Friday, August 10, 2007

Hugging is.!

ဒီစာလေးကို မဖတ်ခင် ကျွန်မကြိုပြောချင်တာ တစ်ခုကတော့ ဒီစာလေးကို Medical ရှုထောင့်ကနေ ဖတ်ကြဖို့ဖြစ်ပါတယ်။ ရောက်တတ်ရာရာ ပေါက်တတ်ကရ ရေးတာတော့ မဟုတ်ပါဘူးရှင်။ နာမည်ကြီး Chicken Soup For The Soul စာအုပ်က Virginia Satir ရဲ့စာလေးကို ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ လက်တွေ့ဘ၀မှာလည်း တစ်ကယ်အသုံးဝင်တဲ့ အကြောင်းအရာလေး တစ်ခုဖြစ်လို့ ကျွန်မသူငယ်ချင်းတွေကိုလည်း ဖတ်စေချင်တယ်လေ။ လူတိုင်းမဟုတ်တောင် တစ်ချို့တော့ ဖတ်ဖူးကြလိမ့်မယ်ထင်ပါတယ်။ နာမည်ကြီး စာအုပ်ထဲမှာပါတဲ့ article လေးတစ်ခုဖြစ်တဲ့ အတွက်ကြောင့်လေ။ ကဲအခုကျွန်မ ပွေ့ဖက်ခြင်း အကြောင်းလေးကို ပြောပြပြီး သူ့ရဲ့အကျိုးသက်ရောက်မှုလေးတွေကိုပါ ဖော်ပြပေးမယ်နော်။ Professional Translator တစ်ယောက် မဟုတ်တော့ ဖတ်ရတာ ထောက်ထောက်ဖြစ်နေရင် နားလည်ခွင့်လွတ်ပေးကြဖို့ တောင်းပန်ပါရစေ.....


ပွေ့ဖက်ခြင်းဟာ ကျန်းမာရေးအတွက်ကောင်းပါတယ်။ စိတ်ဓါတ်ကျခြင်းကို ကုသပေးနိုင်ပြီး၊ စိတ်ဖျစီးမှုကိုလည်း လျော့ပါးအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ပွေ့ဖက်ခြင်းကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို ဖြေစ်စေတတ်သလို လူကိုအားအင်တစ်ရပ်ပေးပြီး လန်းဆန်း နုပျိုတက်ကြွမှုတွေကိုပါ တစ်ပါတည်းပေးစွမ်းနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အတွက် တစ်ကယ်ကို အံ့မခန်းတဲ့ ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။

တစ်ကယ်တော့ ပွေ့ဖက်ခြင်းဆိုတာ သဘာဝလွန်တဲ့အပြုအမူတစ်ခုတော့ မဟုတ်ပါဘူး။ ချိုမြန်တဲ့ခံစားမှုကို ဖြစ်ပေါ်စေတယ်၊ ဇီဝဖြစ်စဉ်နဲ့ညီညွတ်တယ်၊ artificial ingredient တွေလည်းထည့်စရာမလိုတဲ့အပြင် ညစ်ညမ်းတဲ့ အရာတစ်ခုလည်း မဟုတ်တာ အသေအချပါပဲ။ ပွေ့ဖက်ခြင်းက နွေးထွေးမူကို ပေပြီး ကျန်းမာရေးနဲ့လည်း ရာနှုန်းပြည့် ညီညွတ်စေပါတယ်ရှင်။

ပြီးတော့ ပွေံဖက်ခြင်းဟာ စံထားလောက်တဲ့ လက်ဆောင်တစ်ခုဖြစ်ပြီး ဘယ်လိုပွဲလမ်းသဘင်၊ ဘယ်လိုအခမ်းအနား နဲ့မဆိုသင့်တော်တဲ့ အရာတစ်ခုပါ။ ပေးတဲ့သူအတွက်ရော လက်ခံသူအတွက်ပါ ကြီးမားတဲ့ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။ သင့်ရဲ့ ဂရုစိုက်မှုတွေကို ထင်ဟပ်ပေါ်လွင်စေပြီး တန်ပြန်အကျိုးသက်ရောက် မှုကိုလည်း မလွဲမသွေရရှိလာမှာပါ။ တစ်ကယ်တော့ လှိုက်လှဲ စစ်မှန်တဲ့ ပွေ့ဖက်ခြင်းဟာ သဘာဝအလျောက် ပြီးပြည့်စုံတဲ့ အရာတစ်ခုပါ။ အားသွင်း အာဖြည့် လုပ်စရာမလိုဘူး၊ ရန်သူမျိုးငါးပါးရန်ကို တွေးပူနေစရာမလိုဘူး၊ လစဉ်ပေးဆောင်ရတဲ့ အခွန်တွေ ဘေလ်တွေဆောင်စရာလည်း မလိုဘူးလေ။

အဲဒီ ပွေ့ဖက်ခြင်းဟာ megical power တွေနဲ့ပြည့်စုံနေပေမယ့် ကျွန်တို့တွေ လက်တွေ့မှာ အသုံးနည်းတဲ့အရာတစ်ခုဖြစ်လို့ နေပါတယ်။ ကျွန်မတို့တွေသာ ရင်ထဲကခံစားချက် အစစ်အမှန်နဲ့၊ နွေးထွေးလှိုက်လှဲစွာ ပြုလုပ်ပေးနိုင်ရင် တစ်ခြားသူတစ်ယောက်ကိုလည်း တူညီတဲ့ ခံစားချက်တွေ လုပ်ဆောင်ချက်တွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ဘ၀ သင့်ပတ်ဝန်းကျင် ထဲမှာရှိနေတဲ့ လူတစ်ချို့ ကိုစိတ်ကူးထဲ တွေးကြည့်လိုက်ပါ။ သင့်မှ သူတို့တွေကို ပြောစရာ တစ်စုံတစ်ရာများရှိနေလေမလား။ ဒါမှမဟုတ် သင်အားပေးနှစ်သိမ့်ချင်တဲ့ လူတစ်ယောက်များရှိနေမလား။ ဒါပေမယ့် သင်ဟာ အဲဒီလူရဲ့ ဖွင့်ဟတောင်ခံလာမှုကို မချင့်မရဲ မျှော်လင့်နေသူလား။ စောင့်မနေပါနဲ့၊ ခုချက်ချင်းပဲ သူ့ကို ပွေ့ဖက် အားပေး နှစ်သိမ့်လိုက်ပါ။

"We need four hugs a day for survival, eight hugs for maintenance, twelve for growth"

Charle's Farnone

Medical ရှုထောင့်ကနေ ဖတ်လို့ပြောပြီးသားနော်......

No comments: