Friday, August 24, 2007

Wrinkles

လူတိုင်း လူတိုင်းဟာ အသက် 30 ကျော်လာတာနဲ့ မျက်နှာမှာ အရေးကြောင်းလေးတွေ စတင်ဖြစ်ပေါ်လာတတ် ကြပါတယ်။ ဒီလိုအရေးကြောင်းတွေဟာ ကျွန်မတို့ အသက်အရွယ် ကြီးရင့်လာပြီ အိုမင်းလာပြီဆိုတာကို သတိပေးနေသလိုပါပဲ။ ဒါပမယ့် တိုးတက်လာတဲ့ ခေတ်ကြီးနဲ့ ပြောင်းလဲလာတဲ့ ဖက်ရှင် အလှအပရေစီးကြောင်းကြောင့်၊ ဘယ်လောက်ပဲ အရေးကြောင်းတွေ ပေါ်လာ ပေါ်လာ ဇရာကို အန်တိုနိုင်ဖို့ အလှကုန်ပစ္စည်းတွေ ပေါ်ပေါက်လာကြပြန်ပါတယ်။ ဒီလို အရေးကြောင်းလေးတွေကို သဘာဝနည်းတွေနဲ့ ကာကွယ်နိုင်သလို၊ အဆင့်မြင့်နည်းပညာနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါးတွေ၊ အလှကုန်တွေလည်း ရှိနေပြန်ပါတယ်။ Cosmetic Brand တွေမှာ Wrinkle Decrease ဆိုတဲ့ နာမည်နဲ့ ကုန်ပစ္စည်းတွေကို တွေ့နိုင်ပါတယ်ရှင်။ ကျွန်မအခု ဖော်ပြပေးမှာကတော့ သဘာဝဆန်ဆန် ထိမ်းသိမ်းနည်းလေး နှစ်နည်းပဲ ဖြစ်ပါတယ်။ ငွေကုန်ကြေးကျ မများသလို နေ့တိုင်းလည်း လုပ်နိုင်တဲ့ အားလုံးအတွက် အဆင်ပြေစေမယ့် နည်းကောင်းလေးတစ်ခု ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်ရှင်။


Cucumber Wrinkle Cream

Ingredients:
• 1/2 cup of cucumber
• 1 egg white
• 2 tablespoons mayonnaise
• 1/2 cup of olive oil
Directions:
• ရေစင်စင်ဆေးထားတဲ့ သခွားသီးကို အနှစ်တွေကို ခြစ်ထုတ်ပါ။ အခွံခွာ စရာမလိုပါဘူး။ ပြီးတော့ ကြက်ဥအကာ၊ mayonnaise၊ olive oil အစရှိတာတွေနဲ့ရောမွှေပြီး မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လိမ်းပေးနိုင်ပါတယ်ရှင်။

Egg Whites for Wrinkles

မျက်နှာနဲ့ နဖူးပေါ်မှာ ကြက်ဥ အကာလိမ်းပေးခြင်း ဟာလည်း မျက်နှာပေါ်မှာ အရေးကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးရာ ရောက်ပါတယ်။ ကြက်ဥအကာတွေကို မျက်နှာပေါ် လိမ်းပြီး 5 မိနစ်လောက် ထားလိုက်ပါ။ အရေးကြောင်း ဖြစ်ပေါ်နေတဲ့ နေရာတွေကို များများလိမ်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ ပြီးတော့ ကြက်သီးနွေး အဆင့်ရှိတဲ့ ရေလေးနဲ့ ဆေးပြီး နောက်ဆုံးမှာ ရေအေးအေးလေးနဲ့ မျက်နှာ သစ်ပေးနိုင်ပါတယ်ရှင်။

ဒါတွေကတော့ တစ်ကယ့်ကို အင်မတန် အလွန်တရာ လွယ်တဲ့ နည်းလမ်းကောင်းလေးတွေပါ။ နေ့စဉ်လုပ်သွားနိုင်ရင်တော့ အရွယ်တင်လိုက်တာ ဆိုတဲ့စကားလေးက ကိုယ့်အတွက် ဖြစ်လာမှာပေါ့နော်။
လှနိုင်ကြပါစေရှင်။

No comments: