Thursday, August 9, 2007

Aromatherapy

ရနံ့ကုထုံးကို ရေမွှေးတွေလိုပဲ အီဂျစ်လူမျိုးတွေကစခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက စတင်အသုံးပြုခဲ့ကြတာပါ။ ရှေးခေတ်ကလူသားတွေက မကျန်းမမာဖြစ်တဲ့အခါ ရနံ့မွှေးတဲ့ သစ်ပင်တွေ သစ်ဥ သစ်ဖုတွေနဲ့ ကုစားခဲ့ကြတာဖြစ်ပါတယ။် အခုချိန်မှာတော့ ဒီနည်းလမ်းကို ကျန်းမာရေးအတွက်သာမက အလောင်းတွေကို မပုပ်မသိုးအောင် စီရင်ရာမှာလည်း သုံးနေကြပါတယ်တဲ့။ တရုပ်တွေကလည်း ဒီနည်းလမ်းကို အီဂျစ်တွေနဲ့တစ်ချိန်တည်းမှာ အသုံးပြုနေခဲ့ကြပါတယ်။ တရုပ်တွေကလည်း သူတို့ တွေရဲ့ဘုရားကို ပူဇော်ဖို့ ရနံ့မွှေးတဲ့အပင်ငယ်လေးတွေကို စတင်အသုံးပြုခဲ့ကြတာ ဖြစ်ပြီး ရနံ့ကုထုံးဟာ တရုပ်တွေရဲ့ တစ်ခြားသောရှေးဟောင်းကုသနည်းဖြစ်တဲ့ နှိပ်နယ်ခြင်းနှင့် ဆက်စပ်နေပါတယ်တဲ့။ ဂရိတွေကလည်း အီဂျစ်တွေဆီက နည်းပညာယူပြီး နောက်ပိုင်းမှာ သူတို့ တွေရဲ့ကိုယ်ပိုင် ရှာဖွေတွေ့ ရှိမှုတွေပေါင်းစပ်ပြီး ရနံ့ကုထုံးကို စတင်ခဲ့ပါတယ။် သူတို့ တွေက ပန်းရနံ့ တစ်ချို့ ဟာ လှုံဆော်တတ်တဲ့ဂုဏ်သတ္တိမျိုးရှိတယ်ဆိုတာ တွေ့ ရှိခဲ့ပြီး သံလွင်ဆီဟာ အလှအပအတွက်ရော ဆေးပညာအတွက်ပါကောင်းတယ်ဆိုတာ တွေ့ရှိခဲ့ပါသတဲ့။

ရောမတွေကတော့ ဂရိတွေဆီကပညာရပြီး အမွှေးအကြိုင်တွေကို အညောင်းအညာပြေစေဖို့အတွက် ရေထဲထည့်ပြီးချိုးကြတာလည်း ပြုလုပ်ကြပါသေးတယ်။ အဲဒီရေမွှေးဆီတွေကို နှိပ်နယ်တဲ့နေရာမှာပါ အသုံးပြုခဲ့ကြပါတယ်။ ဒီလိုမွှေးရနံ့တွေကို သုံးစွဲမှုဟာ ရေမတွေက အိန္ဒိယတို့ အာရေဗျဒေသတို့နဲ့ ကုန်သွယ်မှုလမ်းကြောင်းဖွင့်လှစ် လိုက်တဲ့အချိန်မှာ ပိုပြီးတော့လူသိများလာခဲ့ပါတယ်။ ဒါပေမဲ့ရောမအင်ပါယာကြီးကျဆုံးသွားပြီး နောက်မှာတေ့ မွှေးရနံ့သုံးစွဲမှုဟာလည်း မှေးမှိန်သွားခဲ့ရပါသတဲ့။

ဒီနေ့ခေတ်ကို ရောက်လာတဲ့အခါမတော့ သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုချက်တွေအရ မွှေးရနံ့တွေကို စိတ်ပိုင်းဆိုင်ရာအတွက်သာမက ရုပ်ပိုင်းဆိုင်ရာ ချမ်းသာသုခအတွက်ပါကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ကြပါတယ်။

No comments: