
ကျွန်မတို့ မိန်းမသားတွေမှာ ဖူးရွလှပတဲ့ နုတ်ခမ်းလေးတွေ ရှိနေတတ်ကြတာဟာ သဘာဝက မိန်းကလေးတွေ အတွက်ပဲ သီးသန့်ဖန်တီးပေးထားတဲ့ လက်ဆောင် တစ်ခုဖြစ်ပါတယ်ရှင်။ လူတကာ မူး၊ ရူးလောက်စေတဲ့ အပြုံးတစ်ပွင့်ကို ခြွေပေးတာဟာလည်း ဒီနုတ်ခမ်း လေးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ အသားအရေတွေကို Skin Care လုပ်ပြီး ဂရုစိုက် ပေးကြသလို နုတ်ခမ်းလေးတွေကိုလည်း Lip Care လုပ်ပေးနိုင်ရင် မကောင်းပေ ဘူးလားရှင်။ စိုပြေလှပတဲ့ နုတ်ခမ်းလေးတွေကို ပိုင်ဆိုင်စေနိုင်ဖို့ အချက်အလက် တစ်ချို့ကို ကျွန်မ တင်ပြပေးချင်ပါတယ်။
နုတ်ခမ်းသား အက်ကွဲခြင်းကို ကာကွယ်နိုင်ဖို့
ဆောင်ရာသီမှာ အဖြစ်များတတ်ပါတယ်။ နုတ်ခမ်းတွေ အက်ကွဲလာပြီဆိုရင် တစ်ချို့တွေက လျှာနဲ့ပွတ်နေလေ့ ရှိတတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ ပြသနာကို ပိုလို့ပင် ဆိုးစေနိုင်ပါတယ်ရှင်။ ဒါကြောင့် နုတ်ခမ်းသာ အက်ကွဲတိုင်း ဘယ်တော့မှ တံတွေးနဲ့ စိုစွတ်တာမျိုး မလုပ်ပါနဲ့။ Lip Balm တစ်မျိုးမျိုးကို ဆိုးပေးပါ။ အိပ်ရာဝင်ခါနီး တိုင်းမှာ ဆိုးပေးနိုင်ရင်တော့ နုတ်ခမ်းရဲ့ အစိုဓါတ်ကို ထိမ်းသိမ်းပေးဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်နေချိန်မှာ နုတ်ခမ်းနီ ဆိုးခြင်းကိုလည်း တတ်နိုင်သလောက် ရှောင်ရှားစေချင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ နုတ်ခမ်းနီမှာ ပါဝင်တဲ့ ရောင်ခြယ် ပစ္စည်းတွေကြောင့် နုတ်ခမ်းယားယံခြင်း ဖြစ်စေတတ်လို့ပဲ ဖြစ်ပါတယ်။ နုတ်ခမ်းနီ ဆိုးတော့မယ် ဆိုရင်လည်း Base Coat ကို ဦးစွာဆိုးပေး နိုင်ပါတယ်။ အပြင်တွေဘာတွေ သွားတော့မယ် ဆိုရင်တော့ SPF 15+ လောက်ပါတဲ့ နုတ်ခမ်းနီ မျိုးကို ရွေးချယ် ဆိုးပေးရပါမယ်။
နုတ်ခမ်းသားလေးတွေ အမြဲစိုပြေနေစေဖို့ အတွက်ဆိုရင်တော့ moisturizer lotion တစ်မျိုးမျိုးကို အမြဲဆိုးပေးရမှာပါ။
နုတ်ခမ်းသားလေးတွေ ရဲရဲလေး ဖြစ်နေစေဖို့ အတွက်ကတော့ coriander leaf juice နဲ့ နှိပ်နယ်ပေးရ ပါမယ်။
1 comment:
I could not get any information from ur blog.I expected more lipcaretips
Post a Comment