Saturday, December 6, 2008

အမုန်းကိစ္စ ဒဿမများ.....

ဘလောဂ့်ရောက်မဆိုက် (ခရီးရောက်မဆိုက်လို ပြောကြည့်တာ). ကိုရန်အောင်က တက်ဂ်လုပ်လိုက်ပြန်ပါပြီ။ အော်သွားသေးတယ် အားအောင် လုပ်ပြီး ရေးနော်တဲ့..။ တနင်္လာနေ့ကို ပြင်ဦးလွင်က ရတနာပုံ ပွဲကိုသွားရတော့မှာ.. 18 ရက်နေ့မှ ရန်ကုန်ကို ပြန်ရောက်မှာဆိုတော့ ဒီကြားထဲ.. အားအောင်လုပ်ပြီး ရေးလိုက်ပါတယ် ကိုရန်အောင်ရေ..။

ကျွန်မစာမေးပွဲခွင့် မသွားခင်ကတည်းက အမုန်းဆုံး 10 ချက်ကို ဘလောဂ့်ဂါတွေ တဂ်နေကြ ရေးနေကြတာကို တွေ့ရပါတယ်။ ကျွန်မအလှည့်ကတော့ ခုမှရောက်တာပေါ့လေ။ ကျွန်မလည်း သူများတွေ ဘာရေးထားသလဲဆိုတာ ဖတ်နိုင်သလောက်တော့ သွားဖတ်ကြည့်ပါသေးတယ်။ တစ်ချို့တွေကျတော့လည်း မုန်းတာကို ရေးသလိုလိုနဲ့ ကိုယ့်ဂုဏ်ကိုယ် ဖော်နေကြသလိုပဲ (ကျွန်မထင်တာနော်.. အတည်မပြောဘူး)။ ကဲ.. ကျွန်မရော ကိုယ့်ကိုကိုယ် ဘယ်လိုအချက်တွေကို မုန်းမိပါလိမ့်လို့ သေချာပြန်တွေးရသေးတယ်။ အပြစ်ရှာရတာ တော်တော်တော့ ခက်သားလားရှင်။ ကဲ လာပါပြီ.. မုန်းဖို့အကြောင်း တစ်စေ့တစ်စောင်း....

  1. တစ်ခါတစ်လေ ဘာကိုဘ၀င်မကျဖြစ်လို့ ဖြစ်နေမှန်း မသိတဲ့ စိတ်ကိုမုန်းတယ်။ (တစ်ကယ်ပြောတာ ဘာဖြစ်နေမှန်းကို မသိဘူး တစ်ခါတစ်ခါ။ လူတွေကို ဒေါသတွေလျှောက်ထွက်၊ စိတ်တွေတို၊ အလိုလိုနေရင်း သူများတွေကို လိုက်အပြစ်ရှာနဲ့ တော်တော်ကိုဆိုးတဲ့ ပင့်ဂိုလ်းပါရှင်။
  2. စိတ်အခန့်မသင့်ရင် မသင့်သလို ပက်ခနဲ ပြန်ပြန်ပြောတတ်တာကိုလည်း မုန်းမိတယ်။ အပြင်မှာကော၊ ဂျီတော့ပေါ်မှာကော အဲလိုပဲ။ အလုပ်ထဲမှာ စိတ်မကြည်ဖြစ်နေတဲ့အချိန်နဲ့ လာစကြတဲ့သူတွေနဲ့များ တိုးလို့ကတော့ ဘုကို ပြန်ပြန်တောတာ.. ဒါနဲ့ ပင့်ဂိုလ်းက စွာတယ်ဖြစ်သွားရော။ တစ်ကယ်က မစွာရပါရှင်။ အရမ်းသဘောကောင်းတာ မယုံရင် တွေ့ဖူး ပေါင်းဖူးတဲ့သူတွေကို မေးကြည့်။
  3. တစ်ခါတစ်လေ ကိုယ့်ကိစ္စကလွဲရင် ဘယ်သူ့ကိစ္စမှ အရေးမကြီးဘူးလို့ ထင်နေတတ်တာလည်း မကောင်းတဲ့ အကျင့်ပဲ။ ဒါကိုလည်း ဖျောက်ရမယ်။ ဒါပေမယ့် ဖြစ်ခဲပါတယ်။ တော်တော်ကြီးကို ဖြစ်ခဲတယ် ဒါမျိုးက။ ကျွန်မက လူတွေကို ကူညီတတ်ပါတယ်ရှင့်။
  4. နဂိုအားငယ်တတ်တဲ့စိတ်နဲ့၊ တော်တော်ကြီးကို စိုးရိမ်တတ်တဲ့ အဖြစ်ကို မျက်နှာထား တင်းတင်းနဲ့ ဟန်ဆောင်ဖုံးကွယ်တတ်တဲ့ ကိုယ့်ကိုကိုယ်လည်း မုန်းတယ်။ ဒါကြောင့်လည်း ရွှေထက်ဆိုတာ တော်တော်အကြောတင်းပြီး ကြီးကျယ်တဲ့ မိန်းမလို့ အပြောခံရတာလေ .. ဟား ဟား လို့တောင် ရီလိုက်ချင်သေးတယ်။
  5. ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေတတ်တာကိုလည်း မုန်းတာပဲ။ ဘယ်ကိစ္စမဆို ငါ လုပ်ရင် ဖြစ်တယ်ဆိုတဲ့စိတ်က လူကိုတော်တော်လေးကို ပင်ပန်းစေတယ်။
  6. အလုပ်တွေကို ဘယ်တော့မှ သေသေသပ်သပ်နဲ့ ပြီးအောင် မလုပ်ဘူး။ ပြီးတော့ ပြီးသွားတယ်.. အစဖွာတယ်။ ဒါကိုလည်း တစ်ဖြည်းဖြည်းတော့ ပြင်နေပါတယ်။ ခုတောင် နည်းနည်းတိုးတက်လာပြီ :)
  7. တစ်ချို့ကိစ္စတွေကို တော်တော်ခံစားတတ်တာကို မုန်းတယ်။ နေမကောင်းတွေ ဘာတွေ ဖြစ်တဲ့အထိကို ပက်ပက်စက်စက် ခံစားတတ်တာ။ ထိ ခိုက် ရှ လွယ်သူရယ်ပါ... (အောင် မြတ် လေး လို့တော့ မအော်လိုက်ကြပါနဲ့)။ ဒါပေမယ့် တစ်ချို့ကိစ္စများကိုကျတော့လည်း အသဲနှလုံး မရှိသလိုပဲ တုပ်တုပ်မှကို မလှုပ်တာ။ စိတ်က မမှန်ဘူးလေ..။
  8. တစ်ခါတစ်ခါ လုပ်ရမယ်၊ လုပ်မှဖြစ်မယ်ဆိုတာကို သိနေရက်နဲ့ မလုပ်ပဲ ပေနေတာ။ ပင့်ဂိုလ်းလည်း မိန်းကလေးပေမယ့် တော်တော်ပေတဲ့ အထဲမှာ ပါတာနော်။ မယုံမရှိနဲ့ :)..
  9. လူတွေကို ယုံလွယ်တတ်တဲ့ အကျင့်၊ သနားတတ်တဲ့ အကျင့်ကလည်း မကောင်းဘူးရှင်။ အသနားလွန်လို့ တစ်ခေါက် ပက်ပက်စက်စက် ခံလိုက်ရဖူးတယ်။ နောက်ဆို လူတွေကို ကြည့်ပေါင်းရတော့မယ်။
  10. ကိုယ့်ကိစ္စထက် သူများကိစ္စကို ဦးစားပေးတတ်တဲ့ အကျင့်ကိုလည်း မုန်းမိတယ်။ နံပါတ် 3 မှာတော့ သူများကိစ္စတွေကို အရေးမကြီးဘူးလို့ ထင်နေတတ်တယ်လို့ ရေးခဲ့သေးတယ်။ ကျွန်မက အကျင့်နှစ်မျိုးလေ..ပုံမှန်အတိုင်းဆိုရင်တော့ ကိုယ့်ကိစ္စကို ဘေးဖယ်ပြီး သူများ ကိစ္စကို တော်တော်လိုက်လုပ်ပေးတတ်တာ။ ပုံမှန်အတိုင်း မဟုတ်ရင်တော့ လှည့်ကိုမကြည့်တတ်ဘူးပေါ့.. ဟား ဟား။
ကဲ ဖြစ်ညှစ်ရေးလိုက်တာ 10 ချက်တော့ ပြည့်သွားပါပြီ။ ကိုယ့်အပြစ်ကိုယ်ရှာရတာ တော်တော်တော့ ခက်တာပဲ။ ဒီလိုနဲ့ ကိုယ်ချင်းစာလို့ ဘယ်သူ့ကိုမှ မတဂ် တော့ပါဘူးရှင်။


14 comments:

mm thinker said...

အိမ်း

ဆိုက်ကို အထူးပြုနဲ့တော့ ပြဖို့လိုအပ်နေပြီ။

:)

Unknown said...

ဒီအဆိုကိုထောက်ခံပါတယ်
သူများကို အပြစ်မြင်တာ နည်းနည်းများနေတယ်
သတိထားသင့်တယ်

strike said...

နံပါတ်(၂)ထဲကလိုဆိုရင်တော့ပေါင်းကြည့်ဖို့တော့လိုလာပြီ။
အသဲနှလုံး မရှိသလိုပဲ တုပ်တုပ်မှကို မလှုပ်တာ....အဲ့လိုမျိုးလည်းမဖြစ်ရဘူးနော်။
အသနားလွန်လို့ တစ်ခေါက် ပက်ပက်စက်စက် ခံလိုက်ရဖူးတယ်....ဘယ်လိုလဲဟင်။
Tag တာဟုတ်ဖူးနော်

JulyDream said...

ကိုသင်ကာ ပြောတာကို နားထောင်လိုက် ပင့်ဂိုးလ်ရေ... လူကြီးစကား နားထောင် မမှားဘူးကွဲ့။ အဟက်...

Pinkgold said...

အမလေးလေးနော် .. သူများကို သမဖို့ တက်လာလိုက်တဲ့ comment တွေ.. ကိုသင်ကာ ပြောတာကို လိုက်လုပ်ရမှာပေါ့ ကိုဂျူလိုင်ရဲ့ လုပ်အုံးမှာ.. ဟီး

Yan said...

ဟုတ်တယ် ပင့်ဂိုးလ်ရေ...

ပါဆင်နယ်လတီ နှစ်မျိုးဖြစ်နေပြီ။ ပင့်ဂိုးလ်နဲ့ ပိုးလ်ဂင့်...

ဟတ်ဟတ်ဟတ်..

ရေးပေးတာကျေးဇူးဗျာ.

အခုလိုမျိုး အမြန်ဆုံးရေးပေးတဲ့အတွက်ကြောင့် ရည်ရွယ်သူနဲ့ နီးစပ်နိုင်ပါစေဗျားးးးးးးးး

အပ္ပမာဒေန သမ္မာဒေထ...

မကောင်းတဲ့သူတွေကိုလည်း သတိထားလို့ ပါဠိလို ပြောကြည့်တာ. ဟတ်ဟတ်ဟတ်.


ခင်တဲ့

ရန်အောင်

strike said...

Pinkgold said...
အမလေးလေးနော် .. သူများကို သမဖို့ တက်လာလိုက်တဲ့ comment တွေ."""

မဟုတ်ရပါဘူး ညလေးရယ်၊ညလေးပြန်လာလို့ အဘတို့က၀မ်းသာပြီး Commentပေးတာပါ၊ဟိုလိုမျိုးမတွေးရဘူးနော်။

Pinkgold said...

ဟုတ်ကဲ့ပါ ဘဘ strike ရယ်.. မတွေးပါဘူး.. မီးကလည်းလေ ပျော်စေ ပြက်စေ ကလက်စေ ရေးလိုက်တာပါရှင့်..

အနော် said...
This comment has been removed by a blog administrator.
strike said...

snow ရယ် ညီလင်းဆက် ကိုမကြိုက်ရင်လည်း သူ့ဆီသွားပြောပေါ့ဗျာ။ကိုယ့်လူမျိုး မြန်မာမိန်းကလေး ကိုညစ်တီးညစ်ပတ်တော့မပြောပါနဲ့ဗျာ။
နေရင်းထိုင်ရင်းဆဲချင်နေရင် ကိုယ့်ကိုဆဲ ဟုတ်ပြီလား။

Anonymous said...

အော အမုန်းတွေ နဲ့ ဒဿနတွေ အတော်များနေပါ့လား..

Anonymous said...

ညီမရေ.. ဒဿမ တွေ လာဖတ်သွားတယ်

flowerworld said...

သယ်ရင်း..နင်ဆိုင်ကိုဘယ်တုန်းကဖြစ်သွားတာလဲကွာ မထင်ရဘူးနော်..ဟိဟိ
မျက်နာကျောမာတယ်တဲ့လား စိတ်ချပေါက်စိန်နဲ့တော့မပေါက်ဘူး..စက်ဓါးနဲ့တစ်ဖြေး၂ ပါးပါးလှီးပစ်မယ်....း) စတာနော်ချိတ်ချိုးနဲ့အာဝါးးးးးး
ပျော်ရွှင်ပါစေကွာ...နော်

ZT said...

**တစ်ခါတစ်လေ ဘာကိုဘ၀င်မကျဖြစ်လို့ ဖြစ်နေမှန်း မသိတဲ့ စိတ်ကိုမုန်းတယ်။** ဖြစ်တတ်ပါတယ်။ အပျိုကြီးတွေမှာ အဖြစ်အများဆုံးပဲ။ ဟီးဟီး။