ရတနာပုံပွဲပြီးတော့ နောက်နေ့ကို သူငယ်ချင်းတွေနဲ့ မေမြို့တက်ဖြစ်တယ်။ မေမြို့က မပြောင်းလဲဘဲ လှဆဲပါပဲ။ 2005 ခုနှစ်လောက်က ရောက်ဖူးခဲ့တဲ့ မေမြို့မှာ ခုချိန်မှာလည်း ဘာမှကို မပြောင်းလဲသေးပါဘူး။ကျွန်မတို့သွားတဲ့ အချိန်မှာတော့ အမျိုးသားကန်တော်ကြီး ဥယျဉ်က ပန်းပွဲတော် ပြီးခါစ အချိန်မို့ အလှဆင်ပန်းတွေ၊ သဘာဝ ပန်းတွေနဲ့ တော်တော်ကြီးကို လှနေပါတယ်။ အချိန်ကလည်း သိပ်မရတော့ ကျွန်မတို့တွေ ကန်တော်ကြီးရယ်၊ မဟာအံထူးကံသာ ဘုရားကြီးရယ်၊ ပွဲကောက် ရေတံခွန်ရယ်ကိုပဲ နည်းနည်းပါးပါးလည်ပြီး ပြန်ခဲ့ကြပါတယ်။ ဈေးဝယ်တာတောင် အချန် 15 မိနစ်ပဲပေးလိုက် ဖုတ်ပူမီးတိုက် ၀ယ်ခဲ့ရတယ်။ အဖေအတွက်ရယ်၊ အဘွားအတွက်ရယ်၊ ညီမလေးအတွက်ရယ်၊ အဒေါ်အတွက်ရယ်၊ နောက်တစ်ယောက် အတွက်ရယ်။ ကိုယ့်အတွက်တောင် ဘာမှ မရလိုက်ဘူး.... စိတ်နာတယ်။ အဲဒါနဲ့ ညနေရန်ကုန်ပြန်ဖို့ ကားအချိန်မမီမှာ စိုးလို့ စောစောပဲ ပြန်ဆင်းလာခဲ့တယ်။ မေမြို့ဟာ သဘာဝ အလှတာရားတွေနဲ့ မပြောင်းမလဲ လှနေတုန်းပါပဲရှင်။
မဟာအံ့ထူးကံသာ ဘုရားကြီး

ကန်တော်ကြီးထဲမှာ

လှတယ်နော်.. အနောက်က ရှုခင်းလေ...

အနောက်က ၀က်ဝံရုပ်က ပန်းတွေနဲ့ လုပ်ထားတာလေ။ တော်တော်မိုက်တယ်

အနောက်က Air Bagan လေယဉ်ကြီးကိုလဲ ပန်းတွေနဲ့ လုပ်ထားတာပဲ

လောလောဆယ်တော့ ပုံတွေ ဒီလောက်ပဲ ရှိသေးတယ်။ ဟို မောင်လေး DJ Wine ဆီက ပုံတွေထပ်ရောက်လာမှ ရေတံခွန်က ပုံတွေ တင်ပေးအုံးမယ်။ ဘလောဂ့်ရောက်လာ မိတ်သဟာတွေကို အမြင်နဲ့ နှိပ်စက်ရတာပေါ့ရှင်။
4 comments:
မိုက်တယ်...လန်လာတယ်...ပိုပိုလည်းလန်းလာတယ်
ပန်းရွှေကိုပြောတာနော် :P
ဟင့်...လွမ်းသွားပြီ..။ ပြင်ဦးလွင်နဲ့ချစ်ချစ်ကို...။ သူနဲ့အတူသွားခဲ့တဲ့နေရာလေးတွေ :(
အေးကွာ... ပုံတွေက တကယ်လှတယ်။ ရှုခင်း ရှုခင်း... အဟဲ...
ပျော်စရာကြီးဗျာ တခါရောက်ဖူးပေမဲ့ အခုပုံတွေကြည့်ပြီး ထပ်တောင် သွားချင်စိတ်
တောင်ပေါက်တယ်ဗျာ
Post a Comment