Monday, August 20, 2007

Humour

ကျွန်မ ဒီဟာသလေးကို ဖတ်ထားတာ တော်တော်လေးကို ကြာပါပြီ။ အွန်လိုင်းမှာ နာမည်ကြီးတဲ့ ဟာသတစ်ခုမို့ သူများတွေလည်း ဖတ်ဖူးကြမှာပါ။ မဖတ်ဖူးသေးတဲ့ သူတွေလည်း နည်းနည်းပါးပါးတော့ ရှိရင် ရှိမှာပေါ့လေ။ ဘာပဲ ဖြစ်ဖြစ်ပါ ဒီဟာသလေးက ဖတ်လိုက်တဲ့အချိန်တိုင်းမှာ မရိုးနိုင်တဲ့ ဟာသရသလေးကို ပေးစွမ်းနိုင်တာမို့ ဆားချက်စရာ တစ်ခုအနေနဲ့ တင်လိုက်ပါကြောင်းရှင်။

ချစ်သူ
ငါမင်းကိုချစ်တာ မာသာထရီဇာလို မာယာပလီပလာတွေမပါပါဘူး
မယုံရင် ကျန်ကျောင်းလို မှန်ပြောင်းသုံးပြီးကြည့်လိုက်စမ်းပါ (နှလုံးသားထဲကို)
မင်းကိုချစ်တဲ့သူတွေကြားထဲ ဂျူးလိယက်ဆီဇာလို အလုအယက်စီပါလို့မပြောပါနဲ့
ပါဒကြီးမှာမွေးလို့ မာနမကြီးတတ်လို့ပါ
တစ်ကယ်ဆို ငါဟာမင်းကို ဘင်လာဒင်လို ကြင်နာချင်သူရယ်ပါ
မင်းဘေးမှာအမြဲတမ်း ဒိုင်ယာနာလို ထိုင်ကာသာနေလိုက်ချင်ပါရဲ့
အဲဒီအခါကျရင် ဂျော့ဘွတ်(ရှ်)လို လောကွတ်လေးတော့လုပ်ပါ
အာရာဖတ်လို ဘာလာကတ်နေတာလဲလို့ အော်မထုတ်လိုက်ပါနဲ့ စိတ်ကြီးတဲ့နေရာမှာ ထိပ်သီးမို့ပါ
မဟုတ်ရင် ပေါင်ချိန်ကို ဗြောင်လိမ်တာထက် ဆိုးသွားလိမ့်မယ်
တစ်ကယ်တော့ငါဟာ အိုဝင်လိုအပျိုမြင်တိုင်း ငမ်းသူမဟုတ်ပါဘူး
မင်းကိုရမယ်ဆိုရင်လေ ကောလင်းပါဝဲလ်လို တောတွင်းတောင်ထဲမှာနေပြီး
ထယ်စောက်လို လယ်ပေါက်ကျွေးဆိုလဲ ကျွေးပါ့မယ်
မင်းအတွက် ပရာဒိုဝယ်မပေးနိုင်ပေမယ့် ဆရာခိုတော့ဝယ်လိမ်းပေးနိုင်ပါတယ်
ကွန်ဒိုမှာမထားနိုင်ပေမယ့် သွန်ဆိုသွန်ထားပါ့မယ် (ရေအိုး)
မင်းကသာ ဟွားဝူချွမ်းလို သွားယူစမ်းလို့ခိုင်းရင်လေ ကိုရွှေထူးလို မြေတွေတူးလို့နှုက်ရဲပါတယ် ( လိပ်ဥ)
အဲဒါတွေကို ဆန်ဖရန်စစ်စကိုလို အကြံအဖန်တွေပိုတယ် မထင်ပါနဲ့
လန်ဒန်လိုအမှန်အကန်ပဲဆိုတာ ယုံကြည်ပြီးနီကိုရဲလိုဒီလိုပဲဝေ့လည်ကြောင်ပတ်လုပ်မနေပါနဲ့တော့
ကိုယ့်အချစ်တွေကို ဘက်ခမ်းလို လက်ကမ်းပြီးကြိုပါတော့ကွယ်