Friday, August 31, 2007

Introdution to TONI&GUY hair sprays!


မိန်းမတို့ဘုန်း ဆံထုံး ဆိုတဲ့ဆိုရိုးစကားလေးကို လူတိုင်းကြားဖူးကြပါလိမ့်မယ်။ မှန်ပါတယ် ကျွန်မတို့မိန်းမသားတွေဟာ ကိုယ့်ရဲ့ဆံကေသာကို အသက်တမျှတန်ဘိုးထား ထိမ်းသိမ်းတတ်ကြပါတယ်။ ဒီဘက်ခေတ်က မိန်းကလေးတွေကတော့ ဆံကေသာကို ပိုမိုထိမ်းသိမ်း တတ်လာရုံသာမက မိမိတို့နဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်အမျိုးမျိုးကိုလည်း ပြောင်းလဲလာတတ်ကြပါတယ်။ ဆံပင်တွေဖြောင့်လိုက်၊ ကောက်လိုက်၊ အရောင်တွေ ဆိုးလိုက်ကြနဲ့ ဆံပင်အတွက် မမောနိုင် မပန်းနိုင် အချိန်ပေးဆောင်ရွက် လာတတ်ကြတာ အားရစရာပါပဲရှင်။ ဒါပေမယ့် ဒါပေမယ်ပေါ့ရှင်.. ဒီလိုပြုပြင်ပြောင်းလဲ လာကြတော့လည်ူ သဘာဝရဲ့လက်ဆောင် လှပတဲ့ဆံနွယ်လေးတွေဟာ ကျွန်မတို့ အသုံးပြုတဲ့ ဆေးအမျိုးမျိုးကြောင့် အခန့်မသင့်ရင် side effect လေးရသွားနိုင်တဲ့ အခါလည်းရှိတတ်ကြပါတယ်။
ဒါပေမယ့် ခုချိန်မှာတော့ ပူစရာမလိုတော့ပါဘူး။ ကောက်တဲ့၊ ဖြောင့်တဲ့၊ ဆေးဆိုးတဲ့ ဆံပင်လေးတွေကို ပိုပိုလှအောင်၊ မပျက်စီးအောင် ထိမ်းသိမ်းကာကွယ်ပေးမယ့် Hair Care Brand အသစ်တစ်မျိုး ဈေးကွက်ကို ၀င်ရောက်လို့ လာချေပါပြီ။ လောကမှာ နံပါတ် (၁) hair product ရယ်လို့ နာမည်ကြော်ကြားတဲ့ TONI&GUY Hair Products လေးတွေပဲပေါ့ရှင်။ ဒီ Brand ထဲမှာ ဘယ်လိုမျိုး Products လေးတွေပါတယ်ဆိုတာ ကျွန်မတစ်ချက်လောက် မိတ်ဆက်ပေးချင်ပါတယ်။ ဆံပင်သားအမျိုးမျိုးအတွက် သင့်တော်ကောင်းမွန်တဲ့ Shampoos and Conditioners တွေ၊ မိမိတို့ရဲ့ Hair Styles တွေကို စိတ်ကြိုက်ဖန်တီးရယူနိုင်မယ့် Styling Products တွေ၊ မော်ဒယ်လေးတွေ Catwalk Fashion Hair Styles အမျိုးမျိုးကို ဖော်ဆောင်ပေးမယ့် hair sprays တွေ ပါဝင်ပါတယ်။ ခုလောလောဆယ်တော့ TONI&GUY ထဲက products လေးတစ်ချို့ရဲ့ အစွမ်းတွေကို ဖော်ပြပေးလိုက်မယ်နော်။



Firm-It Hair Glue
မိမိ၏ဆံပင်အား တိုတိုထောင်ထောင်၊ အကွေးအကောက်စသည်ဖြင့် လက်ရှိခေတ်စားနေသည့် ပုံစံများကို ဆံပင်တစ်ချောင်းချင်းစီအလိုက် မိမိစိတ်တိုင်းကျသည်အထိ လိုအပ်သလို အတိုင်းအဆမရှိ ပုံဖော်နိုင်သော ထူးခြားသည့် Styling Product ဖြစ်ပါသည်။





Fix-It Hair Spray
စေးကပ်မှုမရှိပဲ မိမိ၏ဆံပင်ပုံစံကို မပျက်အောင် ထိန်းထားပေးနိုင်သည်။






Iron-it Heat Defence Spray
ပရိုတိန်းပါဝင်ပြီး high-tech formula ဖြင့်ထုတ်လုပ်ထား သောကြောင့် ကောက်ခြင်း ဖြောင့်ခြင်းနှင့် တစ်ခြားအပူကြောင့်ဖြစ်သော ဆံပင် ပျက်စီးမှုကို အထိရောက်ဆုံး ကာကွယ်ပေး နိုင်ပါသည်။





Boost-it Mousse
ဆံပင်ကို သဘာဝအတိုင်းထူထဲနေစေရန် စွမ်းဆောင်မှုပေးပါသည်။ ဆံပင်သားအတွင်း သို့ဖျန်းပေးခြင်းဖြင့် မိမိဆံပင်ကို အုံထူနေသယောင် ဖန်တီးနိုင်ပါသည်။





Strawberry blond, Copper, Auburn and Brown hair များအတွက် ယခု Shampoo ကိုသုံးစွဲခြင်းဖြင့် အများနှင့်အတူသည့် အရောင်တောက်ပမှုနှင့် လှပမှုကိုပေးစွမ်းနိုင်ပါသည်






ရွှေရောင်ဆံပင်ဆိုးထားသူများအတွက် အရောင်ကြာရှည်ခံစေရန် စွမ်းဆောင်ပေးနိုင်ရုံသာမက အရောင်ကိုလည်း ပိုမိုတောက်ပလာစေပါသည်။ အနက်ရောင်ဆံပင်ပိုင်ရှင်များလည်း အသုံးပြုနိုင်ပါသည





Red brown and Burgundy hair များအတွက် ပိုမိုတောက်ပမှုနှင့် လှပမှုကို ပေးစွမ်းနိုင်ပါသည်။

No comments: