Friday, August 10, 2007

How To Get Gorgeous Skin

ကျွန်မတို့တွေ (အမျိုးသမီးတွေရော အမျိုးသားတွေေ၇ာ) အလှအပကြိုက်တတ်ကြမှာပေါ့။ မိန်းကလေးဆိုလည်း မိန်းကလေးအလျောက်၊ ယောင်္ကျားလေးဆိုလည်း ယောင်္ကျားလေး အလျောက်တော့ လှချင်တတ်ကြပါတယ်။ မလှချင်တဲ့သူဆိုတာကတော့ အာသဝေါကုန်ခမ်းတဲ့ ရဟန်းတာပဲဖြစ်ပါလိမ့်မယ်(ကျွန်မ ပဌ်ဆင့်မရိုက်တတ်ပါ)။ လူတစ်ယောက်ရဲ့ အလှအပကို အဓိကဆုံးဖြတ်ပေးနိုင်တာကတော့ သူရဲ့ skin complexion ပဲဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ လှချင်သူတွေဟာ skin ကောင်းအောင် လုပ်ဖို့နည်းလမ်းလေးတွေကို သိထားရင် မကောင်းပေဘူးလားရှင်။ အမျိုးသားတွေ အတွက်ရော အမျိုးသမီးတွေအတွက်ရော အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်မယ်နော်……..

၁။ မိပ်ကပ်တွေလိမ်းထားတဲ့ မျက်နှာနဲ့ဘယ်တော့မှ အိပ်ရာမ၀င်ပါနဲ့။ မိပ်ကပ်တွေက မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်ဆို့ပြီး ဆဲလ်အသစ်မွေးဖွားပေးဖို့ကို တားဆီးနေပါလိမ့်မယ်။ မျက်နှာကို တစ်နေ့နှစ်ကြိမ် အနည်းဆုံးသစ်ရပါမယ်။ မနက်အိပ်ရာထတစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးတစ်ချိန်ပေါ့။

၂။ မျက်နှာကို နေ့စဉ်ချေးချွတ်ပါ။ ညဘက်မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို ချေးချွတ်ပေးဖို့ သတိရပါ။ နုညံ့တဲ့ scrub တွေကိုပဲ အသုံးပြုပေးပါ။ scrub အဆင်သင့်မရှိရင်တော့ သိကြားတစ်ဇွန်းလောက်နဲ့ မျက်နှာကို ပွတ်ပေးရင်လည်း အဆင်ပြေပါတယ်တဲ့။ (ပြီးရင်တော့ ရေစင်အောင်ဆေးပေါ့ရှင်)

၃။ Facial Mask တွေကလည်းနေ့စဉ်သုံးသင့်တဲ့ အထဲမှာပါပါတယ်။ မရှိဘူးဆိုရင်တော့ ကိုယ်တိုင်လုပ်နိုင်ပါတယ်။ ငှက်ပျော်သီးကို ချေပြီး မျက်နှာမှာကပ်ထားနိုင်ငလို၊ ထောပတ်သီးကလည်း အဆင်ပြေစွာ လှပစေမှာပါ။ ဒိန်ချဉ်ကလည်း အသားအရေလှပဖို့အတွက် ဆေးကောင်းတစ်လက်ပဲပေါ့။

၎။ သန့်စင်တဲ့အဆင့်တွေပြီးရင်တော့ မျက်နှာကို moisturizer တစ်မျိုးမျိုးလိမ်းပေးရပါလိမ့်မယ်။ Day and Night အသုံးပြုပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ရှင်။ Moisturizer တွေထဲမှာလည်း alpha hydroxy acids, vitamin A or C ပါတဲ့အမျိုးအစားတွေကို အသုံးပြုပေးသင့်ပါတယ်။ လိမ်းတဲ့အခါမှာလည်း အရေပြားထဲ စိမ့်ဝင်အောင် သေချာလိမ်းပေးဖို့လိုအပ်ပါတယ်။

၅။ skin care products တွေကိုရွေးချယ်ဝယ်ယူတဲ့အခါမှာလည်း ဈေးမကြီးလွန်း မပေါလွန်းတဲ့၊ သင့်တော်တဲ့ဈေးနှုန်းရှိတဲ့ အမျိုးအစားတွေကို ရွေးချယ်အသုံးပြုပေးနိုင်ပါတယ်။ ပြီးတော့ သင့်အသားအရေနဲ့ သင့်တော်တဲ့ အမျိုးအစားကို မတွေ့မချင်းတော့ brand ပေါင်းစုံအောင် သုံးပေးဖို့လိုအပ်ပါလိမ့်မယ်။

၆။ မျက်နှာကိုကိုင်တွယ်ရာမှလည်း အရမ်းကြမ်းကြမ်းကြီး ပွတ်တာ၊ ဆွဲတာတွေ မလုပ်ပါနဲ့။ နုနုညံ့ညံ့လေး ကိုင်တွယ်သန့်စင်ပေးရပါမယ်။ ဒါမှသာ ပါးရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

၇။ နေရာင်ခြည်ထဲကို ထွက်တဲ့အခါမှာလည်း အကာအကွယ် တစ်ခုခုယူပြီးမှ ထွက်သင့်ပါတယ်။ SPF (Sun Protective Factor) တွေပါတဲ့ product တွေသေချာလိမ်းပြီးမှ ထွက်သင့်သလို၊ နေကာမျက်မှန်တပ်သွားတာတို့၊ ထီးဆောင်းသွားတာတို့လည်း ပြုလုပ်ပေးသင့်ပါတယ်။ နေရောင်ခြည်ထဲမှာပါတဲ့ UV Rays တွေက အသားအရေကို ပျက်စီးစေတတ်လို့ ပဲဖြစ်ပါတယ်။

၈။ လတ်ဆတ်တဲ့ အစားအစာတွေကို စားပြီး၊ ရေလည်းများများသောက်ပေးရမယ်ဆိုတာတော့ ခဏ ခဏပြောပြဖူးပါတယ်။ အခုလည်းထပ်ပြီးပြောပါရစေနော်။

၉။ ပြီးတော့ စိတ်ဖိစီးမှုမခံရအောင်နေပါဆိုတာလည်း ပြောပြခဲ့ဖူးတယ်ထင်ပါရဲ့ရှင်။ နေ့စဉ်ဘ၀ထဲမှာ ပျော်စရာ၇ှာပြီး သက်သက်သာသာဖြတ်သန်းပါ။ ရုပ်မြင်သံကြားကြည့်တာတို့၊ ရှော့ပင်ထွက်တာတို့၊ သူငယ်ချင်းတွေနဲ့ ပျော်ပါးတာတို့လုပ်သင့်ပါတယ်ရှင်။

ကျွန်မပြောတဲ့ အချက်ကလေးတွေကို စမ်းလုပ်ကြည့်မယ်ဆိုရင်တော့ ထူးခြားလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ သြော် ပြီးတော့ ၀ိပသနာရှုတဲ့အလုပ်ကလည်း ရုပ်ကိုကြည်လင်စေပြီး ကျန်းမာရေးကောင်းစေပါတယ်ရှင်။

No comments: