတ်နည်းပါးပါတယ် သူရဲ့စိတ်ကတော့ တစ်ခါတစ်လေမှာ နုညံ့ပြီး ခံစားမှုလွယ်တတ်ပါတယ် အပေါ်ယံဆက်ဆံရေးတွေကို သိပ်ပြီးသဘောတွေ့ တတ်တဲ့သူမျိုး မဟုတ်ပါဘူး လေးလေးနက်နက်မထားပဲပြောင်းလဲလွယ်တဲ့ သူမျိုးကိုလည်း သူကမကြိုက်တတ်ပါဘူးတဲ့


ရနံ့ အေးအေးလေးတွေ ပေါ့ပါးတဲ့ရနံ့ မျိုးလေးတွေကြိုက်တတ်တဲ့သူမျိုးကတော့ အမြဲတမ်းပဲ လန်းဆန်းတက်ကြွနေတတ်ပြီး အနုပညာဆန်တဲ့ စိတ်ကူးစိတ်သန်းလေးတွေရှိနေတတ်ပါတယ် ဂီတကိုလည်း စိတ်ဝင်စားပြီး ခေတ်ဆန်မှုကိုသဘောကျတတ်ပါသတဲ့ ငြီးငွေ့ ဖွယ်ကောင်းတဲ့နေ့ စဉ်ဘ၀ကို အမြဲတမ်းပဲ ပျော်ရွှင်ဖွယ်ရာဖြစ်အောင်လည်း ဖန်တီးနေထိုင်ပါသတဲ့ ဖက်ရှင်ကျကျနေထိုင်ရတာကို သဘောတွေ့ ပြီး သူ့ ကိုယ်သူလည်း ထင်ထင်ပေါ်ပေါ်ဖြစ်အောင် ဖန်တီးတတ်ပါတယ်

စူးရှပြီးအီတဲ့မွှေးရနံ့ ကိုကြိုက်တဲ့ အမျိုသားတွေကတော့ သူတို့ ကိုယ်သူတို့ သပ်ရပ်သန့် ရှင်အောင်နေတတ်ကြပြီး ယောင်္ကျားပီသတဲ့ ရုပ်သွင်ရှိကြတဲ့သူမျိုးပါ သူဟာအောင်မြင်တဲ့ဘ၀မှာနေထိုင်လိုသူတစ်ဦးလည်းဖြစ်ပါတယ် အောင်မြင်လာအောင်လည်း ကြိုးပမ်းတတ်တဲ့သဘာဝရှိသူမျိုးတစ်ဦးဖြစ်ပါတယ်

အီပေမဲ့ အေးမြတဲ့ရနံ့ မျိုးကို ကြိုက်နှစ်သက်သူတွေကတော့ လွတ်လပ်မှုကိုသဘောကျပြီး သမရိုးကျလမ်းစဉ်တွေ ကနေခွဲထွက်တတ်သူပါ ဘ၀ရဲ့အခက်အခဲတွေကိုလည်း ကိုယ်ပိုင်အစွမ်းနဲ့ ဖြေရှင်နိုင်သူပေါ့ သူရဲ့အပြုအမူတွေဟာလည်း အေးစက်စက်နဲ့  တည်ငြိမ်နေတတ်ပါတယ်

No comments: