Thursday, August 9, 2007

How to reduce the stress!



စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်သော နည်းလမ်းကောင်းများ

စိတ်ဖိစီးမှုတွေကို ခံစားလာရတဲ့ အချိန်မှာ လူတော်တော်များများဟာ ကိုယ်ပိုင်နည်းလမ်းလေးတွေ ကြားဖူးနားဝရှိတဲ့ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြတာ တွေ့ ရပါတယ် ခုပြောမှာက ကြားဖူးနားဝရှိတဲ့ နည်းလမ်းလေးတွေပေါ့နော် အကျိုးရှိမယ်ထင်ပါတယ်.. သိသလောက်လေး မျှဝေပေးတာပါရှင်..



၁။ ဖြစ်ပေါ်စေသောအကြောင်းရင်ကိုရှာပါ
စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသော အကြောင်းရင်နှင့် ဘာ့ကြောင့်ရရှိခံစားရသည်ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ ယင်းအချက်များကို သိရှိမှသာလျှင် ဖယ်ရှားနိုင်မည်ဖြစ်သည်။ စာဖြင့်ချရေးပါ မိတ်ဆွေသူငယ်ချင်းများနှင့်စကားပြောကြည့်ပါ တစ်ခါတစ်ရံ အားရပါးရ ရယ်မောခြင်းသည်လည်း စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်သော ထိရောက်သည့် နည်းလမ်းဖြစ်ပါသည်။

၂။အစာစားပါ
အစာမစားပဲနေခြင်းသည် ကောင်းသောအကျင့်မဟုတ်ပေ။ ဆေးလိပ်သောက်ခြင်းကတော့ မီးလောင်ရာ လေပင့်တောင်ဖြစ်စေနိုင်ပါသတဲ့ ကစီဓါတ်ပါဝင်သော အစားအစာများကို စားလိုက်ခြင်းသည် ခန္ဒာကိုယ်ထဲမှ အင်ဒိုဖင် ဓါတ်များကို များများထွက်စေပြီး နေသာထိုင်သာရှိစေပါသည်။ စိတ်ဖိစီးမှု ခံစားနေရစဉ်တွင် ခန္ဒာကိုယ်မှ ဗီတာမင်စီကို များများသုံးစွဲသဖြင့် ခုခံမှုစနစ်ကိုလည်းလျော့နည်းသွားစေတတ်ပါသည်။ ထိုအခါ အဖျားပါဝင်လာတတ်ပြီး ပိုမိုပင်ပန်းနွမ်းနယ်စေပါသည်။ ထို့ ကြောင့် ဗီတာမင်စီ နှင့် ဟင်းသီးဟင်းရွက်များများစားပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့နည်းစေပါသည်။

၃။ရေများများသောက်ပါ
ရေများများသောက်ခြင်းက အရေပြားကျန်းမာရေးကို ပိုကောင်းစေပါသည်။ ခန္ဒာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အပူရှိန်ကို ထိန်းညှိပေးပါသည်။ ထို့ ကြောင့်ရေက ခန္ဒညကိုယ်၏လည်ပတ်မှုကို အကောင်းဆုံးအနေအထားတွင် ချောမွေ့ ကောင်းမွန်စေပါသည်။

၎။လှုပ်လှုပ်ရှားရှားနေပါ
ကိုယ်ကာယ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းသည် စိတ်ဖိစီးမှုကို ပြေပျောက်စေရန်အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းအားဖြင့် သင့်အားနေထိုင်ကောင်းစေရုံသာမက အပြင်ရူပကာယအားကိုလည်း ကြည့်ကောင်းစေပါသည်။ အင်ဒိုဖင်ဓါတ်များ ပိုထွက်စေသဖြင့် သင့်အားပျော်ရွှင်စေမည်ဖြစ်ပါသည်။

၅။အိပ်စက်အနားယူပါ
အိပ်စက်ခြင်းက ကုန်ခမ်းသွားသောအားအင်များကို ပြန်လည်ပြည့်ဝစေပြီး နုပျိုလန်းဆန်းစေပါသည်။ အလုပ်ခွင်တွင်ပင်ပန်းမှုကြောင့် ခန္ဒာကိုယ်ပျက်ယွင်မှုများကို အိပ်စက်ခြင်းဖြင့် ပြန်လည်ပြုပြင်အစားထိုးနိုင် ပါသည်။ အိပ်ရေးမ၀လေ စိတ်ဖိစီးမှုကို မခံနိုင်လေဖြစ်ပါသည်။

၆။ရေချိုးပါ
ပင်ပန်းနွမ်းနယ်မှုကို ရေနွေးခပ်ကြာကြာလေးချိုးလိုက်ခြင်းဖြင့် သက်သာစေပါသည်။ အမွှေးအကြိုင်များဖြင့် အားရပါးရ ရေချိုးလိုက်ပါ။

၇။အနှိပ်အနယ်ခံပါ
အနှိပ်ခံခြင်းသည် တင်းနေသောကြွက်သားများအား ပြေလျော့စေပြီး နာကျင်မှုများကိုလည်း ပြေပျောက်ကာ ညင်သာစွာအိပ်ပျော်စေသော နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။

၈။ ရနံ့ ကောင်းကောင်းရှူပါ
ဦးနှောက်၏ တစ်စိတ်တစ်ဒေသမှာ ရနံ့ များအား အာရုံခံစားမှုနှင့် ဆက်စပ်နေသောကြာင့် သင်၏စိတ်အခြေအနေ ကောင်းမွန်စေဖို့  အရေကြီးလှပါသည်။ လာဗင်ဒါ၊ နှင်းဆီ၊ ချာမိုမိုင် စန္ဒကူး စသည့်ရနံ့ များကို ရှုရှိုက်ခြင်းသည် စိတ်ဖိစီးမှုကို လျော့နည်းသက်သာ စေပါသည်။ အိပ်သောအခါတွင်လည်း အိပ်ရာ ခေါင်းအုံး စသည်တို့ တွင် ပက်ဖြန်းထားနိုင်ပါသည်။

၉။ ကိုယ်ပိုင်အချိန်ယူပါ
တစ်ခါတစ်လေမှာ တစ်ယောက်တည်းငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး နေထိုင်ခြင်းသည် စိတ်ဖိစီးမှုကို လျော့နည်းစေပါသည်။ စာအုပ်တစ်အုပ်ကို ထိုင်ဖတ်ခြင်း ဘာသာရပ်အသစ် အဆန်းတစ်ခုကို လေ့လာခြင်းတို့ ကလည်း စိတ်ဖိစီးမှုကို ကုသနိုင်ပါသည်တဲ့

No comments: