Thursday, August 9, 2007

The Value Of Smile

ကျွန်မအရင်တစ်ခေါက်တုန်းက ပွေ့ဖက်ခြင်းနဲ့ ပတ်သက်တဲ့ ပိုစ့်လေးတင်ခဲ့ဖူးတာ မှတ်မိကြမှာပါ။ ကျွန်မတို့ လူမှုဆက်ဆံရေး နယ်ပယ်မှာ လူတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်ဖို့ဆိုတာ အလွန်အရေးကြီးတဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာ လူတိုင်းလည်း သိပြီးသား ဖြစ်မှာပါ။ ဒီတော့ လူတိုင်း လူတိုင်းနဲ့ ဆက်ဆံရေး အဆင်ပြေစေဖို့၊ လူတွေက ကိုယ့်ကိုချစ်ခင်လာစေဖို့အတွက် အသုံးဝင်တဲ့ ပိုစ့်လေးတစ်ခုကို ကျွန်မတင်ချင်ပါသေးတယ်။ ကျွန်မတို့ အားလုံး လူချစ်လူခင်များစေဖို့ ခပ်ပြုံးပြုံးလေးနေကြရင် မကောင်းဘူးလားရှင်။ ဒီတော့ အပြုံးရဲ့တန်ဘိုးကို ကျွန်မရေးသားချင်ပါတယ်.....


၁။ ပြုံးခြင်းသည် ဘာမှ မပင်ပန်းပါ။ အလွန်တာသွား၏

၂။ ပြုံးသောသူတွင် ဘာမှလျော့မသွားပဲ အပြုံးခံရသော သူတွင်အများကြီးရလိုက်သည်။

၃။ ပြုံးခြင်းသည် လျှပ်တစ်ပြက်ခန့်သာကြာသော်လည်း တစ်ခါတစ်ရံထိုအပြုံးကို တစ်သက်လုံးမမေ့နိုင်။

၎။ ပြုံးခြင်းနှင့်ကင်းပြီးနေနိုင်လောက်အောင် ချမ်းသာကြွယ်ဝသောသူမရှိပါ။ ထို့အတူ ပြုံးခြင်း၏အကျိုးကို မခံစားနိုင်လောက်အောင် ဆင်းရဲသူလည်း မရှိပေ။

၅။ ပြုံးခြင်းသည် အိမ်တွင်းတွင် ချမ်းသာသုခပေး၏။ အလုပ်ခွင်တွင် မျက်နှာပွင့်လန်း၏။ မိတ်ဆွေအချင်းချင်း အထိမ်းအမှတ်ဖြစ်သည်။

၆။ ပြုံးခြင်းသည် မောပန်းနေသူကို အမောပြေစေ၏။ စိတ်အားငယ်သူကို စိတ်အားထက်စေ၏။ ၀မ်းနည်းသူကို ၀မ်းသာစေ၏။ လူတို့၏ အတဒုက္ခများကို ကုသရန်အကောင်းဆုံးသော သဘာဝဓမ္မနည်းဖြစ်သည်။

၇။ သို့ရာတွင်ပြုံးခြင်းကို ၀ယ်လို့လည်းမရ၊ တောင်းလို့လည်းမရ၊ ချေးငှားလို့လည်းမရ၊ ခိုးလို့လည်း မရနိုင်ပေ ပေးသောသူကသဒ္ဓါကြည်ဖြူစွာ မပေးလျှင် ရသူမှာအကျိုးမထင်ပေ။

၈။ မပြုံးနိုင်လောက်အောင် ပင်ပန်းလျက်ရှိသူထက် ပြုံးခြင်းကို ပို၍အလိုရှိသောသူ မရှိပါ။

Source: မိတ္တဗလဋီကာ

No comments: