
ဟိုးရှေးရှေး တုန်းကတော့ ၀မှလှတယ် ဆိုတဲ့ အယူအဆတွေ ရှိခဲ့ကြပါတယ်။ မှန်တော့လည်း မှန်ပါတယ်ရှင်။ ၀၀ လေးကလည်း ချစ်စရာ ကောင်းနေတာကိုး။ ဒါပေမယ့် ကျွန်မပြောပြောနေတဲ့ ဖက်ရှင်ရေးစီးကြောင်း ပြောင်းလဲမှုကြောင့် ခုခေတ် ခုချိန်ခါမှာတော့ ပျိုပျို အိုအို၊ ကိုကို မမ တိုင်းက Slim ဖြစ်အောင် ကြိုးပမ်းအားထုတ် နေကြတယ် မဟုတ်လား။ ပိန်မှလှတဲ့ ခေတ်ရောက်ပြီပေါ့ရှင် (ပင့်ဂိုလ်းတို့လို ပိန်သွယ်ာလေးတွေ အတွက် ဂုဏ်ယူစရာပေါ့.. ခစ်ခစ်).. ၀လာမှာကို ကြောက်လို့ လေ့ကျင့်ခန်းတွေ လုပ်ကြ၊ အစားအသောက်တွေ လျှော့စားကြနဲ့ အချိန်တစ်ခုပေးပြီး အလုပ်တစ်ခုလို လုပ်လာတတ်ကြ ပြန်တယ်လေ။ ဒီတော့ ပိန်ပိန် သွယ်သွယ် မော်ဒယ်လ်လေး တွေလို လှချင်ကြတဲ့ သူတွေကို ပင့်ဂိုလ်းလည်း တစ်ဖက်တစ်လမ်းက ကူညီပေးချင်ပါတယ်။ ပိန်စေဖို့ ရှာဆွေထားတဲ့ အချက်အလက် (20) လောက်ကို ရေးသား တင်ပြပေးပါ့မယ်ရှင်။ သိပြီးသားတွေ ပါနိုင်သလို.. မထင်မှတ်ထားတဲ့ အချက်လေးတွေကိုလည်း တွေ့နိုင်မှာပါရှင်။ ပင့်ဂိုလ်းရဲ့ ရေးသားချက်တွေ မပြည့်စုံ မလုံလောက်ရင်လည်း သည်းခံပြီးတော့ ဖတ်ပေးပါနော်။ ပင့်ဂိုလ်းလည်း ဟိုက ဒီက ရှာဖွေ ပေါင်းစပ် ထားတာကိုးရှင့်။ ကဲ… လာပါပြီ…
1. အစားစားတိုင်းမှာ သစ်သီး နှစ်လုံးခန့်ကို ရောပြီး စားပေးပါ။ ဒါမှ အစားအသောက်တွေ စားလို့တိုးလာမယ့် အဆီတွေကို သစ်သီးစားပြီး ဗိုက်ဝသွားခြင်းက လျော့ကျသွား စေမှာဖြစ်ပါတယ်။
2. မနက်စာကို စားဖြစ်အောင် စားပါ။ နေ့လည်စာနဲ့ ပေါင်းစားတာမျိုး မလုပ်ပါနဲ့။
3. Snack တစ်မျိုးမျိုးကို 4 နာရီကြာ တစ်ခါစားပေးပါ။ (try oranges, apples, pretzels, string cheese).
4. အစာစားချိန်ကိုလည်း မှန်မှန်ကန်ကန် သတ်မှတ်ပြီး စားသောက်ပါ။
5. အစားအသောက် စားတဲ့အခါမှာလည်း ထမင်း၊ ဟင်း နဲ့ တစ်ခြားသော အရာများကို အချိုးမျှအောင် စားသောက်တတ်ဖို့ လိုပါတယ်။ (1/2 cup of rice is the size of your fist, an ounce of cheese is a large marble; a 3-ounce serving of meat is a deck of cards. Divide your plate: 3/4 with vegetables, grains, beans and fruit; 1/4 with extra-lean meat or low-fat dairy products.) အဲဒါကတော့ ဥပမာ အနေနဲ့ ပြထားတဲ့ စံအစား အသောက်ပုံစံ တစ်ခုဖြစ်ပါတယ်။
6. တစ်ကယ် စားချင်စိတ်ဖြစ်ပေါ် လာမှ စားသောက်ပါ။
7. ရေများများ သောက်ပေးပါ။ နှစ်နာရီခြား တစ်ခါလောက် သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ရေသောက်ခြင်းကြောင့် ဗိုက်ပြည့်ပြီး အစာ ခဏ ခဏ စားချင်စိတ်ကို မဖြစ်ပေါ်စေတော့ ပါဘူး။
8. ဖြည်းဖြည်းနဲ့ ပုံမှန် စားသောက်ပါ။
9. တစ်နေ့ကို ကယ်လိုရီ 100 ခန့်လောင်ကျွမ်း စေပါ။ သိကြားလုံလိုမျိုး ချောကလက် လိုမျိုးကို စားမယ့်အစား ငှက်ပျော်သီး လိမ္မော်သီး အစရှိတာတွေကို များများ စားပေးပါရှင်).. ဒီနေရာမှာ ပြောချင်တာက ငှက်ပျောသီးစား ရင်ဝတာမဟုတ်ပါဘူး။ အားရှိတာပါ။ ဒါကြောင့် ပိန်ချင်သူတွေဟာ အားရှိရှိနဲ့ ပိန်စေအောင် မစားမသောက်ပဲ နေမယ့်အစား ငှက်ပျော်သီးများများ စားပေးနိုင်ပါတယ်။
10. ဟင်းသီ ဟင်းရွက်တွေ ၀ယ်တဲ့အခါမှာလည်း အသင့်လှီးပြီးသာ တွေကိုဝယ်ယူနိုင်ပါတယ်။ ဒါမှ စားဖို့သောက်ဖို့ လုပ်တဲ့အခါ ကရိကထ မများတော့ပဲ လိုလိုချင်ချင် စားသောက်နိုင်မှာပေါ့။
11. အာလူးကြော်၊ ဒိုးနပ် အစရှိတဲ့ အစားအစာ မျိုးကို ရှောင်ပါ။
12. ပြီးတော့ ချက်ပြုတ်နေစဉ် အမြည်းသဘောမျိုး စားသောက်တာတို့ မလုပ်ပါနဲ့။ မြည်းချင်ရင်လည်း နည်းနည်းလေးသာ အပေါ့အငန်မြည်းပြီး ရပ်ထားလိုက်ပေါ့နော်။
13. အရက်တွေ၊ ဘီယာတွေ သောက်ခြင်းကို အတိုင်းအတာနဲ့ သောက်ပါ။
14. အစာစားပြီးတိုင်း သွားတိုက်ပါ။ (သူကတော့ ပြောထားတာပဲ ပိန်တာနဲ့ ဘယ်လိုသက်ဆိုင်လဲ ဆိုတာ ပင့်ပင့်လည်း ရှာတုန်း)
15. ပဲများများ စားပေးနိုင်ပါတယ်။
16. အစပ်တွေလည်း စားပေးနိုင်ပါတယ်ရှင်။
17. နေ့တိုင်း အစားအသောက် အသစ်တွေ ပြောင်းစားကြည့်ပါ။ နေ့တိုင်း ဒါချည်းပဲ စားနေစရာ မလိုပါဘူး။ ဒါမှ diet လုပ်ရတာက ငြီးငွေ့စရာ မကောင်းတော့မှာလေ။
18. ချဉ်စပ် ဟင်းချိုလို soup မျိုးကိုတော့ စဉ်းစားနေစရာ မလိုပဲ မှာယူ စားသောက်သင့်တဲ့ မရာတစ်ခုပါ။
19. အစားအသောက်တွေ စားတဲ့အခါမှာလည်း ဟင်းသီးဟင်းရွက်လိုမျိုး အဆီနည်းတဲ့ အစားအသောက် တွေကိုသာ မှာယူ စားသောက်ပါ.
20. စားချင် သောက်ချက်စိတ်ကို ထိန်းချုပ်ပေးနိုင်ပြီး အားအပြတ်စေနိုင်တဲ့ ဆေးတစ်မျိုးမျိုးကိုလည်း ဆောင်ထားနိုင်ပါတယ်ရှင်။
5 comments:
ဒီပိုစ့်လေးအတွက် ကျေးဇူးပါဗျာ။ ၀ိတ်လျော့မလို့ ကြိုးစားနေတာ တော်တော်ကြာပြီ။
ဟုတ်ကဲ့ ကိုဇင်ကိုလတ်ရေ. ကျွန်မရဲ့ ဒီပိုစ့်လေးကို နှစ်သက်တာ ကျေးဇူးပါရှင်။ အကိုက ဘယ်လောက်ဝမှန်း မသိပေမယ့် မြန်မြန် ၀ိတ်ကျနိုင်ပါစေရှင်။
ဟင်.. ဇင်ကိုအလတ်ကများ ပြောရသေး။
ဒီလို ပြည်သူ့အကျိုးပြုစာတွေ များများရေးနိုင်ပါစေ ပင့်ဂိုးလ်ရေ
ပင့်ကူလေး.. အဟီးး ဇင်ကိုလတ် သိပ်မ၀ပါ .. ကလေး ၃လလောက်လွယ်ထားတဲ့ ဗိုက်လေးပဲ ရှိတာ အဟား ။
၁၉ ချက် သိပ်ကောင်းတယ် ။ ဒါပေမယ့် နောက်ဆုံးအချက်လေးကို သိပ်တော့ ခံတွင်းမတွေ့  ။
ကိုယ်စားနိုင်သမျှစားပြီး ပြန် လေ့ကျင့်ခန်းလုပ်ပေးရင်လည်း ၊ မ၀တော့ပါဘူး ။ အစားအသောက် ကြည့်စားတာရော.. လေ့ကျင့်ခန်းရောပေါင်းရင် ၀ိတ်တွေ တဟုန်ထိုးကျမှာ ။
ညီမ ပန်းရောင်လေးကတော့ မလို မလိုး)ပိန်၂ပါး၂ မော်ဒယ်ဆိုဒ်လေး ဖြစ်ပြီးသားး)
အစ်မ
ညီမသိချင်တာက ဖတ်လိုက်တိုင်း ပိန်အောင်လုပ်တဲ့ နည်းတွေဘဲ တွေ့နေရတယ်။ ၀အောင်လုပ်တဲ့ နည်းလေးများသိရင် ပိုစ့်တင်ပေးစေချင်ပါတယ်။ ၀ချင်လို့ပါ။ နောက်ပြီး မိန်းကလေးတစ်ယောက်ကြည့် ကောင်းတဲ့ကိုယ်လုံးအချိုးအစား ဖြစ်အောင်ဘယ်လို့ လုပ်ရမလဲ။ အားပေးနေပါတယ်။ :)
Post a Comment