Friday, August 10, 2007

10 Tips for Radiant Skin

၁။ သင့်တော်ကောင်းမွန်သော အစားအစာကို စားပါ။ ကျွန်တို့နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေကြောင့် ကျွန်မတို့ရဲ့ အသားအရေကို အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အဆီများတဲ့ အစားအသောက်တွေ စားမယ်ဆိုရင် ကျွန်မတို့ရဲ့ အရေပြားဟာ အဆီတွေကြောင့် ဖုထွက်နေမှာပေါ့နော်။

၂။ နေ့စဉ် အိပ်ချိန် 7 နာရီမှ ၈ နာရီထိ ရှိနိုင်အောင်ကြိုးစား အိပ်ပါ။ အိပ်ရေးပျက်ခြင်းကြောင့် မျက်ကွင်းညိုခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်တော်သလို အနားယူအိပ်စက်ခြင်းကလည်း ကျန်းမာရေးအတွက် ဆေးကောင်းတစ်လက်ပဲ ဖြစ်ပါတယ်။

၃။ တစ်နေ့ကို ရေဖန်ခွက် 8 ခွက်အနည်းဆုံးသောက်ရပါမယ်။ ရေများများသောက်ခြင်းကြောင့် ကိုယ်ခန်ဒါထဲမှာ အညစ်အကြေးတွေလည်း သန့်စင်စေနိုင်ပြီး အစာစုပ်ယူမှုအားလည်း ကောင်းစေမှာ ဖြစ်ပါတယ်။



၎။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကြွက်သားများ သန်မာလာစေပြီး သွေးလှည့်ပတ်မှုအားလည်း ကောင်းလာစေပါလိမ့်မယ်။

၅။ လေကောင်း လေသန့်များများ ရှုပါ။

၆။ နေရောင်ခြည်မှ တိုက်ရိုက်ထိတွေ့ခြင်းကို ကာကွယ်ပါ။ နေရာင်ခြည်ထဲမှာပါတဲ့ UV Rays များက အသားအရေကို ပျက်စီးစေနိုင်ပါတယ်။

၇။ နေရာင်ခြည်ထဲသွားရင် အမြဲတမ်း နေကာမျက်မှန် တပ်သွားသင့်ပါတယ်။

၈။ စိတ်ဖိစီးမှု မခံရအောင် နေပါ။ စိတ်ကို relax လုပ်ပါ။

၉။ ခန်ဒါကိုယ်ရဲ့ အညစ်အကြေးတွေ.. ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့အတွက် တစ်ပတ်ကိုနှစ်ကြိမ်ခန့် ချေးချွတ်ပေးသင့်ပါတယ်။

၁၀။ Daily Skin Care ကိုလည်း သေချာဂရုစိုက်လုပ်ပေးသင့်ပါတယ်။

No comments: