Wednesday, September 19, 2007

Kinds Of Fragrance

ရှေ့မှာတုန်းက ရေမွှေးမှာ EDP EDT and EDC ဆိုပြီးသုံးမျိုး ရှိတယ် ဆိုတဲ့အကြောင်း ပြောခဲ့တယ်လေ ရေမွှေး အမျိုးမျိုးရှိတဲ့ အထဲကမှ ဘယ်ရေမွှေးကို သုံးရမှန်းမသိ ဘယ်ရေမွှေး အမျိုးအစားက ပိုကောင်းမယ်မှန်းမသိ မဖြစ်ရအောင် နည်းနည်းလောက်ထပ်ပြောမယ်နော်။


Eau De Perfume

အားလုံး သိကြတဲ့အတိုင်းပါပဲ ရေမွှေးဆီကို အများဆုံး အသုံးပြုထားတဲ့ ရေမွှေးအမျိုးအစား ဖြစ်ပါတယ်။ ဒီရေမွှေးကတော့ တော်တော်လေးကို ကြာကြာရှည်ရှည်လေး ရနံ့စွဲစေပါတယ်။ တစ်ချို့ အမျိုးအစားတွေဆိုရင် ၂၄ နာရီပတ်လုံးတောင် ရနံ့စွဲထင် နေစေပါသတဲ့။ ဒါကြောင့် သိပ်အကုန်အကျမများစေပဲ ကြာရှည်စွာ ရနံ့စွဲကျန်ရစ် စေဖို့ဆိုရင် ဒီလိုရေမွှေးမျိုးက သင့်တော်ပါတယ် ။



Eau De Toilette

ဒီရေမွှေးမျိုးကတော့ ပေါ့ပါးတဲ့ရနံ့မျိုးဖြစ်ပါတယ်။ သိပ်အကြာကြီးမခံပါဘူး ။ တစ်ချို့တွေကတော့ ရေချိုးတဲ့အခါထည့်ချိုးဖို့လောက်ပဲ သုံးတတ်ကြပါသတ။ဲ့ လူချမ်းသာတွေ ဖြစ်မှာပေါ့နော်။ ရေမွှေးကိုတောင်ရေထဲ ထည့်ပြီချိုးတယ် ဆိုတော့။ သူက ရေမွှေးဆွတ်ပြီး ၃ နာရီလောက် အတွင်းမှာ ရနံ့ပျက်ပြယ်တတ်ပါတယ်။ ဒီလိုရေမွှေးမျိုးကို စစချင်း ဖော်စပ်တုန်းကတော့ အလုပ်ထဲမှာပဲဖြစ်ဖြစ် ငြီးငွေ့လာတဲ့အခါ လန်းဆန်းသွားစေဖို့ တစ်တို့ နှစ်တို့လောက် ဆွတ်ပေးဖို့ ရည်ရွယ်ခဲ့တာပါတ။ဲ့ ဒါပေမယ့်လေ နောက်ပိုင်း သတိထားမိ သလောက်ကတော့ ရေမွှေးတွေဟာ EDT တွေပဲဖြစ်လာကြတယ်။ သူကရနံ့စွဲထင်စေဖို့ ခဏ ခဏ ဆွတ်ပေးရတော့ ရေမွှေးအကုန်မြန်တော့လေ ရေမွှေးထုတ်တဲ့သူတွေက သူတို့ရေမွှေးတွေ များများရောင်းကောင်းအောင် လူလည်ကျပြီး ထုတ်တာနေမှာပေါ့နော်။

Eau De Cologne

ဒီရေမွှေးမျိုးကလည်း သိပ်အကြာကြီးမခံပါဘူး ။ သူကပိုပြီးတော့တောင် ခဏ ခဏ ဆွတ်ပေးရသေးတယ။် နပိုလီယံကတော့ ဒီလိုရေမွှေးမျိုးကို သိပ်ကြိုက်တယ်ဆိုပဲ။ ဒါပေမယ့် ရေမွှေးထုတ်တဲ့ သူတစ်ချို့ကတော့ ဒီလိုရေမွှေးမျိုးဟာ Standard ရေမွှေးမျိုး မဟုတ်တဲ့အတွက် သိပ်ပြီးတော့မထုတ်လုပ်ကြတော့ပါဘူး။

ရေမွှေး ကောင်းကောင်းလေးတွေ ရွေးဝယ်နိုင်ကြ ပါစေရှင်။

No comments: