Thursday, August 9, 2007

Fungus Infections:

ကိုဖိုးဇေရဲ့ အကြံတောင်းချက်အရ ဒီပိုစ့်လေးကို တင်ဖို့စိတ်ကူးရသွားပါတယ်ရှင်။ Fungus Infection ဆိုတာ လူအတော်များများမှ ဖြစ်တတ်ကြပါတယ်။ ပင့်ဂိုလ်းတောင် လက်သည်းမှာ Fungus Infection ဖြစ်လို့ကုလိုက်ရတာ အကျိုးဆက်ကတော့ ခုချိန်ထိ လက်သည်းရှည်ထားလို့ မရတော့ဘူးလေ။ လက်သည်းကို တစ်ချိန်လုံး ဂရုစိုက်ပြီးနေနေရတော့တာပေါ့။ Fungus တွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိသလောက်လေး ဝေငှပေးချင်ပါတယ်ရှင်။

ဆရာဝန်တော်တော်များများမှာတော့ လက်သည်း၊ ခြေသည်း၊ ပေါင်ခြံကြား၊ ခြေ နဲ့ လက်တွေမှာ ဖြစ်တတ်တဲ့ မှိုရောဂါတွေကို ကုသဖို့နည်းလမ်းကောင်းတွေ ရှိပြီးသားပါ။ ဒါပေမယ့်ဆိုးတာ တစ်ခုကတော့ ဒီရောဂါမျိုးဟာ ဆေးတွေနဲ့ သေသေချာချာ ဂရုတစ်စိုက်ကုသပျောက်ကင်း ပြီးတာတောင် ပြန်လည်ဖြစ်ပေါ်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ ဒါကဘာကြောင့်ဖြစ်ရတာလဲ ဆိုတော့ကျွန်မတို့ လူသားအားလုံးမှာရှတဲ့ အားနည်းချက် အားသာချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ချို့လူတွေမှာ ဓါတ်မတည့်ခြင်းတွေကို လွယ်လွယ်ကူကူ ဖြစ်နိုင်ပါတယ်။ တစ်ချို့လူတွေကကျတော့ အအေးမိလွယ်တတ်ကြတယ်လေ။ တစ်ချို့တွေက ကျတော့ အစာအိမ်မကောင်းတာတို့ ဘာတို့ဖြစ်တတ်ကြပြန်ရော။ တစ်ချို့သူတွေမှာကျတော့လည်း လွယ်လွယ်ကူကူနဲ့ မှိုစွဲတဲ့ရောဂါ ရတတ်ကြတယ်လေ။


တစ်ချို့အရွယ်ရောက်ပြီးသူတွေရဲ့ ခြေထောက်တွေ၊ ခြေသည်းတွေမှာ အဖြစ်များလေးရှိတဲ့ မှိုစွဲရောဂါကတော့ မျိုးရိုးဗီဇနဲ့လည်း ဆိုင်ပါတယ်။ သူတို့တွေရဲ့ အရေပြားဟာ မှိုရောဂါပိုးကို အသေမသတ်နိုင်ပါဘူး။ မှိုတစ်ခါစွဲခြင်း ခံရပြီးနောက်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားက မှိုရောဂါပိုးတွေနဲ့ အကျွမ်းတစ်ဝင်ဖြစ်သွားပြီး သူတို့တွေကို သုတ်သင်ရှင်းလင်းဖို့ မကြိုးစားတတ်ကြတော့ပါဘူး။ ကလေးတွေမှာတော့ အသက် (5) နှစ်မတိုင်ခင်လောက်ထိ မှိုစွဲတာ မဖြစ်တတ်ကြပါဘူး။ သူတို့တွေရဲ့ ကိုယ်ခံစွမ်းအားက မှိုရောဂါပိုးတွေကို နှိမ်နှင်းနိုင်လို့ပဲ ဖြစ်ပါတယ်။

မှိုတွေဟာ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်တိုင်းမှာ ရှိနေနိုင်ပါတယ်။ ကြမ်းပြင်ပေါ်မှာ၊ မသန့်ရှင်းတဲ့ နေရာတွေမှာနဲ့ တစ်ခြားလူတွေဆီမှာတောင် ရှိနေနိုင်ပြီး ရှောင်လွဲလို့လည်း မရနိုင်တဲ့ အရာတစ်ခုပါ။ သူကနွေးထွေးစိုစွတ်တဲ့ နေရာမျိုးကို ကြိုက်နှစ်သက်ပြီး အရေပြားရဲ့ တစ်ချို့နေရာတွေကို ပိုပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ မှိုတွေဟာ အရေပြားပေါ်မှာပဲ ဖြစ်ပွားတတ်ကြပြီး ခန္ဓာကိုယ်ရဲ့ အတွင်းထဲထိ ၀င်ရောက်မကူးစက်နိုင်ပါဘူး။ မှိုစွဲသူ အတော်များများ သုံးလေ့ရှိကြတဲ့ Cortisone creams တွေကတော့ ရောဂါကို ပိုလို့ပင် ဆိုးစေနိုင်ပါတယ်။ အဲဒီခရင်မ်ကို ဆက်မလိမ်းတော့ဘူးဆိုရင် အရေပြားပေါ်မှာ အင်ပြင်ထသလို နီလာမယ်၊ နီရာကနေ ယားလာမယ်၊ ပြီးတော့ တစ်နေရာကနေ နောက်တစ်နေရာကို ပျံ့သွားတတ်ပါတယ်။

မှိုရောဂါတွေဟာ ချက်ချင်းဖြစ်ပေါ်တတ်လေ့မရှိပဲ အချိန်အောင်းနေတတ်ပါသေးတယ်။ နောက်အချိန်ကောင်းရောက်တော့မှ သူကရောဂါအဖြစ် ထလာတတ်တာမျိုးပါ။ မှိုတွေစုဝေးဖို့ ဖြစ်နိုင်ချေအများဆုံး နေရာကတော့ ရှုးဖိနပ်တွေ ထဲမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် မှိုတွေကို ဘယ်လောက်ပဲ ပျောက်ကင်းအောင် ကုသ ကုသ ကိုယ်က သန့်ရှင်းစွာ မနေတတ်ရင် နောက်ထပ်ဖြစ်ပေါ်နိုင်တဲ့ အရာမျိုးပါ။ မှိုရောဂါပိုးတွေက ခြေအိပ်တွေ ဘယ်လိုအရောင်၊ ဘယ်လိုအမျိုးအစားမှာမှ စွဲမယ်ဆိုတာမျိုးရှိတာ မဟုတ်ပါဘူး။ ချည်သားတွေ၊ သိုးမွေးထည်တွေ ထဲမှာလည်း ရှိနေနိုင်တတ်ပါသေးတယ်။

မှိုတွေကို 100% ပျောက်ကင်းအောင် ကုသဖို့ဆိုတာကတော့ မဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ ဒါပေမယ့် အကောင်းဆူံးနည်းလမ်းလေးတွေကတော့ ရှိနေပါသေးတယ်။ အခုပြောမယ့် အချက်လေးတွေကတော့ အသုံးဝင်လိမ့်မယ်ထင်ပါတယ်ရှင်။

1. ဆေးဝါးတွေကို ညွှန်ကြားထားတဲ့အတိုင်း သေချာလိုက်နာပြီး သောက်ပေး၊ လိမ်းပေးပါ။ မှိုတွေဟာ မျက်စိနဲ့ မမြင်ရတဲ့ အချိန်တွေထိ ရှိနေတတ်ကြသေးလို့ပဲ ဖြစ်ပါတယ်။
2. မိမိခြေထောက်ကို သန့်ရှင်းစွာထားပါ။ စိုစွတ်မနေပါစေနဲ့။ ခြေအိပ်တွေကိုလည်း လဲပေးပါ။ ပလတ်စတစ်ပါဝင်တဲ့ ဖိနပ်တွေထက်စာရင်၊ လယ်သာကောင်းတဲ့ သားရေ ဖိနပ်တွေကို ၀တ်ပေးပါ။
3. ဖိနပ်စီးတဲ့ အခါမှလည်း အရမ်းကျပ်တာမျိုး၊ ချောင်တာမျိုးဖြစ်မနေတဲ့ ကိုယ်နဲ့တော်တဲ့ ဖိနပ်မျိုးကိုသာ စီးပေးပါ။
4. Lotrimin or Lamisil ပါဝင်သော anti-fungal cream များကို အသုံးပြုပေးပါ။ ခြေသည်းတွေ လက်သည်းတွေမှာ အနည်းဆုံး တစ်နေ့နှစ်ကြိမ်ခန့် လိမ်းပေးနိုင်ပါတယ်။
5. ခြေဗလာနဲ့ ဘယ်တော့မှ လမ်းမလျှောက်ပါနဲ့။ အထူးသဖြင့် သတိထားရမယ့်နေရာတွေကတော့ bathrooms, locker rooms, gyms, carpet,public bathing areas အစရှိတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။
6. ခြေသည်းတွေကို တိုတိုလေးပဲ ထားပါ။ ရောဂါဖြစ်နေတဲ့ ခြေသည်းနဲ့ သာမန်ခြေသည်းတွေမှာ ခြေသည်းညှပ်ကို တစ်ခုတည်း အသုံးမပြုမိပါစေနှင့်။
7. ရောဂါရှိနေတဲ့ မိသားစုဝင် အချင်းချင်းပဲ ဖြစ်ဖြစ်၊ အရမ်းရင်းနှီးတဲ့ မိတ်ဆွေ အချင်းချင်းနဲ့ပဲ ဖြစ်ဖြစ် လက်ပွန်းတတီး မနေမိပါစေနဲ့။
8. Zeasorb-AF လိုမျိုး anit-fungal powder ကို ဖိနပ်ထဲကို ထည့်ပေးပါ။ ဒါမှ မှိုတွေ အောင်းမနေနိုင်မှာ ဖြစ်ပါတယ်။
9. ဟောင်းနေပြီဖြစ်တဲ့ ရှုးဖိနပ်တွေ၊ ဘွတ်ဖိနပ်တွေ၊ တစ်ခြားဖိနပ်တွေကို မစီးပါနဲ့။ ကိုယ်ဖြိနပ်ကို တစ်ခြားသူတွေနဲ့လည်း ရှယ်ယာလုပ်ပြီး မစီးမိပါစေနဲ့။
10. မှိုစွဲတဲ့ရောဂါ တစ်ကြိမ်ဖြစ်ဖူးပြီဆိုရင် ပေါင်ခြံလိုနေရာမျိုးကို သေချာသန့်ရှင်းအောင် ထားရပါမယ်။ အဲဒီနေရာတွေကို ဆပ်ပြာနဲ့ သေချတိုက်၊ 5 မိနစ်ခန့်အမြှပ်လေးတွေနဲ့ထားလိုက်၊ ပြီးမှသေချာစင်အောင် ဆေးကြောတာမျိုးကို တစ်လနှစ်ကြိမ်ခန့် လုပ်သင့်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကိုယ်က မှိုစွဲတတ်ရင် ဆေးကြိုတင်သောက်ထား၊ ဆောင်ထားတာမျိုးလုပ်သင့်ကြောင့် တင်ပြလိုက်ရပါတယ်ရှင

No comments: