Friday, December 5, 2008

Exam is Finished!

Photobucket

စာမေးပွဲလည်း ပြီးသွားပါပြီး။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားခဲ့တာပါပဲ။ ဒါပေမယ့်လည်း မျှော်လင့်ချက်တော့ သိပ်မထားပါဘူး။ အောင်ရင်အောင် မအောင်ရင်ကျ ဒါဟာသင်္ခါရ ဆိုတဲ့သဘောတရားကို နှလုံးမူပြီး ဖြေနိုင်ခဲ့ပါတယ် (တရားနဲ့)။ ပထမ တစ်ဖြတ်တော့ ပြီးသွားပါပြီ။ ဒုတိယ စာမေးပွဲအနေနဲ့ ဂျွန်လမှာတစ်ခါ ထပ်ပြီး ဖြေရပါအုံးမယ်။ လက်ရှိဖြေထားတာတွေ အောင်ခဲ့ရင်တော့ HRM နဲ့ International Business Case Study နှစ်ဘာသာပဲ ဖြေရတော့မှာပေါ့။ ကံမကောင်းရင်တော့ ဒီပြင်ဘယ်နှစ်ဘာသာကို ထပ်ဖြေရမလဲ မသိဘူးရှင့်။ ကိုယ့် Result ကိုတော့ကိုယ် ကြိုသိနေသလိုပဲ။ ခုကတည်းက စာမေးပွဲကြေးသွင်းဖို့ ဒေါ်လာတွေ ၀ယ်ထားရတော့မယ်။

တစ်ကယ်တော့ ကျွန်မ အလုပ်ကို ဦးစားပေးလွန်းတာပါ။ ခုတော့ သဘောပေါက်သွားပြီ။ ပြင်ဦးလွင်က ပြန်လာရင် ဆက်ဖြေရအုံးမယ့် နှစ်ဘာသာကို သေချာဖိလုပ်တော့မယ်။ မဟုတ်ရင် နီးမှကပ်လုပ်တာ တော်တော်ဆိုးတာပဲ။ ရင်တစ်လှပ်လှပ်ကလည်း ဖြစ်သေးတယ်။ စိုးရိမ်စိတ်တွေလည်း များရသေးတယ်။ မကောင်းဘူး လုံးဝ မကောင်းဘူး။ ငါရပါတယ်ဆိုပြီး ကိုယ့်ဟာကိုယ် အထင်ကြီးနေခဲ့မိတာလည်း ပါတာပေါ့လေ။ စာမေးပွဲဆိုတာလည်း နတ်တော့ကြီးသား။ မေးချင်တာတွေပဲ လျှောက်မေးတယ်။ ဒီတော့ ကျွန်မလည်း ဖြေချင်တာတွေကို လျှောက်ဖြေခဲ့တယ်.. အေးရော။



ပြောရအုံးမယ် စာကျက်ဖို့ ခွင့်စယူတဲ့ နိုဝင်ဘာ 26 ရက်နေ့ကတည်းက ပြတ်လိုက်တဲ့ မီး.. ခုထိကို ပုံမှန်မလာသေးဘူး။ တစ်ရက်ကိုမှ 3 နာရီလောက်တောင် ပြည့်အောင် မလာဘူးထင်တယ်။ လာတော့လည်း အိပ်တဲ့အချိန် ည 12 နာရီ 1 နာရီ။ ကျွန်မမှာလေ ဖယောင်းတိုင်လေးထွန်းပြီး စာကျက်ရတာပေါ့။ မီးနဲ့ ကျက်ချင်လို့ ဆိုပြီး မီးလာတတ်တဲ့ ညဘက် 1 နာရီ 2 နာရီလောက်ကို ထကျက်။ ကျွန်မ စထကျက်တဲ့နေ့ကျတော့ မီးက မလာပြန်။ နေ့ဘက်တွေ အသေလာလို့။ ဒီတော့လည်း ကဲ မီးရေ မင်းသဘောကွ ဆိုပြီး ဖယောင်းတိုင်ကို ပြန်အားကိုးရတယ်။ တစ်ကယ် စာမေးပွဲ တစ်တွင်းလုံး လျှပ်စစ်မီးနဲ့ စာကျက်ခဲ့ရတာ တော်တော်ရှားတယ်။ စိတ်နာတယ် ဟွန်း။ အမှတ်တရ အနေနဲ့ ရန်ကုန်မှာနေပြီး ဖယောင်းတိုင်မီးလေးနဲ့ စာကျက်ရတဲ့ အဖြစ်ကို မှတ်တမ်းတင်ထားလိုက်သေးတယ်။ ငယ်ငယ်တုန်းကတော့ နယ်မှာ ဖယောင်းတိုင်နဲ့ပဲ ကျက်ခဲ့တာပါပဲ။ ခုမှ ဘ၀င်မြင့်တာတော့ မဟုတ်ပါဘူး။ အမှတ်တရပါဆိုနော်..


Photobucket

4 comments:

Anonymous said...

မအောင်ရင် ကျ...ဆိုတာမဟုတ်ပါဘူး။ မကျပါဘူး။ ဒီနေရာက ဒီနေရာ အရင်းပါပဲ။

Anonymous said...

အစ်မရေ.. ပွဲမှာ ရှိနေမယ်လား.. အစ်မနဲ့ တွေ့ချင်လို့ပါ.. kool.arty [at] gmail [dot] com .. က ညီညီ့လိပ်စာပါအစ်မ.. ညီညီလည်း အဲဒိပွဲသွားရမှာမို့ပါ..

Anonymous said...

exam ကြောင့်ရင်တွေ ဖလမ်း ဖလမ်းကိုဖြစ်ရော :P

Anonymous said...

ညီမလေး နန်းညီရေ.. အမ Inforithm-Maze ပြခန်းမှာ ရှိမယ် ညီမလေး... မြေညီထပ်မှာ ယူထားပါတယ်ရှင်..